
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၁၉၂၉ ခုနှစ်ကတည်းက ထူထောင်ခဲ့ပြီး ပရိသတ်တွေက ချစ်စနိုအမည်ပေးထားတဲ့ မြည်းပျံများလို့ နာမည်တွင်ခဲ့တဲ့ ချီယေဗိုဗီရိုနာအသင်းကတော့ နှမြောဖို့ကောင်းစွာနဲ့ပဲ ဘောလုံးကမ္ဘာက ပျောက်ကွယ်သွားခဲ့ပါပြီ။
၂၀၀၂ ခုနှစ်ကတောင် စီးရီးအေမှာ အဆင့် (၅) နေရာကရာသီသိမ်းနိုင်ခဲ့တဲ့ ချီယေဗိုဟာ ၂၀၁၉ ခုနှစ်မှာတော့ စီးရီးအေကနေ တန်းဆင်းသွားခဲ့ ရပါတယ်။
အဲဒီနောက်ပိုင်းမှာ အသင်းဟာ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။
စီးရီးဘီမှာ ကစားခွင့် ရှိပေမယ့် ချီယေဗိုဟာ ရာသီသစ်မစခင်မှာ အီတလီ ဘောလုံးလိဂ်အဖွဲ့ချုပ်ဆီကို တင်ပြရမယ့် ငွေကြေးအင်အား စာရင်းကို မတင်ပြနိုင်ခဲ့တာ ကြောင့် စီးရီးဒီကို ဆင်းကစားစေဖို့ ညွန်ကြားခံခဲ့ရပါတယ်။
ချီယေဗိုအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ အသင်းကိုရင်းနှီးမြှုပ်နှံပေးမယ့် ပိုင်ရှင်သစ်၊ ရင်းနှီးမြှုပ်နှံသူအသစ်ကို အပူတပြင်း ရှာဖွေခဲ့ကြသလို အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ဆာဂျီယိုပယ်လစ္စတာက နောက်ဆုံးမိနစ် အထိ အသင်းကို ရင်းနှီးမြှုပ်နှံပေးမယ့် ပိုင်ရှင်သစ်ရဖို့ ဝိုင်းဝန်းကြိုးစားပေးခဲ့ပါတယ်။
ဒါပေမယ့် အရာရာဟာ ချီယေဗိုအသင်းအတွက် မျှော်လင့် ခဲ့သလို မဖြစ်လာခဲ့ဘဲ ဩဂုတ် ၂၃ ရက်နေ့မှာ စိတ်မကောင်းခြင်းကြီးစွာနဲ့ အသင်းကို ဖျက်
သိမ်းလိုက် ရပြီလို့ အတည်ပြုကြေညာသွားခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ႏွစ္ ၉၀ ေက်ာ္ရပ္တည္ခဲ့တဲ့ စီးရီးေအအသင္းေဟာင္း ခ်ီေယဗိုဟာ ေငြေၾကးအခက္အခဲေတြေၾကာင့္ ဒီေန႔မွာ ဖ်က္သိမ္း လိုက္ရပါၿပီ။
၁၉၂၉ ခုႏွစ္ကတည္းက ထူေထာင္ခဲ့ၿပီး ပရိသတ္ေတြက ခ်စ္စႏိုအမည္ေပးထားတဲ့ ျမည္းပ်ံမ်ားလို႔ နာမည္တြင္ခဲ့တဲ့ ခ်ီေယဗိုဗီ႐ိုနာအသင္းကေတာ့ ႏွေျမာဖို႔ေကာင္းစြာနဲ႔ပဲ ေဘာလုံးကမာၻက ေပ်ာက္ကြယ္သြားခဲ့ပါၿပီ။
၂၀၀၂ ခုႏွစ္ကေတာင္ စီးရီးေအမွာ အဆင့္ (၅) ေနရာကရာသီသိမ္းႏိုင္ခဲ့တဲ့ ခ်ီေယဗိုဟာ ၂၀၁၉ ခုႏွစ္မွာေတာ့ စီးရီးေအကေန တန္းဆင္းသြားခဲ့ ရပါတယ္။အဲဒီေနာက္ပိုင္းမွာ အသင္းဟာ ေငြေၾကးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနခဲ့ရပါတယ္။စီးရီးဘီမွာ ကစားခြင့္ ရွိေပမယ့္ ခ်ီေယဗိုဟာ ရာသီသစ္မစခင္မွာ အီတလီ ေဘာလုံးလိဂ္အဖြဲ႕ခ်ဳပ္ဆီကို တင္ျပရမယ့္ ေငြေၾကးအင္အား စာရင္းကို မတင္ျပႏိုင္ခဲ့တာ ေၾကာင့္ စီးရီးဒီကို ဆင္းကစားေစဖို႔ ၫြန္ၾကားခံခဲ့ရပါတယ္။
ခ်ီေယဗိုအသင္းရဲ႕ ဘုတ္အဖြဲ႕ဝင္ေတြဟာ အသင္းကိုရင္းႏွီးျမႇဳပ္ႏွံေပးမယ့္ ပိုင္ရွင္သစ္၊ ရင္းႏွီးျမႇဳပ္ႏွံသူအသစ္ကို အပူတျပင္း ရွာေဖြခဲ့ၾကသလို အသင္းရဲ႕ ဂႏၴဝင္ကစားသမားႀကီး ဆာဂ်ီယိုပယ္လစၥတာက ေနာက္ဆုံးမိနစ္ အထိ အသင္းကို ရင္းႏွီးျမႇဳပ္ႏွံေပးမယ့္ ပိုင္ရွင္သစ္ရဖို႔ ဝိုင္းဝန္းႀကိဳးစားေပးခဲ့ပါတယ္။ဒါေပမယ့္ အရာရာဟာ ခ်ီေယဗိုအသင္းအတြက္ ေမွ်ာ္လင့္ ခဲ့သလို မျဖစ္လာခဲ့ဘဲ ဩဂုတ္ ၂၃ ရက္ေန႔မွာ စိတ္မေကာင္းျခင္းႀကီးစြာနဲ႔ အသင္းကို ဖ်က္သိမ္းလိုက္ ရၿပီလို႔ အတည္ျပဳေၾကညာသြားခဲ့ရပါတယ္။