နှစ်လလောက်ပဲ ခွဲခွာရသေးတဲ့ ကစားသမားကို ပြန်ခေါ်တော့မယ့် ယူနိုက်တက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်ဟာသူတို့ရဲ့လူငယ်ကစားသမားတွေ ကို အတွေ့ကြုံကောင်းများရရှိရန်အတွက် သူတို့နဲ့ သင့်တော်မယ့် အသင်းတွေဆီ အဌားချထားတာလည်းဖြစ်ပါတယ်။
အဲဒီထဲမှာမှ ပလီစထရီလည်း တစ်ယောက် အပါအဝင်ဖြစ်ပြီး သူဟာရာသီကြိုမှာ ယူနိုက်တက် နဲ့ကောင်းမွန်တဲ့ ခြေစွမ်းတချို့ ပြသထားပေမယ့် Deportivo Alaves အသင်းဆီကို အငှားချထားခံရပါတယ်။
ယူနိုက်တက်အသင်းဟာ Deportivo Alaves အသင်းဆီကို အငှားချထားတဲ့ ပလီစထရီအား ကစားချိန်နည်းပါးမှုကြောင့် အငှားစာချုပ်ဖျက်သိမ်းရန် စဉ်းစားနေကြောင်းသိရပါတယ်။
အငှားစာချုပ်တွင် ဒီဇင်ဘာလမတိုင်ခင် မိနစ် (1000) ကစားခွင့်ရ ရမယ်ဆိုတဲ့ အချက်ပါဝင်ပြီး ယခုအခါ D Alaves အသင်းတွင် ကစားချိန်နည်းပါး‌နေတာကြောင့် ယူနိုက်တက်အသင်းအနေဖြင့် စာချုပ်ဖျက်သိမ်းရန် စဉ်းစားနေတာ ဖြစ်ပါတယ်။
ယခုအချိန် ကစားသမားဟာ (၇)ပွဲမှာ (၁)ပွဲကစားထားပြီး ကျန်ပွဲတွေမှာလူစားဝင်ကစားသမား အဖြစ်ကစားရတာဖြစ်ပါတယ်။
စုစုပေါင်းကစားတဲ့ မိနစ်က (၁၉၅)မိနစ်ပဲကစားထားတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာကောင်လေး ဒီထက်ပို ကစားခွင့်ရရှိနိုင်ရေးအတွက် သူ့ကို ဒီဇင်ဘာမှာ အသင်းထံပြန်လည်ခေါ်ယူပြီး တခြားစိတ်ဝင်စားတဲ့ အသင်းတစ်သင်းဆီကို (သို့)အ သင်းတွင် နေရာပေးလိမ့်မယ်ဆိုပြီး တချို့က ခန့်မှန်းထားကြပါတယ်။
ပလီစထရီအား အငှားခေါ်ယူချင်တဲ့ နောက်ထပ် ကလပ်အသင်းများစွာ ရှိနေပါတယ်။
ဆိုးလ်ရှားက ”သူ့ကိုကျွန်တော်သိတယ်။
သူဒီထက်ပိုပြီးတိုးတက် လာမယ့်ကစားသမားတစ်ယောက်။
ဒီမှာအဆင်မပြေ နိုင်သေးလို့ အတွေ့ကြုံတွေပိုရအောင် ပွဲကစားချိန် အများကြီးပေးနိုင်တဲ့ အသင်းကို ပြောင်းရွေ့ကစား ခိုင်းတာပါ။
ဒီအတိုင်းဆို ကျွန်တော်တို့ တစ်ခုခုလုပ်ရ ပါလိမ့်မယ်။” လို့ ပြောထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi