

နှစ်သစ်အစမှာယူနိုက်တက်အသင်းကတော့ပွဲအဖွင့်မလှခဲ့ပါဘူး။ အမ်းမရိတ်မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်းကို ယူနိုက်တက်တို့ နှစ်ဂိုး၊ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့နည်းပြသစ်အာတီတာအတွက်ကတော့ တတိယမြောက်ပွဲမှာ ပထမဆုံးနိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်နှစ်သစ်မှာ ယူနိုက်တက်ကိုနိုင်လိုက်တဲ့အတွက် နည်းပြသစ်အာတီတာအတွက် ခြေလှမ်းလှမ်းလို့ကောင်းသွားတယ်လို့ဆိုရမှာပါ။ အာဆင်နယ်အနေနဲ့ဂိုးတွေကို ပထမပိုင်းကတည်းက ရရှိခဲ့တာဖြစ်ပြီး၊ နီကိုလက်စ်ပီပီနဲ့ ဆိုကရေးတစ် တို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီပွဲမှာယူနိုက်တက်ကစားသမားတွေရဲ့အဆင့်သတ်မှတ်ချက်ဘယ်လိုရှိမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။
ဒီဂီယာ – 6
ယူနိုက်တက်ရဲ့ အကောင်းဆုံး ဂိုးသမားတစ်ယောက်ဖြစ်ပေမယ့် အခုနောက်ပိုင်းပွဲတွေမှာလက်စွမ်းတွေကျ ဆင်းလာတယ်လို့ပရိသတ်တွေကမြင်နေကြပါတယ်။ အဲဒီပွဲမှာလည်း အရမ်းကောင်းတဲ့ လက်စွမ်းလက်စကိုမတွေ့ခဲ့ရပါဘူး။

ဝမ်ဘစ်ဆာကာ – 6
ကိုလာဆီနက်နဲ့ အူဘာမီယန်ကို တားဆီးသွားနိုင်ခဲ့သလို တိုက်စစ်ပိုင်းမှာလည်းလိုက်ပါပြေးလွှားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အသင်းအတွက်ကာကွယ်တာတွေလုပ်ဆောင်နိုင်ခဲ့ပါတယ်။
မက်ဂွိုင်းယား – 6
အသင်းအတွက် အခွင့်အရေးကောင်းတွေဖြုန်းတီးခဲ့ပါတယ်။ အာဆင်နယ် တိုက်စစ်ကစားသမားတွေကို အချိန်ပေးတာမျိုးပြုလုပ်မိခဲ့ပြီး ကံကောင်းလို့သာ အဝါကဒ် မထိခဲ့တာဖြစ်ပါတယ်။
လင်ဒယ်လော့ဖ် – 6
သူကလည်း မက်ဂွိုင်းယားလိုပါပဲ။ အဲဒီပွဲစဉ်မှာလုပ်ဆောင်ချက်အလွဲလေးတွေရှိခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အကျစ်လစ်ဆုံး ဗဟိုခံစစ်မှူး ဖြစ်ခဲ့ပေမယ့် အသင်းအတွက်ကာကွယ်တာတွေမလုပ်နိုင်ခဲ့ပါဘူး။

လုခ်ရှော – 5
ခံစစ်ပိုင်းမှာ ပီပီ ကို ထိတွေ့ တားဆီး တာတွေ လုပ်သွားနိုင် ခဲ့ပေမယ့် တိုက်စစ် အတွက် လုံလောက်တဲ့ ဖန်တီးမှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ဒုတိယပိုင်းမှာဘောလုံးထိတွေ့မှုများခဲ့ပေမယ့် ပရိသတ်တွေ အားတက်အောင်မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။
ဖရက်ဒ် – 6
အခုပွဲရဲ့ဒုတိယပိုင်းမှာအသင်းအတွက်ကာကွယ်တာတွေပိုလုပ်ပေးနိုင်ခဲ့ပါတယ်။ ကန်ချက်ပိုင်းမှာအားမရဖြစ်ခဲ့တဲ့အချက်တွေရှိပေမယ့် စွမ်းအင်ပြည့်ကစားနိုင်တဲ့သူပါ။

မာတစ် – 5
အခုပွဲမှာလိုအပ်ချက်တွေရှိခဲ့တာကြောင့် အဆင့်သတ်မှတ်ချက်ပိုင်းမှာ လျော့ကျခဲ့ပါတယ်။ နောက်ပွဲတွေမှာပိုကြိုးစားဖို့လိုနေပါတယ်။ ရေရှည်မှာခြေစွမ်းမတက်လာဘူးဆိုရင်တော့ဆက်သုံးသင့်၊မသုံးသင့် စဉ်းစားသင့်ပါတယ်။
ရက်ရ်ဖို့ဒ် – 7
အဝေးကန်ချက်တွေကောင်းခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ယူနိုက်တက်အားထားရတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီးအခုပွဲမှာလည်းအားထုတ်မှုမဆိုးခဲ့ပါဘူး။ ပြိုင်ဘက်အသင်းသားတွေအတွက်အထိုက်အလျောက်အတားအဆီးဖြစ်စေခဲ့ပါတယ်။

လင်ဂတ် – 5
ညံ့တဲ့ခြေစွမ်းမျိုးကိုအခုပွဲမှာတွေ့ခဲ့ရပါတယ်။ ရုန်းကန်ရတဲ့အနေအထားဖြစ်ခဲ့တာကြောင့် အဆင့်သတ်မှတ်ချက်လည်းမကောင်းခဲ့ပါဘူး။
ဒန်နီရယ်ဂျိန်းစ် – 6
လင်ဂတ်လိုပါပဲ။ အာဆင်နယ်နဲ့ပွဲမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ခြေစွမ်းကောင်းတွေကို တစ်ချက်တစ်ချက်ထုတ်ပြနိုင်ခဲ့ပါတယ်။ ထိရောက်တဲ့အောင်မြင်မှုမျိုးမပြသနိုင်ခဲ့ပေမယ့် လင်ဂတ်ထက်တော့သာခဲ့ပါတယ်။

မာရှယ် – 6
သူ့ကိုတော့ ဒုတိယပိုင်းကစားကွက်အတွက် ရက်ရှ်ဖို့နဲ့နှိုင်းရမှာပါ။ ဒါပေမယ့်လည်း ရက်ရှ်ဖို့လောက်မကောင်းခဲ့ပါဘူး။ လိုအပ်တဲ့နေရာတွေမှာဖြည့်ဆည်းပေးနိုင်တဲ့အနေအထားမျိုးမဖြစ်ခဲ့ပါဘူး။
လူစားဝင် ကစားသမားတွေဖြစ်တဲ့ ပါရဲယားကတော့ အဆင့်သတ်မှတ်ချက် 7ဖြစ်ပြီး၊ မာတစ်နဲ့ချိတ်ဆက်ကစားဖို့လုပ်ဆောင်ခဲ့ပါတယ်။အသင်းအတွက်တန်ပြန်တိုက်စစ်ကစားဖို့လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂရင်းဝုဒ်ကတော့ အဆင့်သတ်မှတ်ချက် 6 ပါ။ အဲဒီကောင်လေးကလည်း ယူနိုက်တက်အတွက် အခွင့်အရေးကောင်းတွေရှာဖွေခဲ့ပါတယ်။ဒါပေမယ့်လည်း ရလဒ်ကောင်းမရခဲ့ပါဘူး။ မာတာကလည်းအဆင့်သတ်မှတ်ချက် 6 ဖြစ်ပါတယ်။ ပွဲပြီးခါနီး ကိုးမိနစ်အလိုလောက်မှလူစားလဲဝင်ခဲ့တဲ့ မာတာဟာ ဆိုးလ်ရှားရဲ့နည်းဗျူဟာအတွက်အောင်မြင်မှုရအောင်မလုပ်နိုင်ခဲ့ပါဘူး။

(Zawgyi Version)
ႏွစ္သစ္အစမွာ အာဆင္နယ္အသင္းကို ရႈံးခဲ့ရတဲ့ ပြဲစဥ္က ယူႏိုက္တက္ကစားသမားေတြရဲ႕ အဆင့္သတ္မွတ္ခ်က္မ်ား
ႏွစ္သစ္အစမွာယူႏိုက္တက္အသင္းကေတာ့ပြဲအဖြင့္မလွခဲ့ပါဘူး။ အမ္းမရိတ္မွာ ကစားသြားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ အာဆင္နယ္ အသင္းကို ယူႏိုက္တက္တို႔ ႏွစ္ဂိုး၊ဂိုးမရိွနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ အာဆင္နယ္အသင္းရဲ႕နည္းျပသစ္အာတီတာအတြက္ကေတာ့ တတိယေျမာက္ပြဲမွာ ပထမဆုံးႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ႏွစ္သစ္မွာ ယူႏိုက္တက္ကိုႏိုင္လိုက္တဲ့အတြက္ နည္းျပသစ္အာတီတာအတြက္ ေျခလွမ္းလွမ္းလို႔ေကာင္းသြားတယ္လို႔ဆိုရမွာပါ။ အာဆင္နယ္အေနနဲ႔ဂိုးေတြကို ပထမပိုင္းကတည္းက ရရိွခဲ့တာျဖစ္ၿပီး၊ နီကိုလက္စ္ပီပီနဲ႔ ဆိုကေရးတစ္ တို႔ကသြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။
အဲဒီပြဲမွာယူႏိုက္တက္ကစားသမားေတြရဲ႕အဆင့္သတ္မွတ္ခ်က္ဘယ္လုိရိွမလဲဆိုတာေဖာ္ျပေပးလိုက္ပါတယ္။
ဒီဂီယာ – 6
ယူႏိုက္တက္ရဲ႕ အေကာင္းဆုံး ဂိုးသမားတစ္ေယာက္ျဖစ္ေပမယ့္ အခုေနာက္ပိုင္းပြဲေတြမွာလက္စြမ္းေတြက် ဆင္းလာတယ္လို႔ပရိသတ္ေတြကျမင္ေနၾကပါတယ္။ အဲဒီပြဲမွာလည္း အရမ္းေကာင္းတဲ့ လက္စြမ္းလက္စကိုမေတြ႕ခဲ့ရပါဘူး။
၀မ္ဘစ္ဆာကာ – 6
ကုိလာဆီနက္နဲ႔ အူဘာမီယန္ကို တားဆီးသြားႏိုင္ခဲ့သလို တိုက္စစ္ပိုင္းမွာလည္းလိုက္ပါေျပးလႊားႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာလည္း အသင္းအတြက္ကာကြယ္တာေတြလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။
မက္ဂြိဳင္းယား – 6
အသင္းအတြက္ အခြင့္အေရးေကာင္းေတြျဖဳန္းတီးခဲ့ပါတယ္။ အာဆင္နယ္ တိုက္စစ္ကစားသမားေတြကို အခ်ိန္ေပးတာမ်ိဳးျပဳလုပ္မိခဲ့ၿပီး ကံေကာင္းလို႔သာ အဝါကဒ္ မထိခဲ့တာျဖစ္ပါတယ္။
လင္ဒယ္ေလာ့ဖ္ – 6
သူကလည္း မက္ဂိြဳင္းယားလိုပါပဲ။ အဲဒီပြဲစဥ္မွာလုပ္ေဆာင္ခ်က္အလြဲေလးေတြရိွခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ အက်စ္လစ္ဆုံး ဗဟိုခံစစ္မႉး ျဖစ္ခဲ့ေပမယ့္ အသင္းအတြက္ကာကြယ္တာေတြမလုပ္ႏိုင္ခဲ့ပါဘူး။
လုခ္ေရွာ – 5
ခံစစ္ပိုင္းမွာ ပီပီ ကို ထိေတြ႕ တားဆီး တာေတြ လုပ္သြားႏိုင္ ခဲ့ေပမယ့္ တိုက္စစ္ အတြက္ လုံေလာက္တဲ့ ဖန္တီးမႈမ်ိဳး မလုပ္ႏိုင္ခဲ့ပါဘူး။ဒုတိယပိုင္းမွာေဘာလုံးထိေတြ႕မႈမ်ားခဲ့ေပမယ့္ ပရိသတ္ေတြ အားတက္ေအာင္မစြမ္းေဆာင္ေပးႏိုင္ခဲ့ပါဘူး။
ဖရက္ဒ္ – 6
အခုပြဲရဲ႕ဒုတိယပိုင္းမွာအသင္းအတြက္ကာကြယ္တာေတြပိုလုပ္ေပးႏိုင္ခဲ့ပါတယ္။ ကန္ခ်က္ပိုင္းမွာအားမရျဖစ္ခဲ့တဲ့အခ်က္ေတြရိွေပမယ့္ စြမ္းအင္ျပည့္ကစားႏိုင္တဲ့သူပါ။
မာတစ္ – 5
အခုပြဲမွာလုိအပ္ခ်က္ေတြရိွခဲ့တာေၾကာင့္ အဆင့္သတ္မွတ္ခ်က္ပိုင္းမွာ ေလ်ာ့က်ခဲ့ပါတယ္။ ေနာက္ပြဲေတြမွာပိုႀကိဳးစားဖို႔လိုေနပါတယ္။ ေရရွည္မွာေျခစြမ္းမတက္လာဘူးဆိုရင္ေတာ့ဆက္သုံးသင့္၊မသုံးသင့္ စဥ္းစားသင့္ပါတယ္။
ရက္ရ္ဖို႔ဒ္ – 7
အေ၀းကန္ခ်က္ေတြေကာင္းခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။ယူႏိုက္တက္အားထားရတဲ့တိုက္စစ္မွဴးတစ္ေယာက္ျဖစ္ၿပီးအခုပြဲမွာလည္းအားထုတ္မႈမဆိုးခဲ့ပါဘူး။ ၿပိဳင္ဘက္အသင္းသားေတြအတြက္အထိုက္အေလ်ာက္အတားအဆီးျဖစ္ေစခဲ့ပါတယ္။
လင္ဂတ္ – 5
ညံ့တဲ့ေျခစြမ္းမ်ဳိးကိုအခုပြဲမွာေတြ႕ခဲ့ရပါတယ္။ ရုန္းကန္ရတဲ့အေနအထားျဖစ္ခဲ့တာေၾကာင့္ အဆင့္သတ္မွတ္ခ်က္လည္းမေကာင္းခဲ့ပါဘူး။
ဒန္နီရယ္ဂ်ိန္းစ္ – 6
လင္ဂတ္လိုပါပဲ။ အာဆင္နယ္နဲ႔ပြဲမွာ ရုန္းကန္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေျခစြမ္းေကာင္းေတြကို တစ္ခ်က္တစ္ခ်က္ထုတ္ျပႏိုင္ခဲ့ပါတယ္။ ထိေရာက္တဲ့ေအာင္ျမင္မႈမ်ဳိးမျပသႏိုင္ခ့ဲေပမယ့္ လင္ဂတ္ထက္ေတာ့သာခဲ့ပါတယ္။
မာရွယ္ – 6
သူ႔ကိုေတာ့ ဒုတိယပိုင္းကစားကြက္အတြက္ ရက္ရွ္ဖို႔နဲ႔ႏိႈင္းရမွာပါ။ ဒါေပမယ့္လည္း ရက္ရွ္ဖို႔ေလာက္မေကာင္းခဲ့ပါဘူး။ လိုအပ္တဲ့ေနရာေတြမွာျဖည့္ဆည္းေပးႏိုင္တဲ့အေနအထားမ်ဳိးမျဖစ္ခဲ့ပါဘူး။
လူစားဝင္ ကစားသမားေတြျဖစ္တဲ့ ပါရဲယားကေတာ့ အဆင့္သတ္မွတ္ခ်က္ 7ျဖစ္ၿပီး၊ မာတစ္နဲ႔ခ်ိတ္ဆက္ကစားဖို႔လုပ္ေဆာင္ခဲ့ပါတယ္။အသင္းအတြက္တန္ျပန္တိုက္စစ္ကစားဖို႔လုပ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ဂရင္း၀ုဒ္ကေတာ့ အဆင့္သတ္မွတ္ခ်က္ 6 ပါ။ အဲဒီေကာင္ေလးကလည္း ယူႏိုက္တက္အတြက္ အခြင့္အေရးေကာင္းေတြရွာေဖြခဲ့ပါတယ္။ဒါေပမယ့္လည္း ရလဒ္ေကာင္းမရခဲ့ပါဘူး။ မာတာကလည္းအဆင့္သတ္မွတ္ခ်က္ 6 ျဖစ္ပါတယ္။ ပြဲၿပီးခါနီး ကိုးမိနစ္အလိုေလာက္မွလူစားလဲ၀င္ခဲ့တဲ့ မာတာဟာ ဆိုးလ္ရွားရဲ႕နည္းဗ်ဴဟာအတြက္ေအာင္ျမင္မႈရေအာင္မလုပ္ႏိုင္ခဲ့ပါဘူး။