ပခုံးဒဏ်ရာခွဲစိတ်ကုသမယ့်အစီအစဉ်နဲ့ပတ်သက်လို့ ယူနိုက်တက်နဲ့ ဆွေးနွေးသွားမယ့်ရပ်ရှ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်း တောင်ပံတိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ ကာလရှည်ခံစားနေရတဲ့ပခုံးဒဏ်ရာခွဲစိတ်ကုသမယ့်အစီအစဉ်နဲ့ပတ်သက်ပြီးတော့ ဒီနေ့မှာ အသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းကရရှိခဲ့တဲ့ ဘယ်ဘက်ပခုံးကြွက်သားစုတ်ပြဲတဲ့ဒဏ်ရာကြောင့် ပုံမှန်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရပြီး ၂၀၂၀-၂၁ ရာသီကုန်ကတည်းက

ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပေမယ့် သူက အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲဆင်နွှဲလိုတာကြောင့် ခွဲစိတ်ကုသမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်အနေနဲ့ ခွဲစိတ်ကုသမှုခံယူဖြစ်ခဲ့ရင် အောက်တိုဘာလမတိုင်ခင်အထိ ကာလရှည်အနားယူရဖို့ရှိနေတဲ့အတွက် ယူနိုက်တက်အသင်းက သူတို့ရဲ့အဓိက,ကစားသမားတစ်ဦးကို အဲဒီလောက်အထိ အချိန်ကြာလက်လွတ်မခံလိုတာကြောင့် ယူရိုပြိုင်ပွဲအပြီး

အားလပ်ရက်(၃)ပတ်အတွင်း ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်လာပြီးတော့ ခွဲစိတ်မှုကို ရှောင်လွဲနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

အခုအချိန်မှာတော့ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းဆီပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး ရပ်ရှ်ဖို့ကတော့ သူ့ဒဏ်ရာခွဲစိတ်ကုသတာက အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ယုံကြည်နေပါတယ်။

ရပ်ရှ်ဖို့ဒ်အနေနဲ့ အခုကိစ္စနဲ့ပတ်သက်လို့ ဒီနေ့ ဗြိတိန်စံတော်ချိန်နေ့လည်ပိုင်းလောက်ကျရင် အသင်းရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ နည်းပြဆိုးလ်ရှားနဲ့တွေ့ဆုံပြီးရင်တော့ ဆုံးဖြတ်ချက်တစ်ခုခိုင်ခိုင်မာမာချမှတ်သွားဖို့ရှိနေပါပြီ။

မကြာသေးခင်က ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာကို Scan နဲ့စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့တော့ သူ့ပခုံးဒဏ်ရာက အခုထက်ပိုဆိုးလာမယ့်အနေအထားမရှိဘူးလို့ ဆေးစစ်ချက်ထွက်ခဲ့ပေမယ့် ရပ်ရှ်ဖို့ဒ်က ရာသီသစ်မှာကြံ့ခိုင်မှုအပြည့်နဲ့ကစားနိုင်အောင် တစ်ခါတည်းခွဲစိတ်လိုက်ချင်တာဖြစ်ပါတယ်။

တကယ်လို့ ရပ်ရှ်ဖို့ဒ်သာ ခွဲစိတ်ကုသမှုခံယူခဲ့ရင် (၃)လလောက်အထိအနားယူရမှာဖြစ်တာကြောင့် ယူနိုက်တက်အသင်းကစားမယ့် ပရီးမီးယားလိဂ်ရာသီအစပွဲတွေအပါအဝင် (၁၁)ပွဲအထိ လွဲချော်မှာဖြစ်သလို အင်္ဂလန်အသင်းကစားဖို့ရှိနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(၅)ပွဲစလုံးကိုလည်း လွဲချော်ဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပခုံးဒဏ္ရာခြဲစိတ္ကုသမယ့္အစီအစဥ္နဲ႔ပတ္သက္လို႔ ယူႏိုက္တက္နဲ႔ ေဆြးေႏြးသြားမယ့္ရပ္ရွ္ဖို႔ဒ္

မန္ခ်က္စတာယူႏိုက္တက္အသင္း ေတာင္ပံတိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ ကာလရွည္ခံစားေနရတဲ့ပခုံးဒဏ္ရာခြဲစိတ္ကုသမယ့္အစီအစဥ္နဲ႔ပတ္သက္ၿပီးေတာ့ ဒီေန႔မွာ အသင္းတာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံေဆြးေႏြးသြားမယ္လို႔ ၿဗိတိန္သတင္းစာ Daily Mail ကေဖာ္ျပခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလကတည္းကရရွိခဲ့တဲ့ ဘယ္ဘက္ပခုံးႂကြက္သားစုတ္ၿပဲတဲ့ဒဏ္ရာေၾကာင့္ ပုံမွန္ေျခစြမ္းျပႏိုင္ဖို႔႐ုန္းကန္ခဲ့ရၿပီး ၂၀၂၀-၂၁ ရာသီကုန္ကတည္းက ခြဲစိတ္ကုသမႈခံယူရမွာျဖစ္ေပမယ့္ သူက အဂၤလန္အသင္းနဲ႔အတူ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲဆင္ႏႊဲလိုတာေၾကာင့္ ခြဲစိတ္ကုသမယ့္ရက္ကို ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ခြဲစိတ္ကုသမႈခံယူျဖစ္ခဲ့ရင္ ေအာက္တိုဘာလမတိုင္ခင္အထိ ကာလရွည္အနားယူရဖို႔ရွိေနတဲ့အတြက္ ယူႏိုက္တက္အသင္းက သူတို႔ရဲ႕အဓိက,ကစားသမားတစ္ဦးကို အဲဒီေလာက္အထိ အခ်ိန္ၾကာလက္လြတ္မခံလိုတာေၾကာင့္ ယူ႐ိုၿပိဳင္ပြဲအၿပီး အားလပ္ရက္(၃)ပတ္အတြင္း ရပ္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာအေျခအေန တိုးတက္ေကာင္းမြန္လာၿပီးေတာ့ ခြဲစိတ္မႈကို ေရွာင္လြဲႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။

အခုအခ်ိန္မွာေတာ့ ရပ္ရွ္ဖို႔ဒ္ဟာ ယူႏိုက္တက္အသင္းဆီျပန္လည္ေရာက္ရွိလာၿပီျဖစ္ၿပီး ရပ္ရွ္ဖို႔ကေတာ့ သူ႔ဒဏ္ရာခြဲစိတ္ကုသတာက အေကာင္းဆုံးနည္းလမ္းျဖစ္မယ္လို႔ ယုံၾကည္ေနပါတယ္။ ရပ္ရွ္ဖို႔ဒ္အေနနဲ႔ အခုကိစၥနဲ႔ပတ္သက္လို႔ ဒီေန႔ ၿဗိတိန္စံေတာ္ခ်ိန္ေန႔လည္ပိုင္းေလာက္က်ရင္ အသင္းရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ နည္းျပဆိုးလ္ရွားနဲ႔ေတြ႕ဆုံၿပီးရင္ေတာ့ ဆုံးျဖတ္ခ်က္တစ္ခုခိုင္ခိုင္မာမာခ်မွတ္သြားဖို႔ရွိေနပါၿပီ။

မၾကာေသးခင္က ရပ္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာကို Scan နဲ႔စမ္းသပ္စစ္ေဆးမႈျပဳလုပ္ခဲ့ေတာ့ သူ႔ပခုံးဒဏ္ရာက အခုထက္ပိုဆိုးလာမယ့္အေနအထားမရွိဘူးလို႔ ေဆးစစ္ခ်က္ထြက္ခဲ့ေပမယ့္ ရပ္ရွ္ဖို႔ဒ္က ရာသီသစ္မွာႀကံ့ခိုင္မႈအျပည့္နဲ႔ကစားႏိုင္ေအာင္ တစ္ခါတည္းခြဲစိတ္လိုက္ခ်င္တာျဖစ္ပါတယ္။ တကယ္လို႔ ရပ္ရွ္ဖို႔ဒ္သာ ခြဲစိတ္ကုသမႈခံယူခဲ့ရင္ (၃)လေလာက္အထိအနားယူရမွာျဖစ္တာေၾကာင့္ ယူႏိုက္တက္အသင္းကစားမယ့္ ပရီးမီးယားလိဂ္ရာသီအစပြဲေတြအပါအဝင္ (၁၁)ပြဲအထိ လြဲေခ်ာ္မွာျဖစ္သလို အဂၤလန္အသင္းကစားဖို႔ရွိေနတဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ(၅)ပြဲစလုံးကိုလည္း လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။