ပင်တိုင်ဖရီးကစ်ကန်သွင်းသူအဖြစ် ဗန်ဒိုက်ကို လီဗာပူးပရိသတ်တွေ မြင်တွေ့လိုနေ

Photo Credit

လီဗာပူးပရိသတ်တွေဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ နောက်ခံလူ ဗန်ဒိုက်ရဲ့ ဖရီးကစ်စွမ်းရည်တွေကို မြင်တွေ့ခဲ့ရပြီးနောက် အသင်းရဲ့ဦးစားပေးပြစ်ဒဏ်ဘောကန်သွင်းသူအဖြစ် ဗန်ဒိုက်ကို မြင်တွေ့ချင်နေကြပါတယ်။

Video Credit

နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ ဆောင်းရာသီအားလပ်ရက်အဖြစ် အသင်းရဲ့လေ့ကျင့်ရေးကွင်း မဲလ်ဝုဒ်မှာ အသင်းဖော်တွေဖြစ်တဲ့ ကွင်းလယ်လူ ဟန်ဒါဆန်၊ ပုံမှန်ဖရီးကစ်ကန်သွင်းသူ အာနိုးလ်တို့နဲ့အတူ ပြစ်ဒဏ်ဘောကန်သွင်းတဲ့ လေ့ကျင့်ခန်း ဆင်းခဲ့တာဖြစ်ပါတယ်။

Video Credit

အဲဒီလိုလေ့ကျင့်ရာမှာ တံတိုင်းနဲ့ ဖမ်းမယ့်ဂိုးသမား မရှိပေမယ့် ကစားသမား ၃ဦးစလုံးက တကယ်ကန်နေသလို အားထည့်ပြီး ထောင့်ကျအောင် ကြိုးစားလေ့ကျင့်ခဲ့ကြပြီး ဘယ်နောက်ခံလူ ရောဘတ်ဆန်က ကြည့်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ဗန်ဒိုက်ရဲ့ကန်ချက်ကို ပရိသတ်တွေ ပိုမိုသတိထားမိသွားပြီး ဆဲလ်တစ်အသင်းမှာ ကစားခဲ့တုန်းက ပြင်းထန်အားပါတဲ့ကန်ချက်နဲ့ ဖရီးကစ်ကနေ ဂိုးတွေသွင်းယူနိုင်ခဲ့တာကိုလည်း ထောက်ပြခဲ့ကြပါတယ်။

https://twitter.com/VirgilvDijk/status/923901733591494658?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed&ref_url=https%3A%2F%2Fwww.sportbible.com%2Ffootball%2Fnews-liverpool-fans-want-virgil-van-dijk-to-take-free-kicks-20200211

Video Credit

”လီဗာပူးမှာ ဗန်ဒိုက် ဘာလို့ ဖရီးကစ်မကန်တာလဲဆိုတာ သိချင်လိုက်တာ။ ဆဲလ်တစ်မှာတောင် ဖရီးကစ်ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းခဲ့သေးတာပဲ”။ ”ဗန်ဒိုက်ဟာ အရင်တုန်းက ဖရီးကစ်ကနေ ဂိုးတွေသွင်းခဲ့ဖူးတယ်လေ။ ဒီတော့ လီဗာပူးမှာလည်း တစ်ခါလောက်တော့ စမ်းသင့်တယ်ထင်ပါတယ်”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။

Photo Credit

ဆောက်သမ်တန်နောက်ခံလူဟောင်း ဗန်ဒိုက်ဟာ ဆဲလ်တစ်အသင်းမှာ ကစားခဲ့စဉ်က ဖရီးကစ်ကနေ ၃ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီမှာ ၂ဂိုးက ကမ္ဘာ့အဆင့်မီ ဖရီးကစ်သွင်းဂိုးတွေဖြစ်ပါတယ်။

Photo Credit

Zawgyi

ပင္တိုင္ဖရီးကစ္ကန္သြင္းသူအျဖစ္ ဗန္ဒိုက္ကို လီဗာပူးပရိသတ္ေတြ ျမင္ေတြ႕လိုေန

လီဗာပူးပရိသတ္ေတြဟာ အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ေနာက္ခံလူ ဗန္ဒိုက္ရဲ႕ ဖရီးကစ္စြမ္းရည္ေတြကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အသင္းရဲ႕ဦးစားေပးျပစ္ဒဏ္ေဘာကန္သြင္းသူအျဖစ္ ဗန္ဒိုက္ကို ျမင္ေတြ႕ခ်င္ေနၾကပါတယ္။
နယ္သာလန္အသင္းေခါင္းေဆာင္ ဗန္ဒိုက္ဟာ ေဆာင္းရာသီအားလပ္ရက္အျဖစ္ အသင္းရဲ႕ေလ့က်င့္ေရးကြင္း မဲလ္ဝုဒ္မွာ အသင္းေဖာ္ေတြျဖစ္တဲ့ ကြင္းလယ္လူ ဟန္ဒါဆန္၊ ပုံမွန္ဖရီးကစ္ကန္သြင္းသူ အာႏိုးလ္တို႔နဲ႔အတူ ျပစ္ဒဏ္ေဘာကန္သြင္းတဲ့ ေလ့က်င့္ခန္း ဆင္းခဲ့တာျဖစ္ပါတယ္။
အဲဒီလိုေလ့က်င့္ရာမွာ တံတိုင္းနဲ႔ ဖမ္းမယ့္ဂိုးသမား မရွိေပမယ့္ ကစားသမား ၃ဦးစလုံးက တကယ္ကန္ေနသလို အားထည့္ၿပီး ေထာင့္က်ေအာင္ ႀကိဳးစားေလ့က်င့္ခဲ့ၾကၿပီး ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္က ၾကည့္ေနခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီမွာ ဗန္ဒိုက္ရဲ႕ကန္ခ်က္ကို ပရိသတ္ေတြ ပိုမိုသတိထားမိသြားၿပီး ဆဲလ္တစ္အသင္းမွာ ကစားခဲ့တုန္းက ျပင္းထန္အားပါတဲ့ကန္ခ်က္နဲ႔ ဖရီးကစ္ကေန ဂိုးေတြသြင္းယူႏိုင္ခဲ့တာကိုလည္း ေထာက္ျပခဲ့ၾကပါတယ္။
”လီဗာပူးမွာ ဗန္ဒိုက္ ဘာလို႔ ဖရီးကစ္မကန္တာလဲဆိုတာ သိခ်င္လိုက္တာ။ ဆဲလ္တစ္မွာေတာင္ ဖရီးကစ္ဂိုးေတြ တစ္ဒိုင္းဒိုင္းသြင္းခဲ့ေသးတာပဲ”။ ”ဗန္ဒိုက္ဟာ အရင္တုန္းက ဖရီးကစ္ကေန ဂိုးေတြသြင္းခဲ့ဖူးတယ္ေလ။ ဒီေတာ့ လီဗာပူးမွာလည္း တစ္ခါေလာက္ေတာ့ စမ္းသင့္တယ္ထင္ပါတယ္”လို႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။
ေဆာက္သမ္တန္ေနာက္ခံလူေဟာင္း ဗန္ဒိုက္ဟာ ဆဲလ္တစ္အသင္းမွာ ကစားခဲ့စဥ္က ဖရီးကစ္ကေန ၃ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဲဒီမွာ ၂ဂိုးက ကမာၻ႔အဆင့္မီ ဖရီးကစ္သြင္းဂိုးေတြျဖစ္ပါတယ္။