နှစ်ပေါင်း ၁၀၀ တိုင် လီဗာပူးတို့ ခြောက်လှန့်ခံနေရတဲ့ သရဲနီကျိန်စာဆိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

FA ဖလား စတုတ္ထအဆင့်မှာ ယူနိုက်တက်ကို (၃−၂) ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ လီဗာပူးလ်တို့ဟာ ယူနိုက်တက်နဲ့ ပတ်သက်တဲ့ မှတ်တမ်းဆိုးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ လီဗာပူးလ်ဟာ FA ဖလား ပြိုင်ပွဲတစ်လျှောက်မှာ သူတို့ရဲ့အိမ်ကွင်း အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲတွေကလွဲပြီး အခြားကွင်းတွေမှာ ကစားခဲ့သမျှ ပွဲတွေမှာ ယူနိုက်တက်ကို အနိုင်မရခဲ့တာဟာ နှစ်ပေါင်း ၁၀၀ တိုင်သွားခဲ့ပြီး ရာစုနှစ်တစ်ခုကြာသွားခဲ့ပြီဖြစ်ပါတယ်။

Daily Express ရဲ့ဖော်ပြချက်အရ လီဗာပူးလ်ဟာ အန်ဖီးလ်မဟုတ်တဲ့ အခြားကွင်းမှာ ယူနိုက်တက်ကို နောက်ဆုံး အနိုင်ရခဲ့တာဟာ ၁၉၂၁ ခုနှစ်န ဇန်နဝါရီလ ၁၂ ရက်နေ့က ကစားခဲ့တဲ့ FA ဖလား ပထမအဆင့် ပြန်ကန်ပွဲစဥ်ဖြစ်ပြီး ယူနိုက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အနိုင်ယူခဲ့တာပါ။

အဲ့ဒီပွဲနောက်ပိုင်း ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်း အပါအဝင် အခြားသော ကြားကွင်းတွေမှာ ကစားခဲ့သမျှ နှစ်ပေါင်း ၁၀၀ တိုင် လီဗာပူးလ်တို့ အနိုင်မရခဲ့တာဖြစ်ပါတယ်။

၁၉၂၁ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၁၀၀ အတွင်း လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းမဟုတ်တဲ့ အခြားသောကြားကွင်းတွေအပြင် ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာပါ FA ဖလားကို ၉ ကြိမ်တိတိ  ကစားခဲ့ပေယ့် ၂ ပွဲသာ သရေကျပြီး ယူနိုက်တက်က ၇ ပွဲအနိုင်ရခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလည်း အန်ဖီးလ်မဟုတ်တဲ့ ကွင်းမှာ ယူနိုက်တက် နဲ့ လီဗာပူးလ်တို့ FA ဖလား တတိယအဆင့်ပွဲအဖြစ် တွေ့ဆုံခဲ့ပြီး ယူနိုက်တက် (၁−၀) နဲ့ အနိုင်ရခဲ့တာပါ။ ယခုအခါ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာလည်း FA ဖလား စတုတ္ထအဆင့် ပြိုင်ပွဲအဖြစ် လီဗာပူးလ်တို့ လာရောက်ယှဥ်ပြိုင်ခဲ့ရပြီး အရေးနိမ့်ခဲ့ရပြန်တာပါ။

ဒါ့ကြောင့် လီဗာပူးလ်အတွက်တော့ FA ဖလားကို အန်ဖီးလ်မဟုတ်တဲ့ကွင်းမှာ ယူနိုက်တက်နဲ့ ကစားရတဲ့အခါအတိုင်း အနိုင်မယူနိုင်သေးတဲ့ သရဲနီ ကျိန်စာဆိုးကြီးဟာ နှစ်ပေါင်း ၁၀၀ တိုင် ခြောက်လှန့်ခံနေရဆဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ႏွစ္ေပါင္း ၁၀၀ တိုင္ လီဗာပူးတို႔ ေျခာက္လွန႔္ခံေနရတဲ့ သရဲနီက်ိန္စာဆိုး

FA ဖလား စတုတၳအဆင့္မွာ ယူႏိုက္တက္ကို (၃−၂) ဂိုးနဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္မွာေတာ့ လီဗာပူးလ္တို႔ဟာ ယူႏိုက္တက္နဲ႔ ပတ္သက္တဲ့ မွတ္တမ္းဆိုးတစ္ခုကို ရရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ လီဗာပူးလ္ဟာ FA ဖလား ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ သူတို႔ရဲ႕အိမ္ကြင္း အန္ဖီးလ္မွာ ကစားခဲ့တဲ့ ပြဲေတြကလြဲၿပီး အျခားကြင္းေတြမွာ ကစားခဲ့သမွ် ပြဲေတြမွာ ယူႏိုက္တက္ကို အႏိုင္မရခဲ့တာဟာ ႏွစ္ေပါင္း ၁၀၀ တိုင္သြားခဲ့ၿပီး ရာစုႏွစ္တစ္ခုၾကာသြားခဲ့ၿပီျဖစ္ပါတယ္။

Daily Express ရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးလ္ဟာ အန္ဖီးလ္မဟုတ္တဲ့ အျခားကြင္းမွာ ယူႏိုက္တက္ကို ေနာက္ဆုံး အႏိုင္ရခဲ့တာဟာ ၁၉၂၁ ခုႏွစ္န ဇန္နဝါရီလ ၁၂ ရက္ေန႔က ကစားခဲ့တဲ့ FA ဖလား ပထမအဆင့္ ျပန္ကန္ပြဲစဥ္ျဖစ္ၿပီး ယူႏိုက္ရဲ႕ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ အႏိုင္ယူခဲ့တာပါ။ အဲ့ဒီပြဲေနာက္ပိုင္း ယူႏိုက္တက္ရဲ႕ အိုးထရက္ဖို႔ဒ္ကြင္း အပါအဝင္ အျခားေသာ ၾကားကြင္းေတြမွာ ကစားခဲ့သမွ် ႏွစ္ေပါင္း ၁၀၀ တိုင္ လီဗာပူးလ္တို႔ အႏိုင္မရခဲ့တာျဖစ္ပါတယ္။

၁၉၂၁ ခုႏွစ္ေနာက္ပိုင္း ႏွစ္ေပါင္း ၁၀၀ အတြင္း လီဗာပူးလ္အသင္းဟာ သူတို႔ရဲ႕ အိမ္ကြင္းမဟုတ္တဲ့ အျခားေသာၾကားကြင္းေတြအျပင္ ယူႏိုက္တက္ရဲ႕ အိမ္ကြင္းမွာပါ FA ဖလားကို ၉ ႀကိမ္တိတိ  ကစားခဲ့ေပယ့္ ၂ ပြဲသာ သေရက်ၿပီး ယူႏိုက္တက္က ၇ ပြဲအႏိုင္ရခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၀ ႏွစ္တုန္းကလည္း အန္ဖီးလ္မဟုတ္တဲ့ ကြင္းမွာ ယူႏိုက္တက္ နဲ႔ လီဗာပူးလ္တို႔ FA ဖလား တတိယအဆင့္ပြဲအျဖစ္ ေတြ႕ဆုံခဲ့ၿပီး ယူႏိုက္တက္ (၁−၀) နဲ႔ အႏိုင္ရခဲ့တာပါ။ ယခုအခါ ယူႏိုက္တက္ရဲ႕ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာလည္း FA ဖလား စတုတၳအဆင့္ ၿပိဳင္ပြဲအျဖစ္ လီဗာပူးလ္တို႔ လာေရာက္ယွဥ္ၿပိဳင္ခဲ့ရၿပီး အေရးနိမ့္ခဲ့ရျပန္တာပါ။

ဒါ့ေၾကာင့္ လီဗာပူးလ္အတြက္ေတာ့ FA ဖလားကို အန္ဖီးလ္မဟုတ္တဲ့ကြင္းမွာ ယူႏိုက္တက္နဲ႔ ကစားရတဲ့အခါအတိုင္း အႏိုင္မယူႏိုင္ေသးတဲ့ သရဲနီ က်ိန္စာဆိုးႀကီးဟာ ႏွစ္ေပါင္း ၁၀၀ တိုင္ ေျခာက္လွန႔္ခံေနရဆဲျဖစ္ပါတယ္။