နှစ်ပေါင်း(၂၀)နီးပါးအကြာမှာ အဆိုးရွားဆုံးရာသီအစရလဒ်နဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရလဒ်တွေဆိုးရွားနေလို့ နည်းပြရော်နယ်လ်ကိုးမန်းကိုထုတ်ပယ်ခဲ့ပြီး လူငယ်အသင်းနည်းပြဆာဂျီဘာဟွမ်ကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပေမယ့်လည်း

ရလဒ်ဆိုးတွေကို မရပ်တန့်နိုင်သေးတဲ့ ဘာစီလိုနာအသင်းဟာ မနေ့က အလာဗတ်စ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အိမ်ကွင်းမှာပဲ(၁-၁)ဂိုးစီသရေကျခဲ့ပြန်ပါတယ်။

ဘာစီလိုနာအသင်းအတွက်အဖွင့်ဂိုးကို ဒုတိယပိုင်းစလို့မိနစ်ပိုင်းအကြာမှာပဲ ဒီပိုင်းက သွင်းယူခဲ့ပေမယ့် (၅၉)မိနစ်မှာ

အလာဗတ်စ်တောင်ပံကစားသမားရီယိုယာက ချေပဂိုးပြန်သွင်းခဲ့ပြီး လက်ကျန်မိနစ်တွေမှာ ဘာစီလိုနာအသင်းအနိုင်ဂိုးမသွင်းနိုင်ခဲ့တာကြောင့် သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရတာပါ။

အိမ်ကွင်းမှာ နိုင်ပွဲမရခဲ့တဲ့အပြင် ပိုဆိုးတာက ၀ါရင့်နောက်ခံလူပီကေး ကြွက်သားဒဏ်ရာကြောင့် ဒုတိယပိုင်းမှာလူစားလဲခံခဲ့ရသလို

တိုက်စစ်မှူးအဂွဲရိုးကလည်း အသက်ရှုကျပ်တဲ့အနေအထားကြောင့် နည်းပြဆာဂျီဘာဟွမ်ဟာ အဂွဲရိုးကို ပထမပိုင်းကတည်းက ကော်တင်ဟိုနဲ့လူစားလဲခဲ့ရပါတယ်။

အခုပွဲသရေကျခဲ့လို့ ဘာစီလိုနာအသင်းဟာ လာလီဂါနောက်ဆုံး(၃)ပွဲမှာ (၂)ပွဲရှုံး၊ (၁)ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပြီး (၁)မှတ်သာရရှိခဲ့တဲ့အပြင်

လာလီဂါပွဲစဉ်(၁၁)ပွဲကစားအပြီးမှာ (၁၆)မှတ်သာရခဲ့တာက ၂၀၀၂-၀၃ ရာသီနောက်ပိုင်းအဆိုးရွားဆုံးရာသီအစအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လာလီဂါမှာတစ်ပွဲနိုင်(၃)မှတ်အဖြစ် စတင်သတ်မှတ်ခဲ့ချိန်ကစလို့ ဘာစီလိုနာအသင်းဟာ ၂၀၀၀-၀၁နဲ့ ၂၀၀၂-၀၃ ရာသီတွေမှာ ရာသီအစပွဲစဉ်(၁၁)ကစားအပြီး (၁၆)မှတ်သာရရှိခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ဘာစီလိုနာအသင်းဟာ ထိပ်ဆုံးကရီးယဲလ်နဲ့(၈)မှတ်အထိကွာဟနေပြီဖြစ်တဲ့အတွက် ချန်ပီယံဆုမျှော်လင့်ချက်က စောစောစီးစီးအဆုံးသတ်ရမယ့်အနေအထားပါပဲ။

ဒ့ါအပြင် ဘာစီလိုနာအသင်းဟာ လာမယ့်ကြားရက်ကျရင်လည်း ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ဒိုင်နမိုကိဗ်နဲ့အဝေးကွင်းပွဲကစားရဖို့ရှိနေပြီး အုပ်စုကတက်ဖို့အတွက် နိုင်ပွဲရယူဖို့လိုအပ်နေပေမယ့် အခုလက်ရှိခြေစွမ်းအရ ဒိုင်နမိုကိဗ်ကို ခက်ခက်ခဲခဲကစားရဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ႏွစ္ေပါင္း(၂၀)နီးပါးအၾကာမွာ အဆိုး႐ြားဆုံးရာသီအစရလဒ္နဲ႔ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာ

ရလဒ္ေတြဆိုး႐ြားေနလို႔ နည္းျပေရာ္နယ္လ္ကိုးမန္းကိုထုတ္ပယ္ခဲ့ၿပီး လူငယ္အသင္းနည္းျပဆာဂ်ီဘာဟြမ္ကို ယာယီနည္းျပအျဖစ္ခန႔္အပ္ခဲ့ေပမယ့္လည္း ရလဒ္ဆိုးေတြကို မရပ္တန႔္ႏိုင္ေသးတဲ့ ဘာစီလိုနာအသင္းဟာ မေန႔က အလာဗတ္စ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ အိမ္ကြင္းမွာပဲ(၁-၁)ဂိုးစီသေရက်ခဲ့ျပန္ပါတယ္။

ဘာစီလိုနာအသင္းအတြက္အဖြင့္ဂိုးကို ဒုတိယပိုင္းစလို႔မိနစ္ပိုင္းအၾကာမွာပဲ ဒီပိုင္းက သြင္းယူခဲ့ေပမယ့္ (၅၉)မိနစ္မွာ အလာဗတ္စ္ေတာင္ပံကစားသမားရီယိုယာက ေခ်ပဂိုးျပန္သြင္းခဲ့ၿပီး လက္က်န္မိနစ္ေတြမွာ ဘာစီလိုနာအသင္းအႏိုင္ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ သေရတစ္မွတ္နဲ႔ေက်နပ္ခဲ့ရတာပါ။

အိမ္ကြင္းမွာ ႏိုင္ပြဲမရခဲ့တဲ့အျပင္ ပိုဆိုးတာက ၀ါရင့္ေနာက္ခံလူပီေကး ႂကြက္သားဒဏ္ရာေၾကာင့္ ဒုတိယပိုင္းမွာလူစားလဲခံခဲ့ရသလို တိုက္စစ္မႉးအဂြဲ႐ိုးကလည္း အသက္ရႈက်ပ္တဲ့အေနအထားေၾကာင့္ နည္းျပဆာဂ်ီဘာဟြမ္ဟာ အဂြဲ႐ိုးကို ပထမပိုင္းကတည္းက ေကာ္တင္ဟိုနဲ႔လူစားလဲခဲ့ရပါတယ္။

အခုပြဲသေရက်ခဲ့လို႔ ဘာစီလိုနာအသင္းဟာ လာလီဂါေနာက္ဆုံး(၃)ပြဲမွာ (၂)ပြဲရႈံး၊ (၁)ပြဲသေရရလဒ္ထြက္ေပၚခဲ့ၿပီး (၁)မွတ္သာရရွိခဲ့တဲ့အျပင္ လာလီဂါပြဲစဥ္(၁၁)ပြဲကစားအၿပီးမွာ (၁၆)မွတ္သာရခဲ့တာက ၂၀၀၂-၀၃ ရာသီေနာက္ပိုင္းအဆိုး႐ြားဆုံးရာသီအစအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

လာလီဂါမွာတစ္ပြဲႏိုင္(၃)မွတ္အျဖစ္ စတင္သတ္မွတ္ခဲ့ခ်ိန္ကစလို႔ ဘာစီလိုနာအသင္းဟာ ၂၀၀၀-၀၁နဲ႔ ၂၀၀၂-၀၃ ရာသီေတြမွာ ရာသီအစပြဲစဥ္(၁၁)ကစားအၿပီး (၁၆)မွတ္သာရရွိခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ ဘာစီလိုနာအသင္းဟာ ထိပ္ဆုံးကရီးယဲလ္နဲ႔(၈)မွတ္အထိကြာဟေနၿပီျဖစ္တဲ့အတြက္ ခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္က ေစာေစာစီးစီးအဆုံးသတ္ရမယ့္အေနအထားပါပဲ။ ဒ့ါအျပင္ ဘာစီလိုနာအသင္းဟာ လာမယ့္ၾကားရက္က်ရင္လည္း ခ်န္ပီယံလိဂ္အုပ္စုပြဲအျဖစ္ ဒိုင္နမိုကိဗ္နဲ႔အေဝးကြင္းပြဲကစားရဖို႔ရွိေနၿပီး အုပ္စုကတက္ဖို႔အတြက္ ႏိုင္ပြဲရယူဖို႔လိုအပ္ေနေပမယ့္ အခုလက္ရွိေျခစြမ္းအရ ဒိုင္နမိုကိဗ္ကို ခက္ခက္ခဲခဲကစားရဖို႔ရွိေနပါၿပီ။