
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့တစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေမှာ မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒို အသင်းအတွက်ပွဲဦးထွက်မှာဂိုးသွင်းနိုင်ခဲ့လို့ ‘သတင်းလူသား’ဖြစ်ခဲ့ချိန်မှာ
ဝုလ်ဗ်အသင်းအတွက် ပွဲဦးထွက်မှာပဲဂိုးသွင်းနိုင်ခဲ့ပေမယ့် သိပ်ပြီးလူမသိလိုက်တဲ့ တောင်ကိုရီးယားသားတစ်ယောက်ရှိခဲ့ပါတယ်။
သူကတော့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလကမှ လိုက်ပ်ဇစ်အသင်းကနေ ဝုလ်ဗ်အသင်းဆီ တစ်ရာသီအငှားနဲ့ရောက်ရှိခဲ့တဲ့ တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်မှူးဟွန်ဟီချန်ပါပဲ။
ဒီရာသီပရီးမီးယားလိဂ်အစမှာ ဝုလ်ဗ်အသင်းဟာ တိုက်စစ်ပိုင်းအားနည်းချက်တွေကြောင့် (၃)ပွဲကစားပြီးချိန်မှာ တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘဲ အမှတ်ပေးဇယားအောက်နားမှာ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့တစ်ပတ်ကမှ ဝက်ဖို့ဒ်နဲ့ပွဲမှာ ဒီရာသီအတွက်ပထမဆုံးနိုင်ပွဲရခဲ့တာပါ။
အဲဒီနိုင်ပွဲအတွက် အဓိကကျေးဇူးတင်ရမှာ ဟွန်ဟီချန်ပဲဖြစ်ပြီး ဝုလ်ဗ်အသင်း (၃)မှတ်ရဖို့သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
ဟွမ်ဟီချန်ဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာ ပွဲပြီးဖို့နာရီဝက်လောက်အလိုမှ ကွင်းလယ်လူထရင်ကာအိုနေရာမှာ လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပေမယ့်
ကွင်းထဲရောက်လို့ မိနစ်(၂၀)အကြာမှာပဲ ဝုလ်ဗ်အသင်းကစားသမားဘဝ ပထမဆုံးဂိုးသွင်းယူခဲ့တာပါ။
ဝုလ်ဗ်အသင်းရခဲ့တဲ့ ပထမဂိုးက ဝက်ဖို့ဒ်ကစားသမားဆီရာရယ်လ်တာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာကနေ ရရှိခဲ့တာကြောင့်
ဟွမ်ဟီချန်ဟာ ဒီရာသီမှာ ဝုလ်ဗ်အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးပိုင်ရှင်လည်းဖြစ်လာခဲ့ပါတယ်။
အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဟွန်ဟီချန်ဟာ ပြိုင်ဘက်ခံစစ်ကို မကြောက်မရွံ့ နိုင်လိုစိတ်ပြင်းပြင်းနဲ့အတင်းတိုးဝှေ့ကစားတတ်တာကြောင့်
တောင်ကိုရီးယားပရိသတ်တွေက သူ့ကို ချစ်စနိုးနဲ့ Hwangso (နွားသိုး)ဆိုပြီးတော့ နာမည်ပြောင်ပေးထားပြီး
အရပ်အမြင့်က (၅)ပေ၊ (၁၀)လက်မသာရှိပေမယ့် ဟွန်ဟီချန်က တိုးအား၊ရုန်းအားကောင်းကောင်းနဲ့ ကစားနိုင်သူဖြစ်ပါတယ်။
ငယ်စဉ်ဘဝတုန်းက Pohang Jecheol အထက်တန်းကျောင်းလက်ရွေးစင်ဖြစ်ခဲ့ပြီး
၂၀၁၅ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက အရည်အသွေးမြင့်မထင်မရှားကစားသမားတွေကို ရှာဖွေပြီးတော့ အရောင်တင်ပေးလေ့ရှိတဲ့
သြစတြီးယားကလပ် ဆာလ်ဘာ့ဂ်အသင်းက အသင်းအတွက်ခေါ်ယူခဲ့ပါတယ်။
၂၀၁၉-၂၀ ရာသီတုန်းက ဟွန်ဟီချန်၊ ဟာလန်း၊ မီနာမီနိုတို့ရဲ့ Trio တိုက်စစ်အတွဲအဖက်က ချန်ပီယံလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သလို
ဟွန်ဟီချန်က (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့တဲ့အပြင် သူ့ကြောင့် ပယ်နယ်တီ(၂)ကြိမ်ရရှိခဲ့တဲ့အတွက်
ဟွန်ဟီချန်ပါဝင်ပတ်သက်ခဲ့တဲ့သွင်းဂိုးက (၈)ဂိုးအထိရှိခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ သူ့ခြေစွမ်းကို သဘောကျနေတဲ့ လိုက်ပ်ဇစ်အသင်းက (၅)နှစ်စာချုပ်နဲ့ခေါ်ယူခဲ့ပြီး ပထမဆုံးရာသီမှာ အသင်းအတွက် (၂၆)ပွဲကစား၊ (၃)ဂိုးသွင်းယူခဲ့ပေမယ့်
ဒီရာသီမှာတော့ ပွဲထွက်ခွင့်ပိုရအောင်လို့ ဝုလ်ဗ်အသင်းဆီ အငှားချခဲ့တာကြောင့် Pohang Jecheol အထက်တန်းကျောင်းကနေ ဘောလုံးသမားဘဝစတင်ခဲ့တဲ့ ဟွန်ဟီချန်ဟာ
နာမည်ကျော်ဘောလုံးသမားတွေကစားနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ခြေချခွင့်ရခဲ့တာပါ။
ဝက်ဖို့ဒ်နဲ့ပွဲမှာ ဂိုးသွင်းခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာဂိုးသွင်းခဲ့တဲ့ (၈)ယောက်မြောက်တောင်ကိုရီးယားကစားသမားအဖြစ် ဂုဏ်ယူစရာမှတ်တမ်းစာရင်းမှာ ပါဝင်နိုင်ခဲ့ပါပြီ။
အခုလောလောဆယ် စပါးအသင်းအတွက် တောင်ကိုရီးယားနာမည်ကျော်ကစားသမား ဆွန်ဟောင်မင်က ခြေစွမ်းပြနေသလို
တစ်ချိန်ကလည်း တောင်ကိုရီးယားဂန္ထဝင်ကစားသမား ပက်ဂျီဆန်ဟာလည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ
ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာကြောင့် ဟွန်ဟီချန်အနေနဲ့ ဆွန်ဟောင်မင်၊ ပက်ဂျီဆန်တို့လို ပရီးမီးယားလိဂ်သမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်အောင်ကြိုးစားရမှာပဲဖြစ်ပါတော့တယ် . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပက္ဂ်ီဆန္၊ ဆြန္ေဟာင္မင္တို႔လို ပရီးမီးယားလိဂ္မွာ မွတ္တိုင္တစ္ခုစိုက္ထူႏိုင္ဖို႔ႀကိဳးစားရမယ့္ ဟြန္ဟီခ်န္
ၿပီးခဲ့တဲ့တစ္ပတ္ ပရီးမီးယားလိဂ္ပြဲေတြမွာ မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒို အသင္းအတြက္ပြဲဦးထြက္မွာဂိုးသြင္းႏိုင္ခဲ့လို႔ ‘သတင္းလူသား’ျဖစ္ခဲ့ခ်ိန္မွာ ဝုလ္ဗ္အသင္းအတြက္ ပြဲဦးထြက္မွာပဲဂိုးသြင္းႏိုင္ခဲ့ေပမယ့္ သိပ္မၿပီးလူမသိလိုက္တဲ့ ေတာင္ကိုရီးယားသားတစ္ေယာက္ရွိခဲ့ပါတယ္။ သူကေတာ့ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလကမွ လိုက္ပ္ဇစ္အသင္းကေန ဝုလ္ဗ္အသင္းဆီ တစ္ရာသီအငွားနဲ႔ေရာက္ရွိခဲ့တဲ့ ေတာင္ကိုရီးယားလက္ေ႐ြးစင္တိုက္စစ္မႉးဟြန္ဟီခ်န္ပါပဲ။
ဒီရာသီပရီးမီးယားလိဂ္အစမွာ ဝုလ္ဗ္အသင္းဟာ တိုက္စစ္ပိုင္းအားနည္းခ်က္ေတြေၾကာင့္ (၃)ပြဲကစားၿပီးခ်ိန္မွာ တစ္ဂိုးမွမသြင္းႏိုင္ခဲ့ဘဲ အမွတ္ေပးဇယားေအာက္နားမွာ ႐ုန္းကန္ေနရၿပီး ၿပီးခဲ့တဲ့တစ္ပတ္ကမွ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ဒီရာသီအတြက္ပထမဆုံးႏိုင္ပြဲရခဲ့တာပါ။ အဲဒီႏိုင္ပြဲအတြက္ အဓိကေက်းဇူးတင္ရမွာ ဟြန္ဟီခ်န္ပဲျဖစ္ၿပီး ဝုလ္ဗ္အသင္း (၃)မွတ္ရဖို႔ေသခ်ာေစမယ့္ ဒုတိယဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။ ဟြမ္ဟီခ်န္ဟာ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ပြဲၿပီးဖို႔နာရီဝက္ေလာက္အလိုမွ ကြင္းလယ္လူထရင္ကာအိုေနရာမွာ လူစားဝင္ကစားခြင့္ရခဲ့တာျဖစ္ေပမယ့္ ကြင္းထဲေရာက္လို႔ မိနစ္(၂၀)အၾကာမွာပဲ ဝုလ္ဗ္အသင္းကစားသမားဘဝ ပထမဆုံးဂိုးသြင္းယူခဲ့တာပါ။
ဝုလ္ဗ္အသင္းရခဲ့တဲ့ ပထမဂိုးက ဝက္ဖို႔ဒ္ကစားသမားဆီရာရယ္လ္တာ ကိုယ့္ဂိုးကိုယ္သြင္းခဲ့တာကေန ရရွိခဲ့တာေၾကာင့္ ဟြမ္ဟီခ်န္ဟာ ဒီရာသီမွာ ဝုလ္ဗ္အသင္းအတြက္ ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုးပိုင္ရွင္လည္းျဖစ္လာခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဟြန္ဟီခ်န္ဟာ ၿပိဳင္ဘက္ခံစစ္ကို မေၾကာက္မ႐ြံ႕ ႏိုင္လိုစိတ္ျပင္းျပင္းနဲ႔အတင္းတိုးေဝွ႔ကစားတတ္တာေၾကာင့္ ေတာင္ကိုရီးယားပရိသတ္ေတြက သူ႔ကို ခ်စ္စႏိုးနဲ႔ Hwangso (ႏြားသိုး)ဆိုၿပီးေတာ့ နာမည္ေျပာင္ေပးထားၿပီး အရပ္အျမင့္က (၅)ေပ၊ (၁၀)လက္မသာရွိေပမယ့္ ဟြန္ဟီခ်န္က တိုးအား၊႐ုန္းအားေကာင္းေကာင္းနဲ႔ ကစားႏိုင္သူျဖစ္ပါတယ္။
ငယ္စဥ္ဘဝတုန္းက Pohang Jecheol အထက္တန္းေက်ာင္းလက္ေ႐ြးစင္ျဖစ္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ ကမာၻတစ္ဝန္းက အရည္အေသြးျမင့္မထင္မရွားကစားသမားေတြကို ရွာေဖြၿပီးေတာ့ အေရာင္တင္ေပးေလ့ရွိတဲ့ ၾသစႀတီးယားကလပ္ ဆာလ္ဘာ့ဂ္အသင္းက အသင္းအတြက္ေခၚယူခဲ့ပါတယ္။ ၂၀၁၉-၂၀ ရာသီတုန္းက ဟြန္ဟီခ်န္၊ ဟာလန္း၊ မီနာမီႏိုတို႔ရဲ႕ Trio တိုက္စစ္အတြဲအဖက္က ခ်န္ပီယံလိဂ္မွာ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့သလို ဟြန္ဟီခ်န္က (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ခဲ့တဲ့အျပင္ သူ႔ေၾကာင့္ ပယ္နယ္တီ(၂)ႀကိမ္ရရွိခဲ့တဲ့အတြက္ ဟြန္ဟီခ်န္ပါဝင္ပတ္သက္ခဲ့တဲ့သြင္းဂိုးက (၈)ဂိုးအထိရွိခဲ့ပါတယ္။
၂၀၂၀ ခုႏွစ္မွာေတာ့ သူ႔ေျခစြမ္းကို သေဘာက်ေနတဲ့ လိုက္ပ္ဇစ္အသင္းက (၅)ႏွစ္စာခ်ဳပ္နဲ႔ေခၚယူခဲ့ၿပီး ပထမဆုံးရာသီမွာ အသင္းအတြက္ (၂၆)ပြဲကစား၊ (၃)ဂိုးသြင္းယူခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ပြဲထြက္ခြင့္ပိုရေအာင္လို႔ ဝုလ္ဗ္အသင္းဆီ အငွားခ်ခဲ့တာေၾကာင့္ Pohang Jecheol အထက္တန္းေက်ာင္းကေန ေဘာလုံးသမားဘဝစတင္ခဲ့တဲ့ ဟြန္ဟီခ်န္ဟာ နာမည္ေက်ာ္ေဘာလုံးသမားေတြကစားေနတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ေျခခ်ခြင့္ရခဲ့တာပါ။ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ဂိုးသြင္းခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္မွာဂိုးသြင္းခဲ့တဲ့ (၈)ေယာက္ေျမာက္ေတာင္ကိုရီးယားကစားသမားအျဖစ္ ဂုဏ္ယူစရာမွတ္တမ္းစာရင္းမွာ ပါဝင္ႏိုင္ခဲ့ပါၿပီ။
အခုေလာေလာဆယ္ စပါးအသင္းအတြက္ ေတာင္ကိုရီးယားနာမည္ေက်ာ္ကစားသမား ဆြန္ေဟာင္မင္က ေျခစြမ္းျပေနသလို တစ္ခ်ိန္ကလည္း ေတာင္ကိုရီးယားဂႏၴဝင္ကစားသမား ပက္ဂ်ီဆန္ဟာလည္း မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့တာေၾကာင့္ ဟြန္ဟီခ်န္အေနနဲ႔ ဆြန္ေဟာင္မင္၊ ပက္ဂ်ီဆန္တို႔လို ပရီးမီးယားလိဂ္သမိုင္းမွာ မွတ္တိုင္တစ္ခု စိုက္ထူႏိုင္ေအာင္ႀကိဳးစားရမွာပဲျဖစ္ပါေတာ့တယ္ . . .