နှစ် ၃၀ အတွင်း အဆိုးဆုံးအခြေအနေဖြစ်ပေမယ့် နည်းပြရာထူးအတွက် ဘေးကင်းတဲ့ ဆိုးလ်ရှား

photo-daily mail

photo-Ian Hodgson

မနေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ စိတ်ပျက်ဖွယ်ရှုံးပွဲနဲ့ကြုံခဲ့ရပေမယ့်လည်း ဆိုးလ်ရှားဟာ မန်ယူနည်းပြရာထူးအတွက် ဘေးကင်းနေဆဲဖြစ်ကြောင်း Daily Mail သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။ မန်ယူဟာ ဒီရာသီရုန်းကန်နေရတဲ့အသင်းတစ်သင်းဖြစ်တဲ့ ဘန်လေကို အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဆိုးလ်ရှားကိုထုတ်ပယ်ရေး တောင်းဆိုတဲ့အသံတွေ ပြန်လည်ထွက်ပေါ်လာပါတယ်။ အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း အခုလိုအချိန်မှာ ရမှတ်အရ အနိမ့်ဆုံးဖြစ်နေပေမယ့်လည်း မန်ယူဘုတ်အဖွဲ့ဟာ အဲဒီနော်ဝေသားကို ထုတ်ပယ်ဖို့ အစီအစဉ်မရှိပါဘူး။

photo-gettyimages

မန်ယူဟာ မနေ့ညမှာ ဘန်လေကိုသာ နိုင်လိုက်မယ်ဆိုရင် အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်အကွာဖြစ်သွားမှာပါ။ ဒါပေမဲ့ မနိုင်တဲ့အပြင် ရှုံးတောင် ရှုံးသွားခဲ့လို့ လမ်းပတ်ရဲ့အသင်းနဲ့ ၆ မှတ်တောင် ကွာသွားပြီး စပါး၊ဝုဗ်တို့နဲ့ ရမှတ်တူဖြစ်သွားပါတယ်။ သူတို့ရဲ့ ဒီရာသီလက်ရှိရမှတ် ၃၄ မှတ်ဟာ ၁၉၈၉-၉၀ ရာသီနောက်ပိုင်း အနိမ့်ဆုံးဖြစ်ပြီး အဲဒီတုန်းက ၂၄ ပွဲမှာ ၂၅ မှတ်ရခဲ့ကာ ရာသီသိမ်းတော့ အဆင့် ၁၃ နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

photo-gettyimages

ပြီးခဲ့တဲ့ဗုဒ္ဓဟူးညရလဒ်ကြောင့် ဆိုးလ်ရှားဟာ နောက်အထုတ်ခံရမယ့်ပရီးမီးယားလိဂ်နည်းပြအဖြစ် ဘွတ်ကီတွေရဲ့ရေပန်းအစားဆုံးသူဖြစ်လာပါတယ်။ ဒါပေမဲ့လည်း အသင်းပိုင်ရှင်တွေဖြစ်ကြတဲ့ ဂလေဇာမိသားစုနဲ့ အမှုဆောင်ချုပ်အက်ဝုဒ်ဝပ်တို့ဟာ အဲဒီနော်ဝေသားကို ထုတ်ပယ်ဖို့ အစီအစဉ်မရှိကြပါဘူး။ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်နိုင်တဲ့အနေအထား ရှိနေတာတောင်မှပါ။ ဆိုးလ်ရှားဟာ မန်ယူရဲ့အမြဲတမ်းနည်းပြဖြစ်လာပြီးကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲထက် ရှုံးပွဲပိုများလာပေမယ့်လည်း အသင်းရဲ့ထောက်ခံမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။

[Zawgyi]

ႏွစ္ ၃၀ အတြင္း အဆုိးဆုံးအေျခအေနျဖစ္ေပမယ့္ နည္းျပရာထူးအတြက္ ေဘးကင္းတဲ့ ဆုိးလ္ရွား

မေန႔ညက အုိးလ္ထရက္ဖို႔ဒ္မွာ စိတ္ပ်က္ဖြယ္ရႈံးပြဲနဲ႔ႀကဳံခဲ့ရေပမယ့္လည္း ဆုိးလ္ရွားဟာ မန္ယူနည္းျပရာထူးအတြက္ ေဘးကင္းေနဆဲျဖစ္ေၾကာင္း Daily Mail သတင္းစာႀကီးက ေဖာ္ျပလုိက္ပါတယ္။ မန္ယူဟာ ဒီရာသီရုန္းကန္ေနရတဲ့အသင္းတစ္သင္းျဖစ္တဲ့ ဘန္ေလကို အိမ္ကြင္းမွာ ၂-၀ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ဆိုးလ္ရွားကိုထုတ္ပယ္ေရး ေတာင္းဆုိတဲ့အသံေတြ ျပန္လည္ထြက္ေပၚလာပါတယ္။ အသင္းဟာ ႏွစ္ေပါင္း ၃၀ အတြင္း အခုလုိအခ်ိန္မွာ ရမွတ္အရ အနိမ့္ဆုံးျဖစ္ေနေပမယ့္လည္း မန္ယူဘုတ္အဖြဲ႕ဟာ အဲဒီေနာ္ေ၀သားကို ထုတ္ပယ္ဖုိ႔ အစီအစဥ္မရွိပါဘူး။

မန္ယူဟာ မေန႔ညမွာ ဘန္ေလကိုသာ ႏိုင္လိုက္မယ္ဆုိရင္ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္အကြာျဖစ္သြားမွာပါ။ ဒါေပမဲ့ မႏိုင္တဲ့အျပင္ ရႈံးေတာင္ ရႈံးသြားခဲ့လုိ႔ လမ္းပတ္ရဲ႕အသငး္နဲ႔ ၆ မွတ္ေတာင္ ကြာသြားၿပီး စပါး၊၀ုဗ္တို႔နဲ႔ ရမွတ္တူျဖစ္သြားပါတယ္။ သူတုိ႔ရဲ႕ ဒီရာသီလက္္ရွိရမွတ္ ၃၄ မွတ္ဟာ ၁၉၈၉-၉၀ ရာသီေနာက္ပိုင္း အနိမ့္ဆုံးျဖစ္ၿပီး အဲဒီတုန္းက ၂၄ ပြဲမွာ ၂၅ မွတ္ရခဲ့ကာ ရာသီသိမး္ေတာ့ အဆင့္ ၁၃ နဲ႔သာ အဆုံးသတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဗုဒၶဟူးညရလဒ္ေၾကာင့္ ဆိုးလ္ရွားဟာ ေနာက္အထုတ္ခံရမယ့္ပရီးမီးယားလိဂ္နည္းျပအျဖစ္ ဘြတ္ကီေတြရဲ႕ေရပန္းအစားဆုံးသူျဖစ္လာပါတယ္။ ဒါေပမဲ့လည္း အသင္းပိုင္ရွင္ေတြျဖစ္ၾကတဲ့ ဂေလဇာမိသားစုနဲ႔ အမႈေဆာင္ခ်ဳပ္အက္၀ုဒ္၀ပ္တို႔ဟာ အဲဒီေနာ္ေ၀သားကို ထုတ္ပယ္ဖုိ႔ အစီအစဥ္မရွိၾကပါဘူး။ လာမယ့္ရာသီခ်န္ပီယံလိဂ္၀င္ခြင့္ကို လြဲေခ်ာ္ႏိုင္တဲ့အေနအထား ရွိေနတာေတာင္မွပါ။ ဆိုးလ္ရွားဟာ မန္ယူရဲ႕အၿမဲတမ္းနည္းျပျဖစ္လာၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲထက္ ရႈံးပြဲပိုမ်ားလာေပမယ့္လည္း အသင္းရဲ႕ေထာက္ခံမႈကို ရရွိေနဆဲ ျဖစ္ပါတယ္။