နှုတ်ဆက်လမ်းခွဲခြင်းမှာ မျက်ရည်စတွေ ကျခဲ့ရတဲ့ ဇာဗီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Al-Sadd အသင်းကို အကောင်းဆုံးတည်ဆောက်ပေးနေပေမယ့်ဇာဗီအတွက်တော့ ဘာစီလိုနာဆိုတာ သူ့ရဲ့အိမ်ပါ။

ဇာဗီက သူ့ရဲ့ Al-Sadd ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲသူတွေကို နှုတ်ဆက်စကားပြောရင်း စိတ်လှုပ်ရှားပြီး မျက်ရည်ကျခဲ့ပါတယ်။

ထွက်သွားရသူရော၊ ကျန်ခဲ့တဲ့သူတွေမှာပါ ခံစားချက်တွေ ပြည့်နေတယ်ဆိုတာ ဓါတ်ပုံတွေက သက်သေ ပြနေပါတယ်။

အသက် ၄၁နှစ် အရွယ် စပိန်ဂန္တဝင် ကွင်းလယ်လူ ဇာဗီဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် နည်းပြဘဝကို ကာတာကလပ် Al-Sadd အသင်းနဲ့အတူ စတင်ခဲ့တာ ဖြစ်ပြီး

Al-Sadd အသင်းကို ၂နှစ်ကြာ ကိုင်တွယ်ခဲ့ရာမှာ ဆုဖလားပေါင်း ၇လုံး အထိ ရယူနိုင်ခဲ့သူပါ။

ဘာစီလိုနာအသင်းဟာ ဇာဗီကို Al-Sadd အသင်း ကနေ ခေါ်ယူနိုင်ဖို့ အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၅သန်း ပေးချေခဲ့ရပြီး ဇာဗီကိုလည်း ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

ဇာဗီက “ ဒီတကြိမ်က နှုတ်ဆက်ရမယ့် အချိန် မဟုတ်တော့ပါဘူး။

ကျွန်တော်တို့ မကြာခင် ပြန်လည် ဆုံတွေ့ရတော့မှာပါ။

နူးကမ့်က အမြဲတမ်း ကျွန်တော့်ရဲ့အိမ်ပါပဲ။

ကျွန်တော့်ရဲ့ ပရိသတ်တွေ ၊ ရဲဘော်ရဲဘက်တွေ အတွက် ကျွန်တော် ပြန်လာခဲ့တာပါ။

ပြီးတော့ ဘာစီလိုနာအသင်းကလည်း ကျွန်တော် အချစ်ရဆုံး အသင်းပါ။

အခုတော့ ကျွန်တော် အိမ်ကို ပြန်လာပါပြီ။ မကြာခင် ပြန်တွေ့ကြတာပေါ့ဗျာ” လို့ ပြောဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏႈတ္ဆက္လမ္းခြဲျခင္းမွာ မ်က္ရည္စေတြ က်ခဲ့ရတဲ့ ဇာဗီ

Al-Sadd အသင္းကို အေကာင္းဆုံးတည္ေဆာက္ေပးေနေပမယ့္ဇာဗီအတြက္ေတာ့ ဘာစီလိုနာဆိုတာ သူ႔ရဲ႕အိမ္ပါ။ဇာဗီက သူ႔ရဲ႕ Al-Sadd ကစားသမားေတြ၊ ဝန္ထမ္းေတြနဲ႔ စီမံခန႔္ခြဲသူေတြကို ႏႈတ္ဆက္စကားေျပာရင္း စိတ္လႈပ္ရွားၿပီး မ်က္ရည္က်ခဲ့ပါတယ္။ ထြက္သြားရသူေရာ၊ က်န္ခဲ့တဲ့သူေတြမွာပါ ခံစားခ်က္ေတြ ျပည့္ေနတယ္ဆိုတာ ဓါတ္ပုံေတြက သက္ေသ ျပေနပါတယ္။

အသက္ ၄၁ႏွစ္ အ႐ြယ္ စပိန္ဂႏၲဝင္ ကြင္းလယ္လူ ဇာဗီဟာ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ နည္းျပဘဝကို ကာတာကလပ္ Al-Sadd အသင္းနဲ႔အတူ စတင္ခဲ့တာ ျဖစ္ၿပီး Al-Sadd အသင္းကို ၂ႏွစ္ၾကာ ကိုင္တြယ္ခဲ့ရာမွာ ဆုဖလားေပါင္း ၇လုံး အထိ ရယူႏိုင္ခဲ့သူပါ။

ဘာစီလိုနာအသင္းဟာ ဇာဗီကို Al-Sadd အသင္း ကေန ေခၚယူႏိုင္ဖို႔ အတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို ၅သန္း ေပးေခ်ခဲ့ရၿပီး ဇာဗီကိုလည္း ၃ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

ဇာဗီက “ ဒီတႀကိမ္က ႏႈတ္ဆက္ရမယ့္ အခ်ိန္ မဟုတ္ေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ မၾကာခင္ ျပန္လည္ ဆုံေတြ႕ရေတာ့မွာပါ။ ႏူးကမ့္က အၿမဲတမ္း ကြၽန္ေတာ့္ရဲ႕အိမ္ပါပဲ။ ကြၽန္ေတာ့္ရဲ႕ ပရိသတ္ေတြ ၊ ရဲေဘာ္ရဲဘက္ေတြ အတြက္ ကြၽန္ေတာ္ ျပန္လာခဲ့တာပါ။ ၿပီးေတာ့ ဘာစီလိုနာအသင္းကလည္း ကြၽန္ေတာ္ အခ်စ္ရဆုံး အသင္းပါ။ အခုေတာ့ ကြၽန္ေတာ္ အိမ္ကို ျပန္လာပါၿပီ။ မၾကာခင္ ျပန္ေတြ႕ၾကတာေပါ့ဗ်ာ” လို႔ ​ေျပာဆိုထားပါတယ္။