
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အက်စတွန်ဗီလာနဲ့ပွဲမှာ ပင်နယ်တီလွှဲချော်ခဲ့တာနဲ့ပတ်သက်လို့ သူ ဘယ်လောက်အထိ ခံစားရသလဲဆိုတာကို မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အင်စတာဂရမ်ကနေ ရင်ဖွင့်ခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်းကနေ ပြောင်းလာပြီးကတည်းက ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပင်နယ်တီ ပင်တိုင်ကန်ခွင့်ရသူဖြစ်လာပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ် ပင်နယ်တီ ၂၆ ကြိမ်ကန်ခဲ့ရာမှာ ဗီလာနဲ့ပွဲအပါအဝင် လွှဲချော်ခဲ့တာ ၂ကြိမ်ပဲရှိပါသေးတယ်။
ပထမဆုံးအကြိမ် လွှဲချော်ခဲ့တာကတော့ မနှစ်က နယူးကာဆယ်နဲ့ပွဲမှာဖြစ်ပါတယ်။
ဗီလာနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ပင်နယ်တီကို သူ ကန်နေကျပုံစံအတိုင်း မကန်ဘဲ အားပါးတရ ကန်ခဲ့တာကြောင့် မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်က သူ့ အင်စတာာဂရမ်မှာ အခုလို ဖြေရှင်းထားပါတယ်။
“ပင်နယ်တီလွှဲချော်ခဲ့တာရယ်၊ အဲဒါကြောင့် ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ ရှုံးပွဲရယ်ကြောင့် ကျွန်တော့်လောက် ဒေါသထွက်၊ ခံစားရသူ မရှိလောက်ပါဘူး။
ကျွန်တော့်ဟာ ကိုယ့်တာဝန်ကိုယ်အမြဲတမ်း ကျေအောင်လုပ်ပါတယ်။
ဒီလိုဖိအားများတဲ့အခြေအနေမျိုးတွေကို ကျွန်တော် အမြဲ ရင်ဆိုင်ခဲ့တာပါ။
ဒီနေ့တော့ ကျွန်တော် ကျရှုံးသူဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ရှေ့ဆက်ပြီး ဒီလို တာဝန်ယူစိတ်၊ ဒီလို ရည်မှန်းချက်တွေနဲ့ပဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဦးမှာပါ။
ဝေဖန်မှုတွေ၊ သဘောထားကွဲလွဲတာတွေက ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။
ဒါတွေနဲ့အသားကျဖို့ ကျွန်တော် သင်ယူသွားရဦးမှာပါ။
ဝေဖန်မှုတွေဟာ ကျွန်တော့်ဘဝတိုးတက်ဖို့အတွက် မောင်းနှင်အားတစ်ခုလို အသုံးချသွားပါမယ်”လို့ အစချီပြီး ပရိသတ်နဲ့ကစားဖော်တွေအတွက် သူ အကောင်းဆုံး ပြန်လာမယ်လို့ ဘရူနိုဖာနန်ဒက်စ်က ရေးသားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ပင်နယ်တီလွှဲချော်ခဲ့တဲ့ ဘရူနိုဘက်ကနေ ကာကွယ်ပြောသွားပါတယ်။
“ဒါကဘောလုံးပွဲရဲ့သဘောသဘာဝတွေပါ။ ရက်သတ္တပတ်တိုင်းရဲ့နေ့ရက်စီတိုင်းမှာ အသင်းအတွက် သူ ပိုပိုပြီး ကြိုးစားသွားမှာပါ။
တစ်ခါတလေတော့ ကိုယ်လိုချင်သလို မဖြစ်ဘူးပေါ့။
ငရဲနဲ့ ကောင်းကင်ဘုံအကြားမှာ အများကြီးကွဲပြားပါတယ်”လို့ ဆိုးလ်ရှားက ပြောသွားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပင္နယ္တီလြဲေခ်ာ္ခဲ့လို႔ သူ ဘယ္ေလာက္အထိ ခံစားရသလဲကို ဘ႐ူႏို ရင္ဖြင့္
အက္စတြန္ဗီလာနဲ႔ပြဲမွာ ပင္နယ္တီလႊဲေခ်ာ္ခဲ့တာနဲ႔ပတ္သက္လို႔ သူ ဘယ္ေလာက္အထိ ခံစားရသလဲဆိုတာကို မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က အင္စတာဂရမ္ကေန ရင္ဖြင့္ခဲ့ပါတယ္။ စပို႔တင္းလစၥဘြန္းကေန ေျပာင္းလာၿပီးကတည္းက ဘ႐ူႏိုဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပင္နယ္တီ ပင္တိုင္ကန္ခြင့္ရသူျဖစ္လာပါတယ္။မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ ၿပိဳင္ပြဲအရပ္ရပ္ ပင္နယ္တီ ၂၆ ႀကိမ္ကန္ခဲ့ရာမွာ ဗီလာနဲ႔ပြဲအပါအဝင္ လႊဲေခ်ာ္ခဲ့တာ ၂ႀကိမ္ပဲရွိပါေသးတယ္။ ပထမဆုံးအႀကိမ္ လႊဲေခ်ာ္ခဲ့တာကေတာ့ မႏွစ္က နယူးကာဆယ္နဲ႔ပြဲမွာျဖစ္ပါတယ္။ ဗီလာနဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပင္နယ္တီကို သူ ကန္ေနက်ပုံစံအတိုင္း မကန္ဘဲ အားပါးတရ ကန္ခဲ့တာေၾကာင့္ ေမးခြန္းထုတ္စရာေတြျဖစ္လာပါတယ္။
ဒါနဲ႔ပတ္သက္ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္က သူ႔ အင္စတာာဂရမ္မွာ အခုလို ေျဖရွင္းထားပါတယ္။”ပင္နယ္တီလႊဲေခ်ာ္ခဲ့တာရယ္၊ အဲဒါေၾကာင့္ ျဖစ္ခဲ့တဲ့ ေနာက္ဆက္တြဲ ရႈံးပြဲရယ္ေၾကာင့္ ကြၽန္ေတာ့္ေလာက္ ေဒါသထြက္၊ ခံစားရသူ မရွိေလာက္ပါဘူး။ ကြၽန္ေတာ့္ဟာ ကိုယ့္တာဝန္ကိုယ္အၿမဲတမ္း ေက်ေအာင္လုပ္ပါတယ္။ ဒီလိုဖိအားမ်ားတဲ့အေျခအေနမ်ိဳးေတြကို ကြၽန္ေတာ္ အၿမဲ ရင္ဆိုင္ခဲ့တာပါ။ ဒီေန႔ေတာ့ ကြၽန္ေတာ္ က်ရႈံးသူျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ ေရွ႕ဆက္ၿပီး ဒီလို တာဝန္ယူစိတ္၊ ဒီလို ရည္မွန္းခ်က္ေတြနဲ႔ပဲ စိန္ေခၚမႈေတြကို ရင္ဆိုင္သြားဦးမွာပါ။ ေဝဖန္မႈေတြ၊ သေဘာထားကြဲလြဲတာေတြက ေဘာလုံးရဲ႕အစိတ္အပိုင္းတစ္ခုပါပဲ။ ဒါေတြနဲ႔အသားက်ဖို႔ ကြၽန္ေတာ္ သင္ယူသြားရဦးမွာပါ။ ေဝဖန္မႈေတြဟာ ကြၽန္ေတာ့္ဘဝတိုးတက္ဖို႔အတြက္ ေမာင္းႏွင္အားတစ္ခုလို အသုံးခ်သြားပါမယ္”လို႔ အစခ်ီၿပီး ပရိသတ္နဲ႔ကစားေဖာ္ေတြအတြက္ သူ အေကာင္းဆုံး ျပန္လာမယ္လို႔ ဘ႐ူႏိုဖာနန္ဒက္စ္က ေရးသားခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း ပင္နယ္တီလႊဲေခ်ာ္ခဲ့တဲ့ ဘ႐ူႏိုဘက္ကေန ကာကြယ္ေျပာသြားပါတယ္။ “ဒါကေဘာလုံးပြဲရဲ႕သေဘာသဘာဝေတြပါ။ ရက္သတၱပတ္တိုင္းရဲ႕ေန႔ရက္စီတိုင္းမွာ အသင္းအတြက္ သူ ပိုပိုၿပီး ႀကိဳးစားသြားမွာပါ။ တစ္ခါတေလေတာ့ ကိုယ္လိုခ်င္သလို မျဖစ္ဘူးေပါ့။ ငရဲနဲ႔ ေကာင္းကင္ဘုံအၾကားမွာ အမ်ားႀကီးကြဲျပားပါတယ္”လို႔ ဆိုးလ္ရွားက ေျပာသြားပါတယ္။