ပင်နယ်တီနဲ့ ပတ်သက်တဲ့ ဖေန်မှုတွေကို ဖာနန်ဒက် ပြန်လည်ချေပ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက်ဟာ ပင်နယ်တီများစွာ ကန်သွင်းခွင့်ရနေတယ်ဆိုတဲ့ ယာဂန်ကလော့ရဲ့ စွပ်စွဲချက်ကို တုံ့ပြန်ပြောကြားလိုက်ပါတယ်။ ကလော့က သူ့ရဲ့ လီဗာပူးအသင်းဟာ ယူနိုက်တက်ထက် ပင်နယ်တီရရှိမှု ပိုနည်းနေတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့ အန်ဖီးလ်ကွင်းမှာ ကစားမယ့် ပွဲစဉ်မတိုင်မီ စပို့တင်းကနေ အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာပြီးနောက် ပင်နယ်တီကနေ ( ၁၅ ) ဂိုး သွင်းယူထားတဲ့ ဖာနန်ဒက်စ် က ကလော့ရဲ့ မှတ်ချက်ဟာ ဒိုင်လူကြီးတွေကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ နည်းစနစ်တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်က ” ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော် ဂရုမစိုက်ပါဘူး။ လူတွေ ဝေဖန်နေတာတွေကို ဂရုမစိုက်ပါဘူး။ သူ့တို့ပြောတာတွေကို အာရုံမထားပါဘူး။ ကျွန်တော် ပေါ်တူဂီမှာ စပို့တင်းအတွက် ကစားတုန်းက ဘင်ဖီကာ ၊ ပေါ်တိုအသင်းတွေဟာ ဒီလို အကြောင်းအရာတွေ အမြဲ ပြောဆိုနေကျပါ ။ တခါတလေ ဒိုင်လူကြီးတွေကို လွှမ်းမိုးဖို့ ကြိုးစားသလို တခါတလေ ကျတော့လည်း သတင်းစာရှင်းလင်းပွဲမှာ ဆူဆူညံညံ ဖြစ်စေဖို့ ရည်ရွယ်ပြီး ပြောဆိုနေကြတာတွေပါ။ ကျွန်တော့်အတွက် အရေးကြီးတာကတော့ ပင်နယ်တီရတဲ့အခါ ပင်နယ်တီကန်သွင်းပြီး ကိုယ့်အလုပ်ကိုယ် လုပ်ဖို့ပါပဲ ။ ” ဟု ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ( ၆ ) လုံး ရရှိထားပြီး လီဗာပူးထက် ( ၁ ) လုံးပိုများနေသလို ( ၁၀ ) လုံး ရရှိထားတဲ့ လက်စတာအောက် ( ၄ ) လုံး လျော့နည်းနေပါတယ်။ ဖာနန်ဒက်စ်က ယူနိုက်တက် ပင်နယ်တီ ရရှိမှုအခြေအနေအပေါ် ယခုလို သုံးသပ်သွားခဲ့ပါတယ်။ ” ကျွန်တော်တို့မှာ လျင်မြန်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ မာရှယ်က ဧရိယာထဲ တစ်ယောက်ချင်း ဖြတ်ကျော်တဲ့နေရာမှာ ကောင်းမွန်တဲ့သူပါ။

ရက်ဖို့ဒ်ကလည်း လျင်မြန်တဲ့ ကစားသမားဖြစ်ပြီး ခံစစ်ကစားသမားတွေဆီကနေ လွတ်အောင် ဘောလုံးသယ်ယူနိုင်တဲ့ လျင်မြန်တဲ့ ခြေထောက်တွေ ပိုင်ဆိုင်ထားပါတယ်။” ယူနိုက်တက်အနေနဲ့ ဘန်လေကို ( 1 – 0 ) အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးထက် ( ၃ ) မှတ်အသာနဲ့ အန်ဖီးလ်မှာ ကစားရဖို့ရှိနေပါတယ် Source : ESPN

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘ႐ူႏို ဖာနန္ဒက္စ္က ယူႏိုက္တက္ဟာ ပင္နယ္တီမ်ားစြာ ကန္သြင္းခြင့္ရေနတယ္ဆိုတဲ့ ယာဂန္ကေလာ့ရဲ႕ စြပ္စြဲခ်က္ကို တုံ႔ျပန္ေျပာၾကားလိုက္ပါတယ္။ ကေလာ့က သူ႔ရဲ႕ လီဗာပူးအသင္းဟာ ယူႏိုက္တက္ထက္ ပင္နယ္တီရရွိမႈ ပိုနည္းေနတယ္လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ တနဂၤေႏြေန႔ အန္ဖီးလ္ကြင္းမွာ ကစားမယ့္ ပြဲစဥ္မတိုင္မီ စပို႔တင္းကေန အိုးထရတ္ဖို႔ဒ္ကို ေရာက္ရွိလာၿပီးေနာက္ ပင္နယ္တီကေန ( ၁၅ ) ဂိုး သြင္းယူထားတဲ့ ဖာနန္ဒက္စ္ က ကေလာ့ရဲ႕ မွတ္ခ်က္ဟာ ဒိုင္လူႀကီးေတြကို လႊမ္းမိုးဖို႔ ႀကိဳးစားတဲ့ နည္းစနစ္တစ္ခုသာ ျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဖာနန္ဒက္စ္က ” ႐ိုး႐ိုးသားသား ဝန္ခံရရင္ ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ လူေတြ ေဝဖန္ေနတာေတြကို ဂ႐ုမစိုက္ပါဘူး။ သူ႔တို႔ေျပာတာေတြကို အာ႐ုံမထားပါဘူး။ ကြၽန္ေတာ္ ေပၚတူဂီမွာ စပို႔တင္းအတြက္ ကစားတုန္းက ဘင္ဖီကာ ၊ ေပၚတိုအသင္းေတြဟာ ဒီလို အေၾကာင္းအရာေတြ အၿမဲ ေျပာဆိုေနက်ပါ ။ တခါတေလ ဒိုင္လူႀကီးေတြကို လႊမ္းမိုးဖို႔ ႀကိဳးစားသလို တခါတေလ က်ေတာ့လည္း သတင္းစာရွင္းလင္းပြဲမွာ ဆူဆူညံညံ ျဖစ္ေစဖို႔ ရည္႐ြယ္ၿပီး ေျပာဆိုေနၾကတာေတြပါ။ ကြၽန္ေတာ့္အတြက္ အေရးႀကီးတာကေတာ့ ပင္နယ္တီရတဲ့အခါ ပင္နယ္တီကန္သြင္းၿပီး ကိုယ့္အလုပ္ကိုယ္ လုပ္ဖို႔ပါပဲ ။ ” ဟု ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္က ဒီရာသီ ပရီးမီးယားလိဂ္မွာ ပင္နယ္တီ ( ၆ ) လုံး ရရွိထားၿပီး လီဗာပူးထက္ ( ၁ ) လုံးပိုမ်ားေနသလို ( ၁၀ ) လုံး ရရွိထားတဲ့ လက္စတာေအာက္ ( ၄ ) လုံး ေလ်ာ့နည္းေနပါတယ္။ ဖာနန္ဒက္စ္က ယူႏိုက္တက္ ပင္နယ္တီ ရရွိမႈအေျခအေနအေပၚ ယခုလို သုံးသပ္သြားခဲ့ပါတယ္။ ” ကြၽန္ေတာ္တို႔မွာ လ်င္ျမန္တဲ့ ကစားသမားေတြ ရွိေနပါတယ္။ မာရွယ္က ဧရိယာထဲ တစ္ေယာက္ခ်င္း ျဖတ္ေက်ာ္တဲ့ေနရာမွာ ေကာင္းမြန္တဲ့သူပါ။ ရက္ဖို႔ဒ္ကလည္း လ်င္ျမန္တဲ့ ကစားသမားျဖစ္ၿပီး ခံစစ္ကစားသမားေတြဆီကေန လြတ္ေအာင္ ေဘာလုံးသယ္ယူႏိုင္တဲ့ လ်င္ျမန္တဲ့ ေျခေထာက္ေတြ ပိုင္ဆိုင္ထားပါတယ္။” ယူႏိုက္တက္အေနနဲ႔ ဘန္ေလကို ( 1 – 0 ) အႏိုင္ရရွိခဲ့ၿပီးေနာက္ လီဗာပူးထက္ ( ၃ ) မွတ္အသာနဲ႔ အန္ဖီးလ္မွာ ကစားရဖို႔ရွိေနပါတယ္ Source : ESPN