
photo-daily mail
photo-gettyimages
မနေ့ည ပီအက်စ်ဂျီရဲ့ဂိုးပြတ်နိုင်ပွဲမှာ ပင်နယ်တီရတော့ နေမာဟာ ကာဗာနီထံဘောလုံးပေးလိုက်ခြင်းအားဖြင့် သူနဲ့အဲဒီဥရုဂွေးသားတိုက်စစ်မှုးတို့ကြားက မကျေလည်ခဲ့မှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ပြသလိုက်ပါတယ်။ ဂါလာတာစာရေးကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ ပီအက်စ်ဂျီဟာ နောက်ကျပင်နယ်တီရရှိခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ ဘယ်သူပင်နယ်တီကန်သင့်သလဲဆိုတာနဲ့ပတ်သက်လို့ ကွင်းထဲမှာ နှစ်ကြိမ်တိုင် စကားများခဲ့ဖူးကြပါတယ်။
photo-gettyimages
ပထမအကြိမ်ဖြစ်တဲ့ ၂၀၁၇ လိုင်ယွန်နဲ့ပွဲတုန်းက ကာဗာနီ လုကန်ခဲ့ပေမယ့် လွဲချော်ခဲ့ပြီး အဝတ်အစားလဲခန်းထဲမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြတဲ့အခြေအနေအထိ ရောက်သွားပါတယ်။ မနေ့ညကတော့ အဲဒီလိုအဖြစ်မျိုးထပ်မရှိတော့ပါဘူး။ ပွဲချိန် ၈၄ မိနစ်မှာ အမ်ဘက်ပီကြောင့်ရတဲ့ပင်နယ်တီကို နေမာက ဘောလုံးယူပြီး ကာဗာနီထံ ပေးခဲ့တာပါ။ ကာဗာနီကလည်း ပီအက်စ်ဂျီရဲ့ပွဲသိမ်းဂိုးကိုမသွင်းခင် နေမာရဲ့အပြုအမူကို အသိအမှတ်ပြုခဲ့ပါတယ်။
photo-gettyimages
ပွဲပြီးတော့ နေမာက”သူဟာ အရမ်းကောင်းတဲ့ပင်နယ်တီကန်သွင်းသူတစ်ယောက်ပါ။ အဲဒီပွဲမှာ ဂိုးသွင်းဖို့ သူတစ်ယောက်ပဲ ကျန်တော့တာပါ။ သူသွင်းနိုင်ခဲ့တော့ အားလုံးပျော်သွားကြပါတယ်”လို့ ကာဗာနီနဲ့ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။ ပီအက်စ်ဂျီနည်းပြတူချယ်ကလည်း ကာဗာနီကို ပင်နယ်တီပေးကန်ခဲ့တဲ့ နေမာရဲ့အပြုအမူနဲ့ပတ်သက်လို့ အသင်းလိုက်စိတ်ဓာတ်ရဲ့သင်္ကေတအဖြစ် ချီးကျူးခဲ့ပါတယ်။ အဲဒီပွဲမှာ နေမာနဲ့ ကျန်တိုက်စစ်ကစားဖော်ဖြစ်တဲ့အမ်ဘက်ပီတို့ အတွဲညီခဲ့ကြပြီး တစ်ယောက် ၁ ဂိုးစီသွင်းနိုင်ခဲ့ကြကာ ၂ ဂိုးစီလည်း ဖန်တီးပေးနိုင်ခဲ့ကြပါတယ်။
[Zawgyi]
ပင္နယ္တီျပသနာတက္ခဲ့ၿပီး ၂ ႏွစ္အၾကာမွာ ကာဗာနီကို ပင္နယ္တီေပးကန္ခဲ့တဲ့ ေနမာ
မေန႔ည ပီအက္စ္ဂ်ီရဲ႕ဂိုးျပတ္ႏိုင္ပြဲမွာ ပင္နယ္တီရေတာ့ ေနမာဟာ ကာဗာနီထံေဘာလုံးေပးလုိက္ျခင္းအားျဖင့္ သူနဲ႔အဲဒီဥရုေဂြးသားတုိက္စစ္မႈးတို႔ၾကားက မေက်လည္ခဲ့မႈကို အဆုံးသတ္လုိက္ၿပီျဖစ္ေၾကာင္း ျပသလုိက္ပါတယ္။ ဂါလာတာစာေရးကို ၅ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲမွာ ပီအက္စ္ဂ်ီဟာ ေနာက္က်ပင္နယ္တီရရွိခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ဟာ ဘယ္သူပင္နယ္တီကန္သင့္သလဲဆုိတာနဲ႔ပတ္သက္လုိ႔ ကြင္းထဲမွာ ႏွစ္ႀကိမ္တိုင္ စကားမ်ားခဲ့ဖူးၾကပါတယ္။
ပထမအႀကိမ္ျဖစ္တဲ့ ၂၀၁၇ လုိင္ယြန္နဲ႔ပြဲတုန္းက ကာဗာနီ လုကန္ခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့ၿပီး အ၀တ္အစားလဲခန္းထဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္ၾကတဲ့အေျခအေနအထိ ေရာက္သြားပါတယ္။ မေန႔ညကေတာ့ အဲဒီလိုအျဖစ္မ်ိဳးထပ္မရွိေတာ့ပါဘူး။ ပြဲခ်ိန္ ၈၄ မိနစ္မွာ အမ္ဘက္ပီေၾကာင့္ရတဲ့ပင္နယ္တီကို ေနမာက ေဘာလုံးယူၿပီး ကာဗာနီထံ ေပးခဲ့တာပါ။ ကာဗာနီကလည္း ပီအက္စ္ဂ်ီရဲ႕ပြဲသိမ္းဂိုးကိုမသြင္းခင္ ေနမာရဲ႕အျပဳအမူကို အသိအမွတ္ျပဳခဲ့ပါတယ္။
ပြဲၿပီးေတာ့ ေနမာက”သူဟာ အရမ္းေကာင္းတဲ့ပင္နယ္တီကန္သြငး္သူတစ္ေယာက္ပါ။ အဲဒီပြဲမွာ ဂိုးသြငး္ဖို႔ သူတစ္ေယာက္ပဲ က်န္ေတာ့တာပါ။ သူသြင္းႏိုင္ခဲ့ေတာ့ အားလုံးေပ်ာ္သြားၾကပါတယ္”လို႔ ကာဗာနီနဲ႔ပတ္သက္ၿပီး ေျပာၾကားသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီနည္းျပတူခ်ယ္ကလည္း ကာဗာနီကို ပင္နယ္တီေပးကန္ခ့ဲတဲ့ ေနမာရဲ႕အျပဳအမူနဲ႔ပတ္သက္လို႔ အသင္းလုိက္စိတ္ဓာတ္ရဲ႕သေကၤတအျဖစ္ ခ်ီးက်ဴးခဲ့ပါတယ္။ အဲဒီပြဲမွာ ေနမာနဲ႔ က်န္တုိက္စစ္ကစားေဖာ္ျဖစ္တဲ့အမ္ဘက္ပီတို႔ အတြဲညီခဲ့ၾကၿပီး တစ္ေယာက္ ၁ ဂိုးစီသြင္းႏိုင္ခဲ့ၾကကာ ၂ ဂိုးစီလည္း ဖန္တီးေပးႏိုင္ခဲ့ၾကပါတယ္။