နှလုံးရောဂါကြောင့် အနည်းဆုံး ၃ လနားရတော့မယ့် အဂူရို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာတိုက်စစ်မှုအဂူရိုဟာ နှလုံးရောဂါပြသနာကြောင့် အနည်းဆုံး ၃ လနားရတော့မှာ ဖြစ်ပါတယ်။

ကစားသမားဟာ ဆရာဝန်တစ်ယောက်နဲ့ ကုသမှုခံယူရမှာဖြစ်လို့ လာမယ့် ၃ လမှာ ကစားနိုင်မှာ မဟုတ်ကြောင်းလည်း ဘာစီလိုနာအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၃၃ နှစ်အရွယ် အဲဒီအာဂျင်တီးနားတိုက်စစ်မှုးဟာ နှလုံးစမ်းသပ်စစ်ဆေးမှုတွေကို ခံယူခဲ့တာကြောင့် ပြီးခဲ့တဲ့တနင်္ဂနွေနဲ့တနင်္လာနှစ်ရက်စလုံးကို ဘာစီလိုနာက ဆေးရုံမှာပဲ ကုန်ဆုံးခဲ့ရတာပါ။

အဲဒီမန်စီးတီးတီးတိုက်စစ်မှုးဟောင်းဟာ ပြီးခဲ့တဲ့စနေကစားခဲ့တဲ့အလာဗက်စ်နဲ့ပွဲမှာ ပွဲချိန်မိနစ် ၄၀ အရောက် ရင်ဘတ်နာဝေဒနာခံစားခဲ့ရပြီး လူစားလဲခံခဲ့ရတာပါ။

အဲဒီနောက် နူးကမ့်ကနေ လူနာတင်ယာဉ်နဲ့ ဆေးရုံကို ချက်ချင်းပြေးရပြီး စစ်ဆေးမှုတွေ ခံယူခဲ့ရတာပါ။

အဂူရိုဟာ ဘာစီလိုနာကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တာပါ။

သူဟာ ခြေသလုံးဒဏ်ရာကြောင့် ဘာစီလိုနာက သူ့ရဲ့ပထမဆုံး ၂ လမှာ ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့အောက်တိုဘာလလယ်ကမှ ဘာစီလိုနာအတွက် စတင်ပွဲဦးထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကတည်းက အဂူရိုဟာ လာလီဂါမှာ ၄ ပွဲကစားထားပြီး ချန်ပီယံလိဂ်မှာ ၁ ပွဲကစားကာ ၁ ဂိုးသွင်းထားပါတယ်။

အဲဒီအက်သလက်တီကိုကြယ်ပွင့်ဟောင်းဟာ ဘာစီလိုနာနဲ့ ၂ စာချုပ်ရှိထားတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi







