အမေးဇင်းဂိုးနဲ့ ယူရိုပြိုင်ပွဲမှာ သမိုင်းရေးထိုးလိုက်တဲ့ ချက်တိုက်စစ်မှူး ပက်ထရစ် ရှက်ခ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတွေနဲ့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ စကော့တလန်အသင်းဟာ ယူရိုပြိုင်ပွဲကိုလည်း ၁၉၉၆ ပြိုင်ပွဲတုန်းက နောက်ဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ကခွင့်ရခဲ့တာပါ။

အခု ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ အုပ်စုအလိုက် အိမ်ရှင်နိုင်ငံတွေထဲမှာ စကော့တလန်လည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် အုပ်စုပွဲဦးထွက်မှာပဲ အိမ်ကွင်းမှာပဲ ချက်အသင်းကို ၂၈ိုးပြတ် ရှုံးနိမ့်သွားခဲ့ပြီး နောက်တဆင့်တက်ဖို့ မလွယ်တော့ပါဘူး။

စကော့တလန်အသင်းဟာ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ရော်ဘတ်ဆန် (လီဗာပူး) ဦးဆောင်လာခဲ့ပြီး တွန်မီနေးလ်၊ မက်ဂျင်း၊ အမ်းစရောင်း၊ ကူးပါး စတဲ့ ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့တာပါ။

ချက်အသင်းကတော့ 4-5-1 ကစားကွက်ကို အသုံးပြုခဲ့ပြီး ရှေ့တန်းမှာ အထောင်တိုက်စစ်မှုးအနေနဲ့ ရိုးမားတိုက်စစ်မှုးဟောင်း ပက်ထရစ်ရှက်ခ် ကို ထားပြီး ကစားခဲ့တာပါ။
ချက်အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို ပက်ထရစ်ရှက်ခ်ကပဲ ခြေစွမ်းပြ သွင်းယူပေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

ပက်ထရစ်ရှက်ခ်ဟာ အနိုင်ဂိုး၂ဂိုးကို ခေါင်းတိုက်တစ်ဂိုး၊ ဘယ်ခြေနဲ့ ကွင်းတဝက်ကနေ လှမ်းကန်တာ တစ်ဂိုး လှလှပပ သွင်းယူ ပေးသွားခဲ့တာပါ။

ကစားကွက် အနေအထားအရ စကော့တလန်ဟာ ချက်အသင်းကို မယှဉ်နိုင်ခဲ့သလို ပထမပိုင်းမှာကတည်းက ချက်အသင်းရဲ့ ထောင့်ကန်ဘောတွေကို မထိန်းနိုင်ခဲ့ပါဘူး။

ပေးလိုက်ရတဲ့ ပထမဂိုးကလည်း ပွဲချိန် ၄၂မိနစ်မှာ ထောင့်ကန်ဘောကနေ ပက်ထရစ်ရှက်ခ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၂မိနစ်မှာ ရသွားတဲ့ ဒုတိယဂိုးကတော့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းယူခဲ့တဲ့ အလှဆုံးဂိုးတွေထဲမှာ ပါဝင်သွားမှာဖြစ်ပြီး

ပက်ထရစ်ရှက်ခ်က ကွင်းလယ်စည်းကနေ ဘယ်ခြေနဲ့ ချိန်သားကိုက် အပြင်းကန်သွင်းလိုက်တဲ့ ဘောလုံးဟာ ရှေ့ထွက်နေပီး

နေရာယူထားတာ အဆင်သင့် မဖြစ်သေးတဲ့ စကော့တလန်ဂိုးသမား မာရှယ်ကို ကျော်ပြီး ဂိုးဘားအောက်ကနေ ကွက်တိ လှလှပပ ဝင်သွားခဲ့ပါတယ်။

ဒီဂိုးဟာ ယူရိုပြိုင်ပွဲ သမိုင်းမှာ အဝေးဆုံး အကွာအဝေးကနေ သွင်းယူနိုင်ခဲ့တဲ့ ဂိုးအဖြစ် စံချိန်မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

ပက်ထရစ်ရှက်ခ် ကန်သွင်းလိုက်တဲ့ အကွာအဝေးက စကော့တလန်ဂိုးပေါက်နဲ့ ၄၉.၇ ကိုက် (၁၄၉.၁ ပေ) ကွာဝေးပါတယ်။

ဒီပွဲအရှုံးကြောင့် စကော့တလန်အနေနဲ့ လက်ကျန် ၂ပွဲမှာ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ကို ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် နောက်တစ်ဆင့်တက်နိုင်ဖို့

မလွယ်တော့ဘဲ အနိုင်ရသွားတဲ့ ချက်အသင်းကတော့ ဂိုးကွာခြားချက်နဲ့ အင်္ဂလန်ရဲ့ အထက်မှာ အုပ်စုဗိုလ်နေရာ ယူထားပြီး အခြေအနေကောင်းနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အေမးဇင္းဂိုးနဲ႕ ယူရိုျပိဳင္ပြဲမွာ သမိုင္းေရးထိုးလိုက္တဲ့ ခ်က္တိုက္စစ္မႉး ပက္ထရစ္ ရွက္ခ္

၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္း ႏိုင္ငံတကာအဆင့္ ၿပိဳင္ပြဲႀကီးေတြနဲ႔ ေဝးကြာေနတာၾကာၿပီျဖစ္တဲ့ စေကာ့တလန္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲကိုလည္း ၁၉၉၆ ၿပိဳင္ပြဲတုန္းက ေနာက္ဆုံးအႀကိမ္ ပါဝင္ယွဥ္ၿပိဳင္ကခြင့္ရခဲ့တာပါ။ အခု ယူ႐ို ၂၀၂၀ၿပိဳင္ပြဲရဲ႕ အုပ္စုအလိုက္ အိမ္ရွင္ႏိုင္ငံေတြထဲမွာ စေကာ့တလန္လည္း ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ အုပ္စုပြဲဦးထြက္မွာပဲ အိမ္ကြင္းမွာပဲ ခ်က္အသင္းကို ၂၈ိုးျပတ္ ရႈံးနိမ့္သြားခဲ့ၿပီး ေနာက္တဆင့္တက္ဖို႔ မလြယ္ေတာ့ပါဘူး။

စေကာ့တလန္အသင္းဟာ နာမည္ႀကီးကစားသမားေတြျဖစ္တဲ့ အသင္းေခါင္းေဆာင္ ေရာ္ဘတ္ဆန္ (လီဗာပူး) ဦးေဆာင္လာခဲ့ၿပီး တြန္မီေနးလ္၊ မက္ဂ်င္း၊ အမ္းစေရာင္း၊ ကူးပါး စတဲ့ ကစားသမားအစုံအလင္နဲ႔ ပြဲထြက္ခဲ့တာပါ။ ခ်က္အသင္းကေတာ့ 4-5-1 ကစားကြက္ကို အသုံးျပဳခဲ့ၿပီး ေရွ႕တန္းမွာ အေထာင္တိုက္စစ္မႈးအေနနဲ႔ ႐ိုးမားတိုက္စစ္မႈးေဟာင္း ပက္ထရစ္ရွက္ခ္ ကို ထားၿပီး ကစားခဲ့တာပါ။

ခ်က္အသင္းအတြက္ အႏိုင္ဂိုး ၂ဂိုးစလုံးကို ပက္ထရစ္ရွက္ခ္ကပဲ ေျခစြမ္းျပ သြင္းယူေပးသြားခဲ့တာလည္း ျဖစ္ပါတယ္။ ပက္ထရစ္ရွက္ခ္ဟာ အႏိုင္ဂိုး၂ဂိုးကို ေခါင္းတိုက္တစ္ဂိုး၊ ဘယ္ေျခနဲ႔ ကြင္းတဝက္ကေန လွမ္းကန္တာ တစ္ဂိုး လွလွပပ သြင္းယူ ေပးသြားခဲ့တာပါ။ ကစားကြက္ အေနအထားအရ စေကာ့တလန္ဟာ ခ်က္အသင္းကို မယွဥ္ႏိုင္ခဲ့သလို ပထမပိုင္းမွာကတည္းက ခ်က္အသင္းရဲ႕ ေထာင့္ကန္ေဘာေတြကို မထိန္းႏိုင္ခဲ့ပါဘူး။

ေပးလိုက္ရတဲ့ ပထမဂိုးကလည္း ပြဲခ်ိန္ ၄၂မိနစ္မွာ ေထာင့္ကန္ေဘာကေန ပက္ထရစ္ရွက္ခ္က ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၅၂မိနစ္မွာ ရသြားတဲ့ ဒုတိယဂိုးကေတာ့ ယူ႐ိုၿပိဳင္ပြဲ သမိုင္းတစ္ေလွ်ာက္ သြင္းယူခဲ့တဲ့ အလွဆုံးဂိုးေတြထဲမွာ ပါဝင္သြားမွာျဖစ္ၿပီး ပက္ထရစ္ရွက္ခ္က ကြင္းလယ္စည္းကေန ဘယ္ေျခနဲ႔ ခ်ိန္သားကိုက္ အျပင္းကန္သြင္းလိုက္တဲ့ ေဘာလုံးဟာ ေရွ႕ထြက္ေနပီး ေနရာယူထားတာ အဆင္သင့္ မျဖစ္ေသးတဲ့ စေကာ့တလန္ဂိုးသမား မာရွယ္ကို ေက်ာ္ၿပီး ဂိုးဘားေအာက္ကေန ကြက္တိ လွလွပပ ဝင္သြားခဲ့ပါတယ္။

ဒီဂိုးဟာ ယူ႐ိုၿပိဳင္ပြဲ သမိုင္းမွာ အေဝးဆုံး အကြာအေဝးကေန သြင္းယူႏိုင္ခဲ့တဲ့ ဂုိးအျဖစ္ စံခ်ိန္မွတ္တမ္း ဝင္သြားခဲ့ပါတယ္။ ပက္ထရစ္ရွက္ခ္ ကန္သြင္းလိုက္တဲ့ အကြာအေဝးက စေကာ့တလန္ဂိုးေပါက္နဲ႔ ၄၉.၇ ကိုက္ (၁၄၉.၁ ေပ) ကြာေဝးပါတယ္။ ဒီပြဲအရႈံးေၾကာင့္ စေကာ့တလန္အေနနဲ႔ လက္က်န္ ၂ပြဲမွာ အဂၤလန္နဲ႔ ခ႐ိုေအးရွားတို႔ကို ရင္ဆိုင္ရမွာ ျဖစ္တဲ့အတြက္ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ မလြယ္ေတာ့ဘဲ အႏိုင္ရသြားတဲ့ ခ်က္အသင္းကေတာ့ ဂိုးကြာျခားခ်က္နဲ႔ အဂၤလန္ရဲ႕ အထက္မွာ အုပ္စုဗိုလ္ေနရာ ယူထားၿပီး အေျခအေနေကာင္းေနပါတယ္။