ပင်နယ်တီတွေသာမရဘူးဆိုရင် ယူနိုက်တက်ရဲ့အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ

Photo Credit

Photo Credit

ယူနိုက်တက်ဟာ လက်ရှိနည်းပြ ဆိုးလ်ရှား အမြဲတမ်းနည်းပြဖြစ်ခဲ့တဲ့ မတ်လနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပင်နယ်တီတွေသာ မရရှိခဲ့ဘူးဆိုရင် ၅ပွဲပဲအနိုင်ရရှိမှာဖြစ်ပါတယ်။

Photo Credit

ဆိုးလ်ရှားဟာ နောက်ပိုင်းမှာ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ဦးဆောင်နေပြီး အသင်းကလည်း ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားပါတယ်။ ဒီရာသီ ယူနိုက်တက်အသင်းရဲ့သွင်းဂိုးတွေမှာ အဓိကအချက်တစ်ချက်အနေနဲ့ ပါဝင်နေတာက ပင်နယ်တီသွင်းဂိုးတွေဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၁၀ကြိမ်အထိရရှိထားပါတယ်။

Photo Credit

ဒါပေမဲ့ ယူနိုက်တက်ဟာ ပင်နယ်တီရရှိမှုအပေါ် အားကိုးနေတယ်လု့ိ ပြိုင်ဘက်ပရိသတ်တွေရဲ့ ဝေဖန်ခြင်းခံနေရပြီး ပရီးမီးယားလိဂ်မှာ ပင်နယ်တီရရှိခဲ့တဲ့ပွဲတွေကို ထည့်မတွက်ရင် ကစားခဲ့ပြီးသမျှ ၃၆ပွဲအနက် ၅ပွဲပဲ အနိုင်ရရှိမှာဖြစ်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုရင်လည်း ၁၄%ပဲ ရှိပြီး ပင်နယ်တီမပါ အနိုင်ရတဲ့ ၅ပွဲကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit

ဝက်ဖို့ဒ် (၂-၁၊ ၃၀.၃.၂၀၁၉)
ဘရိုက်တန် (၃-၁၊ ၁၀.၁၁.၂၀၁၉)
နယူးကာဆယ် (၄-၁၊ ၂၆.၁၂.၂၀၁၉)
ဘန်လေ (ဝ-၂၊ ၂၈.၁၂.၂၀၁၉)
ချဲလ်ဆီး (ဝ-၂၊ ၁၇.၂.၂၀၂၀)

Photo Credit

ယူနိုက်တက်ဟာ အောက်တိုဘာလအတွင်း နောဝစ်ချ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီ ၂ကြိမ်ရရှိခဲ့ပေမယ့် နှစ်ကြိမ်စလုံးကို နောဝစ်ချ်ဂိုးသမား ခရူးလ် ကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit

ပင်နယ်တီဆိုတာက ပွဲတစ်ပွဲရဲ့အစိတ်အပိုင်းဖြစ်ပေမယ့် ပြိုင်ဘက်ပရိသတ်တချို့ကတော့ ယူနိုက်တက်ဟာ ပင်နယ်တီရရှိမှုအပေါ် လိုတာထက် ပိုမိုအားကိုးနေတယ်လို့ စွပ်စွဲနေပါတယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ သူတို့အသင်း ဘာကြောင့် ပင်နယ်တီအများအပြားရနေလဲဆိုတဲ့မေးခွန်းရဲ့အဖြေကို စက်တင်ဘာလအတွင်း ရှင်းပြခဲ့ဖူးပြီး တိုက်စစ်ကစားသမားတွေရဲ့လျင်မြန်တဲ့ကစားဟန်ကြောင့်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Photo Credit

Zawgyi

ပင္နယ္တီေတြသာမရဘူးဆုိရင္ ယူႏိုက္တက္ရဲ႕အေျခအေန ဘယ္လုိျဖစ္လာႏိုင္မလဲ

ယူႏုိက္တက္ဟာ လက္ရွိနည္းျပ ဆုိးလ္ရွား အၿမဲတမ္းနည္းျပျဖစ္ခဲ့တဲ့ မတ္လေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ပင္နယ္တီေတြသာ မရရွိခဲ့ဘူးဆုိရင္ ၅ပဲြပဲအႏိုင္ရရွိမွာျဖစ္ပါတယ္။
ဆိုးလ္ရွားဟာ ေနာက္ပိုင္းမွာ အသင္းကို လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေအာင္ ဦးေဆာင္ေနၿပီး အသင္းကလည္း ၿပိဳင္ပဲြစုံေနာက္ဆုံး ၈ပြဲဆက္ ႐ံႈးပြဲမရွိစံခ်ိန္တင္ထားပါတယ္။ ဒီရာသီ ယူႏုိက္တက္အသင္းရဲ႕သြင္းဂိုးေတြမွာ အဓိကအခ်က္တစ္ခ်က္အေနနဲ႔ ပါ၀င္ေနတာက ပင္နယ္တီသြင္းဂိုးေတြျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ပင္နယ္တီ ၁၀ႀကိမ္အထိရရွိထားပါတယ္။
ဒါေပမဲ့ ယူႏုိက္တက္ဟာ ပင္နယ္တီရရွိမႈအေပၚ အားကိုးေနတယ္လု႔ိ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ေ၀ဖန္ျခင္းခံေနရၿပီး ပရီးမီးယားလိဂ္မွာ ရရွိခဲ့တဲ့ပင္နယ္တီေတြကို ထည့္မတြက္ရင္ ကစားခဲ့ၿပီးသမွ် ၃၆ပြဲအနက္ ၅ပြဲပဲ အႏိုင္ရရွိမွာျဖစ္ပါတယ္။ ရာခုိင္ႏႈန္းအေနနဲ႔ဆုိရင္လည္း ၁၄%ပဲ ရွိၿပီး ပင္နယ္တီမပါ အႏိုင္ရတဲ့ ၅ပြဲကို ေဖာ္ျပေပးလုိက္ပါတယ္။
၀က္ဖုိ႔ဒ္ (၂-၁၊ ၃၀.၃.၂၀၁၉)
ဘ႐ိုက္တန္ (၃-၁၊ ၁၀.၁၁.၂၀၁၉)
နယူးကာဆယ္ (၄-၁၊ ၂၆.၁၂.၂၀၁၉)
ဘန္ေလ (၀-၂၊ ၂၈.၁၂.၂၀၁၉)
ခ်ဲလ္ဆီး (၀-၂၊ ၁၇.၂.၂၀၂၀)
ယူႏုိက္တက္ဟာ ေအာက္တုိဘာလအတြင္း ေနာ၀စ္ခ်္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပင္နယ္တီ ၂ႀကိမ္ရရွိခဲ့ေပမယ့္ ႏွစ္ႀကိမ္စလုံးကို ေနာ၀စ္ခ်္ဂိုးသမား ခ႐ူးလ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။
ပင္နယ္တီဆုိတာက ပဲြတစ္ပြဲရဲ႕အစိတ္အပိုင္းျဖစ္ေပမယ့္ ၿပိဳင္ဘက္ပရိသတ္တခ်ိဳ႕ကေတာ့ ယူႏုိက္တက္ဟာ ပင္နယ္တီရရွိမႈအေပၚ လိုတာထက္ ပိုမိုအားကိုးေနတယ္လုိ႔ စြပ္စဲြေနပါတယ္။ ယူႏုိက္တက္နည္းျပဆုိးလ္ရွားကေတာ့ သူတုိ႔အသင္း ဘာေၾကာင့္ ပင္နယ္တီအမ်ားအျပားရေနလဲဆုိတဲ့ေမးခြန္းရဲ႕အေျဖကို စက္တင္ဘာလအတြင္း ရွင္းျပခဲ့ဖူးၿပီး တုိက္စစ္ကစားသမားေတြရဲ႕လ်င္ျမန္တဲ့ကစားဟန္ေၾကာင့္ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။