နှုတ်ဆက်ပွဲမှာ မျက်ရည်စတွေနဲ့ အလွမ်းစကားချန်ခဲ့သူ ရာမို့စ်

အသက် ၃၅နှစ် အရွယ် စပိန် ဝါရင့် ခံစစ်မှူး ဆာဂျီယို ရာမို့စ် ဟာ ၁၅နှစ်ကျော်ကြာ

ကစားပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်

အတွင်း မှာ တရားဝင် စွန့်ခွာခဲ့ပါပြီ။

ရာမိုစ့်ဟာ ရီးရဲလ်မက်ဒရစ်ကထွက် ခွာချိန်

ယခုညနေမှာတော့အားလုံးအတွက် နှုတ်ဆက်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နှုတ်ဆက်ပွဲတို့ရဲ့ထုံးစံအတိုင်း အလွမ်းရသတွေ ထုံမွှမ်းနေတဲ့ အခမ်းအနားဖြစ်တာကြောင့်

အသင်းဖော်တွေရော၊ ရာမိုစ့်ပါ မရွှင်လန်းတဲ့မျက်နှာတွေ ဖြစ်ကြရပါတယ်။

ရာမို့စ်ဟာ အမှတ်တရနှုတ်ဆက်စကားပြောချိန်မှာတော့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ။

ရာမို့စ်ပြောတဲ့အမှတ်တရစကားတွေထဲမှာ မှတ်မှတ်ရရကောက်နှုတ်ရမယ်ဆိုရင် သူပြန်လာအုံးပါမယ်တဲ့။

ဘယ်ပုံဘယ်နည်းနဲ့ အသင်းဆီပြန်ရောက်လာမှာပါလဲ။

“တစ်နေ့နေ့မှာတော့ ကျွန်တော်ပြန်လာခဲ့ပါ့မယ်။အဲဒါဟာ သေချာပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကိုအစစအရာရာအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

ရီးရဲလ်အသင်းကကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ “ဆိုပြီး အသင်းခေါင်းဆောင်ကြီးက ပြောပါတယ်။

မက်ဒရစ်ကို တကျော့ပြန် ရောက်ရှိလာခဲ့တဲ့ နည်းပြသစ် ကာလို အန်ဆယ်လော့တီ ဟာ

ရာမို့စ်ကို အသင်းမှာ ဆက်နေဖို့ ကြိုးစား စည်းရုံးခဲ့ပေမယ့် ရာမို့စ် ကိုယ်တိုင်က

နောက်ထပ် စွန့်စားမှု အသစ် ၊ အတွေ့အကြုံ အသစ်တွေကို ရှာဖွေလိုတဲ့ အတွက် မက်ဒရစ်မှာ

ဆက်မနေဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်မှာ ဆီဗီလာကနေ ရီးရဲလ်ကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

အသင်းအတွက် ပွဲပေါင်း ၆၇၀ ကျော်ကစားပေးခဲ့ပြီး ဥရောပ ချန်ပီယံလိဂ် – ၄ကြိမ် ၊

စပိန်လာလီဂါ – ၅ကြိမ်၊ စပိန်ဘုရင့်ဖလား – ၂ကြိမ်၊
စပိန်စူပါဖလား – ၄ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား – ၄ကြိမ်၊
ဥရောပစူပါဖလား – ၃ကြိမ် ကိုင်မြောက်နိုင်ခဲ့ပါတယ်။

Zawgyi Version

ႏွဳတ္ဆက္ပြဲမွာ မ်က္ရည္စေတြနဲ႔

အလြမ္းစကားခ်န္ခဲ့သူ ရာမို႔စ္

အသက္ ၃၅ႏွစ္ အရြယ္ စပိန္ ဝါရင့္ ခံစစ္မွူး ဆာဂ်ီယို ရာမို့စ္ ဟာ ၁၅ႏွစ္ေက်ာ္ၾကာ

ကစားေပးခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ အသင္းကို ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕

ေဈးကြက္ အတြင္း မွာ တရားဝင္ စြန္႔ခြာခဲ့ပါၿပီ။

ရာမိုစ့္ဟာ ရီးရဲလ္မက္ဒရစ္ကထြက္ ခြာခ်ိန္ ယခုညေနမွာေတာ့အားလုံးအတြက္ ႏွဳတ္ဆက္ပြဲျပဳလုပ္ခဲ့တာျ

ဖစ္ပါတယ္။ ႏွဳတ္ဆက္ပြဲတို႔ရဲ႕ထုံးစံအတိုင္း အလြမ္းရသေတြ ထုံမႊမ္းေနတဲ့

အခမ္းအနားျဖစ္တာေၾကာင့္ အသင္းေဖာ္ေတြေရာ၊ ရာမိုစ့္ပါ

မရႊင္လန္းတဲ့မ်က္ႏွာေတြ ျဖစ္ၾကရပါတယ္။

ရာမို႔စ္ဟာ အမွတ္တရႏွဳတ္ဆက္စကားေျပာခ်ိန္မွာေတာ့ မ်က္၀န္းမွာ မ်က္ရည္စေတြနဲ႔ပါ။

ရာမို႔စ္ေျပာတဲ့အမွတ္တရစကားေတြထဲမွာ မွတ္မွတ္ရရေကာက္ႏွဳတ္ရမယ္ဆိုရင္

သူျပန္လာအုံးပါမယ္တဲ့။ ဘယ္ပုံဘယ္နည္းနဲ႔ အသင္းဆီျပန္ေရာက္လာမွာပါလဲ။

“တစ္ေန႔ေန႔မွာေတာ့ ကၽြန္ေတာ္ျပန္လာခဲ့ပါ့မယ္။အဲဒါဟာ ေသခ်ာပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကိုအစစအရာရာအတြက္လည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ရီးရဲလ္အသင္းကကၽြန္ေတာ့္ရဲ့ ႏွလုံးသားထဲမွာ အျမဲရွိေနမွာပါ။ “ဆိုၿပီး

အသင္းေခါင္းေဆာင္ႀကီးက ေျပာပါတယ္။

မက္ဒရစ္ကို တေက်ာ့ျပန္ ေရာက္ရွိလာခဲ့တဲ့ နည္းျပသစ္ ကာလို အန္ဆယ္ေလာ့တီ

ဟာ ရာမို့စ္ကို အသင္းမွာ ဆက္ေနဖို့ ႀကိဳးစား စည္း႐ုံးခဲ့ေပမယ့္

ရာမို့စ္ ကိုယ္တိုင္က ေနာက္ထပ္ စြန႔္စားမွု အသစ္ ၊ အေတြ႕အၾကဳံ အသစ္ေတြကို ရွာေဖြလိုတဲ့

အတြက္ မက္ဒရစ္မွာ ဆက္မေနဖို့ ဆုံးျဖတ္ခဲ့တာလို့လည္း သိရပါတယ္။

ရာမို့စ္ဟာ ၂၀၀၅ ခုႏွစ္မွာ ဆီဗီလာကေန ရီးရဲလ္ကိုေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။

အသင္းအတြက္ ပြဲေပါင္း ၆၇၀ ေက်ာ္ကစားေပးခဲ့ၿပီး ဥေရာပ ခ်န္ပီယံလိဂ္ – ၄ႀကိမ္ ၊

စပိန္လာလီဂါ – ၅ႀကိမ္၊ စပိန္ဘုရင့္ဖလား – ၂ႀကိမ္၊

စပိန္စူပါဖလား – ၄ႀကိမ္၊ ကမၻာ့ကလပ္ဖလား – ၄ႀကိမ္၊
ဥေရာပစူပါဖလား – ၃ႀကိမ္ ကိုင္ေျမာက္ႏိုင္ခဲ့ပါတယ္။