
Photo Credit
Photo Credit ; Getty Images
ယူႏိုက္တက္အသင္းဟာ စေနေန႔က လက္စတာကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တုိက္စစ္မွဴးရက္ရွ္ဖို႔ဒ္ရဲ႕တစ္လုံးတည္းေသာသြင္းဂိုးေၾကာင့္ အႏုိင္ရခဲ့တာျဖစ္ၿပီး ယခုရာသီ ၄ႀကိမ္ေျမာက္ရရွိတဲ့ပင္နယ္တီကေန အႏုိင္ဂုိးသြင္းယူခဲ့တာျဖစ္ပါတယ္။
Photo Credit
ယူႏုိက္တက္ဟာ ယခုရာသီပြဲစဥ္ ၅အၿပီးမွာ ပင္နယ္တီ ၄ႀကိမ္ရရိွထားၿပီး ခ်ဲလ္ဆီး၊ ၀ုဗ္၊ ေဆာက္သမ္တန္၊ လက္စတာတုိ႔နဲ႔ပြဲေတြမွာ ရရွိခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ရရွိလာတဲ့ပင္နယ္တီကို ရက္ရွ္ဖို႔ဒ္ကပဲ ကန္သြင္းယူႏုိင္ခဲ့ၿပီး လက္စတာနဲ႔ပြဲမွာ ဒဏ္ရာေၾကာင့္ ေပါ့ဂ္ဘာမပါ၀င္ႏုိင္လုိ႔ ရက္ရွ္ဖို႔ဒ္ကပဲ ဆက္လက္ကန္သြင္းခဲ့တာျဖစ္ပါတယ္။
Photo Credit
အဲဒီပဲြကို လာေရာက္ၾကည့္႐ႈခဲ့တဲ့ ေပါ့ဂ္ဘာလည္း ရက္ရွ္ဖို႔ဒ္ ပင္နယ္တီသြင္းယူၿပီးေနာက္ ေအာင္ပြဲခံသြားပါတယ္။ လက္စတာ၊ ခ်ဲလ္ဆီးတို႔နဲ႔ပြဲေတြမွာ ရက္ရွ္ဖို႔ဒ္ေၾကာင့္ ပင္နယ္တီရရွိခ့ဲတာျဖစ္ၿပီး ပဲေလ့စ္နဲ႔ပဲြမွာ မက္တိုမီေနး၊ ၀ုဗ္နဲ႔ပြဲမွာ ေပါ့ဂ္ဘာတုိ႔ ဥပေဒပကစားခံရလုိ႔ ပင္နယ္တီရခဲ့တာပါ။
Photo Credit
ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားက မိမိတုိ႔အသင္းအေနနဲ႔ ယခုထက္ေတာင္ ပင္နယ္တီပုိမုိရရွိသင့္ေၾကာင္း ဖြင့္ဟသြားၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ လူငယ္တုိက္စစ္မွဴး ဂရင္း၀ုဒ္ ဥပေဒပကစားခံခဲ့ရတာကို ရည္ညြန္းသြားပါတယ္။ ”အခုလိုကၽြန္ေတာ္တုိ႔အသင္း ပင္နယ္တီေတြရရွိေနတဲ့အေၾကာင္းရင္းက ကစားသမားေတြရဲ႕ကစားဟန္ေၾကာင့္လုိ႔ ထင္ပါတယ္”
Photo Credit
”ကၽြန္ေတာ့္အသင္းသားအမ်ားစုက ကစားတာျမန္ၿပီး စေကးလည္း ေကာင္းပါတယ္။ ၿပီးေတာ့ အမ်ားစုက အျငင္းပြားစရာမလုိတဲ့ကစားသမားေတြပါ။ ၿပီးေတာ့ မာရွယ္သာျပန္ကစားႏိုင္ရင္ ပင္နယ္တီနဲ႔ပတ္သက္တဲ့အသံေတြ ပိုၾကားရဦးမွာေသခ်ာပါတယ္။ VAR လည္းရွိေနေတာ့ ပင္နယ္တီေတြပိုရႏိုင္ပါတယ္”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။
Photo Credit
ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ့ရာသီက ၁၆ ဂိုးသြင္းယူႏုိင္ခဲ့တဲ့အနက္ ၈ဂိုးက ပင္နယ္တီသြင္းဂိုးေတြျဖစ္ၿပီး ဘန္ေလ၊ အဲဗာတန္၊ ေဆာက္သမ္တန္တုိ႔နဲ႔ပြဲေတြမွာ ပင္နယ္တီလဲြေခ်ာ္ခဲ့ရသလို ၿပီးခဲ့တဲ့လကလည္း ၀ုဗ္နဲ႔ပြဲမွာ သူ႕ရဲ႕ပင္နယ္တီကန္သြင္းမႈကို ၿပိဳင္ဘက္ဂိုးသမား ပက္ထရစ္စီယို ကာကြယ္ႏိုင္ခဲ့ပါတယ္။
Photo Credit
ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက ပင္နယ္တီကန္သြင္းမႈ ၁၂ႀကိမ္အထိရရွိခဲ့ၿပီး ဒီရာသီမွာလည္း ရာသီအစ ၅ပြဲကစားၿပီးခ်ိန္မွာပဲ မႏွစ္ကရရွိခဲ့တဲ့ ပင္နယ္တီအေရအတြက္ထက္ ၃ပုံ၊ ၁ပုံရရွိထားၿပီးျဖစ္ပါတယ္။ သူတုိ႔ဟာ ၂၀၁၇-၁၈ ရာသီမွာေတာ့ ပင္နယ္တီ ၃ႀကိမ္ပဲရရွိခဲ့ပါတယ္။
Photo Credit
Unicode
ပင်နယ်တီအများအပြားရရှိနေတဲ့အကြောင်းရင်းကို ဖွင့်ဟလာတဲ့ ဆိုးလ်ရှား
ယူနိုက်တက်အသင်းဟာ စနေနေ့က လက်စတာကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးကြောင့် အနိုင်ရခဲ့တာဖြစ်ပြီး ယခုရာသီ ၄ကြိမ်မြောက်ရရှိတဲ့ပင်နယ်တီကနေ အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီပွဲစဉ် ၅အပြီးမှာ ပင်နယ်တီ ၄ကြိမ်ရရှိထားပြီး ချဲလ်ဆီး၊ ဝုဗ်၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ပွဲတွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ ရရှိလာတဲ့ပင်နယ်တီကို ရက်ရှ်ဖို့ဒ်ကပဲ ကန်သွင်းယူနိုင်ခဲ့ပြီး လက်စတာနဲ့ပွဲမှာ ဒဏ်ရာကြောင့် ပေါ့ဂ်ဘာမပါဝင်နိုင်လို့ ရက်ရှ်ဖို့ဒ်ကပဲ ဆက်လက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ ပေါ့ဂ်ဘာလည်း ရက်ရှ်ဖို့ဒ် ပင်နယ်တီသွင်းယူပြီးနောက် အောင်ပွဲခံသွားပါတယ်။ လက်စတာ၊ ချဲလ်ဆီးတို့နဲ့ပွဲတွေမှာ ရက်ရှ်ဖို့ဒ်ကြောင့် ပင်နယ်တီရရှိခဲ့တာဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲမှာ မက်တိုမီနေး၊ ဝုဗ်နဲ့ပွဲမှာ ပေါ့ဂ်ဘာတို့ ဥပဒေပကစားခံရလို့ ပင်နယ်တီရခဲ့တာပါ။
ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မိမိတို့အသင်းအနေနဲ့ ယခုထက်တောင် ပင်နယ်တီပိုမိုရရှိသင့်ကြောင်း ဖွင့်ဟသွားပြီး ဆောက်သမ်တန်နဲ့ပွဲမှာ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် ဥပဒေပကစားခံခဲ့ရတာကို ရည်ညွန်းသွားပါတယ်။ ”အခုလိုကျွန်တော်တို့အသင်း ပင်နယ်တီတွေရရှိနေတဲ့အကြောင်းရင်းက ကစားသမားတွေရဲ့ကစားဟန်ကြောင့်လို့ ထင်ပါတယ်”
”ကျွန်တော့်အသင်းသားအများစုက ကစားတာမြန်ပြီး စကေးလည်း ကောင်းပါတယ်။ ပြီးတော့ အများစုက အငြင်းပွားစရာမလိုတဲ့ကစားသမားတွေပါ။ ပြီးတော့ မာရှယ်သာပြန်ကစားနိုင်ရင် ပင်နယ်တီနဲ့ပတ်သက်တဲ့အသံတွေ ပိုကြားရဦးမှာသေချာပါတယ်။ VAR လည်းရှိနေတော့ ပင်နယ်တီတွေပိုရနိုင်ပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။
ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ရာသီက ၁၆ ဂိုးသွင်းယူနိုင်ခဲ့တဲ့အနက် ၈ဂိုးက ပင်နယ်တီသွင်းဂိုးတွေဖြစ်ပြီး ဘန်လေ၊ အဲဗာတန်၊ ဆောက်သမ်တန်တို့နဲ့ပွဲတွေမှာ ပင်နယ်တီလွဲချော်ခဲ့ရသလို ပြီးခဲ့တဲ့လကလည်း ဝုဗ်နဲ့ပွဲမှာ သူ့ရဲ့ပင်နယ်တီကန်သွင်းမှုကို ပြိုင်ဘက်ဂိုးသမား ပက်ထရစ်စီယို ကာကွယ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပင်နယ်တီကန်သွင်းမှု ၁၂ကြိမ်အထိရရှိခဲ့ပြီး ဒီရာသီမှာလည်း ရာသီအစ ၅ပွဲကစားပြီးချိန်မှာပဲ မနှစ်ကရရှိခဲ့တဲ့ ပင်နယ်တီအရေအတွက်ထက် ၃ပုံ၊ ၁ပုံရရှိထားပြီးဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၇-၁၈ ရာသီမှာတော့ ပင်နယ်တီ ၃ကြိမ်ပဲရရှိခဲ့ပါတယ်။