နှာခေါင်းမရှိတော့တဲ့ ဆွီဒင်က အီဘရာဟီမိုဗစ်ရုပ်တု

photo-daily mail

photo-PA images

လက်သရမ်းဖျက်ဆီးသူတွေကြောင့် သူ့ဇာတိကလပ်မယ်လ်မိုရဲ့ကွင်းအပြင်ဘက်က အီဘရာဟီမိုဗစ်ရုပ်တုကတော့ နှာခေါင်းမရှိတော့ပါဘူး။ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၇ မှာ မယ်လ်မိုရဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ဟမ်မာဘီရဲ့အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း အဲဒီဆွီဒင်တိုက်စစ်မှုးက ကြေညာလိုက်ပြီးတဲ့နောက် ဒါနောက်ဆုံးဖျက်ဆီးခံရခြင်းလည်း ဖြစ်ပါတယ်။

photo-EPA

အဲဒီလိုပြိုင်ဘက်အသင်းမှာ ရင်းနှီးမြှပ်နံှမှုပြုလုပ်ခဲ့တဲ့အတွက် ဒေါသထွက်ခဲ့ကြတဲ့မယ်လ်မိုပရိသတ်တွေဟာ အရင်ကလည်း အဲဒီရုပ်တုကို ဆေးရောင်တွေခြယ်၊ မီးတင်ရှို့နဲ့ ရုပ်တုရဲ့လက်ပေါ်မှာ အိမ်သာခုံချိတ်ဆွဲတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ ၃.၅ မီတာမြင့်တဲ့အဲဒီကြေးရုပ်တုကို ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ကမကထပြု လုပ်ပေးခဲ့တာဖြစ်ပြီး ဒီနှစ် အောက်တိုဘာ ၉ ရက်နေ့ကမှ ဖွင့်လှစ်ခဲ့တာပါ။ ဒါပေမဲ့လည်း အငြင်းပွားဖွယ်ရင်းနှီးမြှပ်နှံမှုကြောင့် အခုတော့ မကြခဏဖျက်ဆီးခြင်းခံနေရပါတယ်။

photo-REX

ဒါ့အပြင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာရှိတဲ့ အီဘရာဟီမိုဗစ်ရဲ့နေအိမ်ဟာလည်း လက်သရမ်းခံနေရပြီး သူအိမ်ရှေ့တံခါးမှာ သစ္စာဖောက်လို့ ဂရာဖက်တီနဲ့ စာလာရေးသွားပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ မယ်လ်မိုမြို့မှာ မွေးဖွားခဲ့ပြီး သူ့ပရော်ဖက်ရှင်ကစားသမားဘဝကို အဲဒီမြို့ခံအသင်းနဲ့ပဲ ၁၉၉၉ ခုနှစ်မှာစတင်ခဲ့ကာ ၂၀၀၁ မှာ အေဂျက်ကိုပြောင်းသွားခဲ့တာပါ။ အဲဒီနောက် ဂျူဗင်တပ်၊အင်တာမီလန်၊ဘာစီလိုနာ၊အေစီမီလန်၊ပီအက်စ်ဂျီနဲ့မန်ယူတို့လို ဥရောပအသင်းကြီးတွေမှာ ကျင်လည်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂလက်ဆီနဲ့လမ်းခွဲပြီး စီးရီးအေကို ပြန်သွားဖို့ များနေပါတယ်။

[Zawgyi]

ႏွာေခါင္းမရွိေတာ့တဲ့ ဆီြဒင္က အီဘရာဟီမိုဗစ္ရုပ္တု

လက္သရမ္းဖ်က္ဆီးသူေတြေၾကာင့္ သူ႔ဇာတိကလပ္မယ္လ္မိုရဲ႕ကြင္းအျပင္ဘက္က အီဘရာဟီမိုဗစ္ရုပ္တုကေတာ့ ႏွာေခါင္းမရွိေတာ့ပါဘူး။ ၿပီးခဲ့တဲ့ႏို၀င္ဘာ ၂၇ မွာ မယ္လ္မိုရဲ႕ ၿပိဳင္ဘက္အသင္းျဖစ္တဲ့ဟမ္မာဘီရဲ႕အစုရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို ၀ယ္ယူလိုက္ၿပီျဖစ္ေၾကာင္း အဲဒီဆြီဒင္တိုက္စစ္မႈးက ေၾကညာလုိက္ၿပီးတဲ့ေနာက္ ဒါေနာက္ဆုံးဖ်က္ဆီးခံရျခင္းလည္း ျဖစ္ပါတယ္။

အဲဒီလိုၿပိဳင္ဘက္အသင္းမွာ ရင္းႏွီးျမွပ္ႏံွမႈျပဳလုပ္ခဲ့တဲ့အတြက္ ေဒါသထြက္ခဲ့ၾကတဲ့မယ္လ္မိုပရိသတ္ေတြဟာ အရင္ကလည္း အဲဒီရုပ္တုကို ေဆးေရာင္ေတြျခယ္၊ မီးတင္ရႈိ႕နဲ႔ ရုပ္တုရဲ႕လက္ေပၚမွာ အိမ္သာခုံခ်ိတ္ဆြဲေတြ ျပဳလုပ္ခဲ့ၾကပါေသးတယ္။ ၃.၅ မီတာျမင့္္တဲ့အဲဒီေၾကးရုပ္တုကုိ ဆီြဒင္ေဘာလုံးအဖြဲ႕ခ်ဳပ္က ကမကထျပဳ လုပ္ေပးခဲ့တာျဖစ္ၿပီး ဒီႏွစ္ ေအာက္တိုဘာ ၉ ရက္ေန႔ကမွ ဖြင့္လွစ္ခဲ့တာပါ။ ဒါေပမဲ့လည္း အျငင္းပြားဖြယ္ရင္းႏွီးျမွပ္ႏွံမႈေၾကာင့္ အခုေတာ့ မၾကခဏဖ်က္ဆီးျခင္းခံေနရပါတယ္။

ဒါ့အျပင္ ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕မွာရွိတဲ့ အီဘရာဟီမုိဗစ္ရဲ႕ေနအိမ္ဟာလည္း လက္သရမ္းခံေနရၿပီး သူအိမ္ေရွ႕တံခါးမွာ သစၥာေဖာက္လို႔ ဂရာဖက္တီနဲ႔ စာလာေရးသြားပါတယ္။ အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ့ မုိဗစ္ဟာ မယ္လ္မိုၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး သူ႔ပေရာ္ဖက္ရွင္ကစားသမားဘ၀ကို အဲဒီၿမိဳ႕ခံအသင္းနဲ႔ပဲ ၁၉၉၉ ခုႏွစ္မွာစတင္ခဲ့ကာ ၂၀၀၁ မွာ ေအဂ်က္ကိုေျပာင္းသြားခဲ့တာပါ။ အဲဒီေနာက္ ဂ်ဴဗင္တပ္၊အင္တာမီလန္၊ဘာစီလိုနာ၊ေအစီမီလန္၊ပီအက္စ္ဂ်ီနဲ႔မန္ယူတုိ႔လို ဥေရာပအသင္းႀကီးေတြမွာ က်င္လည္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဂလက္ဆီန႔ဲလမ္းခြဲၿပီး စီးရီးေအကို ျပန္သြားဖို႔ မ်ားေနပါတယ္။