နှစ်ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဘရန်ဖို့ဒ်တို့ရဲ့ ခြေစမ်းပွဲကတော့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်သွားခဲ့ပါတယ်။

အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပြီး ၊ နှစ်ဖက်ကစားသမားတွေရဲ့ သွင်းဂိုးတွေဟာ မြေမကျကန်သွင်းချက်တွေ၊ သပ်ရပ်တဲ့အဆုံးသတ်မှုတွေရှိခဲ့ပါတယ်။

ဘရန်ဖို့ဒ်နဲ့ ကစားတဲ့ပွဲဟာ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ တတိယမြောက်ပွဲစဉ်ဖြစ်ပြီး ဒါဘီအသင်းကိုအနိုင်ရတဲ့ ပထမဆုံးခြေစမ်းပွဲပြီးနောက် ကျူပီအာကို ရှုံးခဲ့တဲ့ယူနိုက်တက်အတွက် နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဓိက ကစားသမား အများစု မပါဝင်ခဲ့ဘူးဆိုပေမယ့် မာတာ၊ မာတစ်၊ လင်ဂတ်၊ ပါရဲရား နဲ့ ဂရင်းဝုဒ်တို့က ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် အီလန်ဂါက အဖွင့်ဂိုးကို သွင်းယူခဲ့ရာမှာ ဧရိယာအတွင်း ပြိုင်ဘက်ကစားသမားတစ်ဦးကပ်ထားတဲ့ကြားကနေ လှဲအိပ်ကာ မြေမကျဘောကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘရန်ဖို့ဒ်က သိပ်မကြာခင်မှာပဲ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဘက်တစ္စတီက ဂိုးဧရိယာထိပ်ကနေ မြေမကျအပြင်းကန်သွင်းယူခဲ့ရာမှာ တွမ်ဟီတန်ရဲ့ ညာဘက်အပေါ်ထောင့်ကနေ လှလှပပ ဝင်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပါရဲရားက ယူနိုက်တက်အတွက် ဦးဆောင်ဂိုးထပ်သွင်းခဲ့ပေမယ့် ဘရန်ဖို့ဒ်က ထပ်မံချေပခဲ့တာကြောင့် နှစ်ဂိုးစီသရေကျခဲ့တာပဲ ဖြစ်ပါတယ်။

လာမယ့် ၃၁ ရက်နေ့မှာ နောက်ဆုံးခြေစမ်းပွဲအဖြစ် ယူနိုက်တက်က ပရက်စတန်နဲ့ ကစားသွားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏွစ္ပြဲဆက္ ႏိုင္ပြဲ​ေပ်ာက္​ေနတဲ့ ယူႏိုက္တက္

မေန႔ညက ကစားခဲ့တဲ့ ယူႏိုက္တက္နဲ႔ ဘရန္ဖို႔ဒ္တို႔ရဲ႕ ေျခစမ္းပြဲကေတာ့ တစ္ဖက္ႏွစ္ဂိုးစီနဲ႔ သေရပြဲျဖစ္သြားခဲ့ပါတယ္။ အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ခဲ့ရၿပီး ၊ ႏွစ္ဖက္ကစားသမားေတြရဲ႕ သြင္းဂိုးေတြဟာ ေျမမက်ကန္သြင္းခ်က္ေတြ၊ သပ္ရပ္တဲ့အဆုံးသတ္မႈေတြရွိခဲ့ပါတယ္။

ဘရန္ဖို႔ဒ္နဲ႔ ကစားတဲ့ပြဲဟာ ယူႏိုက္တက္ရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြမွာ တတိယေျမာက္ပြဲစဥ္ျဖစ္ၿပီး ဒါဘီအသင္းကိုအႏိုင္ရတဲ့ ပထမဆုံးေျခစမ္းပြဲၿပီးေနာက္ က်ဴပီအာကို ရႈံးခဲ့တဲ့ယူႏိုက္တက္အတြက္ ႏွစ္ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့တာလည္း ျဖစ္ပါတယ္။

အဓိက ကစားသမား အမ်ားစု မပါဝင္ခဲ့ဘူးဆိုေပမယ့္ မာတာ၊ မာတစ္၊ လင္ဂတ္၊ ပါရဲရား နဲ႔ ဂရင္းဝုဒ္တို႔က ယူႏိုက္တက္အသင္းရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ အီလန္ဂါက အဖြင့္ဂိုးကို သြင္းယူခဲ့ရာမွာ ဧရိယာအတြင္း ၿပိဳင္ဘက္ကစားသမားတစ္ဦးကပ္ထားတဲ့ၾကားကေန လွဲအိပ္ကာ ေျမမက်ေဘာကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဘရန္ဖို႔ဒ္က သိပ္မၾကာခင္မွာပဲ ေခ်ပဂိုးျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ဘက္တစၥတီက ဂိုးဧရိယာထိပ္ကေန ေျမမက်အျပင္းကန္သြင္းယူခဲ့ရာမွာ တြမ္ဟီတန္ရဲ႕ ညာဘက္အေပၚေထာင့္ကေန လွလွပပ ဝင္သြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ပါရဲရားက ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုးထပ္သြင္းခဲ့ေပမယ့္ ဘရန္ဖို႔ဒ္က ထပ္မံေခ်ပခဲ့တာေၾကာင့္ ႏွစ္ဂိုးစီသေရက်ခဲ့တာပဲ ျဖစ္ပါတယ္။ လာမယ့္ ၃၁ ရက္ေန႔မွာ ေနာက္ဆုံးေျခစမ္းပြဲအျဖစ္ ယူႏိုက္တက္က ပရက္စတန္နဲ႔ ကစားသြားမွာျဖစ္ပါတယ္။