နှစ်ချို့ဝိုင်လို အသက်အရွယ်ရလေ ပိုကောင်းလာလေဖြစ်နေတဲ့ စီရော်နယ်ဒို

photo-gettyimages

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုအတွက် အသက်အရွယ်ဆိုတာ ဘာမှမဟုတ်သလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅-၁၆ ရာသီနောက်ပိုင်း သူ့ရဲ့အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေရလို့ပါပဲ။

photo-marca

၂၀၂၀ ထဲမှာဆိုရင် လက်ရှိအချိန်ထိ စီရော်နယ်ဒိုထက် ဂိုးပိုသွင်းနိုင်တဲ့ကစားသမားဆိုလို့ လီဝန်ဒေါစကီးတစ်ယောက်သာရှိပြီး ဒါတောင် အဲဒီပိုလန်သားက ၁ ဂိုးသာပိုကာ စီရော်နယ်ဒိုက ဂိုး ၂၀၊ အဲဒီဘိုင်ယန်တိုက်စစ်မှုးက ၂၁ ဂိုးသွင်းထားတာပါ။ စီရော်နယ်ဒိုဟာ စီးရီးအေ ၁၁ ပွဲဆက်ဂိုးသွင်းယူစံချိန်နဲ့လည်း ၂၀၂၀ ကို စတင်နိုင်ခဲ့ပါတယ်။

photo-credit

ဒီလိုပဲ ကိုဗစ်ကာလနောက်ပိုင်း ဂျူဗင်တပ်အတွက် ၈ ပွဲမှာလည်း ၇ ဂိုးသွင်းယူထားကာ နောက်ဆုံးစီးရီးအေ ၆ ပွဲဆက်လည်း ဂိုးသွင်းထားပါတယ်။ သူ့ရဲ့နောက်ဆုံးသွင်းဂိုးတွေက ပင်နယ်တီကနေ လာတာဖြစ်ပြီး အတ္တလန္တာနဲ့ နောက်ဆုံးပွဲက ၂ ဂိုးကြောင့် စီးရီးအေထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ၂၉ ဂိုးသွင်းထားတဲ့ ထိပ်ဆုံးက အင်မိုဘိုင်းနဲ့ ၁ ဂိုးသာကွာပါတော့တယ်။

photo-credit

ဒါကြောင့်လည်း အဲဒီရီးရဲလ်ကြယ်ပွင့်ဟောင်းဟာ သူ့ရဲ့၅ ကြိမ်မြောက် ဥရောပရွှေဖိနပ်ဆုအတွက် မျှော်မှန်းလာနိုင်ခဲ့ပြီး လီဝန်ဒေါစကီးရဲ့ ၃၄ ဂိုးကိုလိုက်မီနိုင်ဖို့ ၆ ပွဲကစားဖို့ ကျန်ပါသေးတယ်။ စီရော်နယ်ဒိုဟာ ၂၀၁၈ ကမှ တူရင်ကိုရောက်လာတာဖြစ်ပေမယ့် ၈၃ ပွဲမှာ ဂိုး ၆၀ သွင်းထားလို့ ဂျူဗင်တပ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူ ၂၅ ဦးစာရင်းထဲမှာတောင် အပါအဝင်ဖြစ်နေပါပြီ။

photo-credit

သူဟာ နောက်ဆုံး ၃ ရာသီမှာ အမှတ်ပေးသွင်းဂိုးအနေနဲ့ ၂၀၁၆-၁၇ မှာ ၂၅ ဂိုး၊ ၂၀၁၇-၁၈ မှာ ၂၆ ဂိုး၊ ၂၀၁၈-၁၉ မှာ ၂၁ ဂိုးရှိခဲ့ပေမယ့် ဒီရာသီမှာတော့ အခုကတည်းက ၂၈ ဂိုးရှိထားတာပါ။ ဂျူဗင်တပ်က စီးရီးအေချန်ပီယံပြေးလမ်းမှာ အမှတ်ဖြတ်ဦးဆောင်နေတဲ့အတွက် စီရော်နယ်ဒိုဟာ စံချိန်မှတ်တမ်းတွေချိုးနိုင်ရေးကိုသာ အာရုံစိုက်ရတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ႏွစ္ခ်ိဳ႕၀ိုင္လို အသက္အရြယ္ရေလ ပိုေကာင္းလာေလျဖစ္ေနတဲ့ စီေရာ္နယ္ဒို

၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုအတြက္ အသက္အရြယ္ဆိုတာ ဘာမွမဟုတ္သလုိပါပဲ။ ဘာေၾကာင့္လဲဆုိေတာ့ ၂၀၁၅-၁၆ ရာသီေနာက္ပိုင္း သူ႔ရဲ႕အေကာင္းဆုံးရာသီတစ္ခုကို ျဖတ္သန္းေနရလုိ႔ပါပဲ။

၂၀၂၀ ထဲမွာဆုိရင္ လက္ရွိအခ်ိန္ထိ စီေရာ္နယ္ဒိုထက္ ဂိုးပိုသြင္းႏိုင္တဲ့ကစားသမားဆုိလုိ႔ လီ၀န္ေဒါစကီးတစ္ေယာက္သာရွိၿပီး ဒါေတာင္ အဲဒီပိုလန္သားက ၁ ဂိုးသာပိုကာ စီေရာ္နယ္ဒိုက ဂိုး ၂၀၊ အဲဒီဘိုင္ယန္တုိက္စစ္မႈးက ၂၁ ဂိုးသြင္းထားတာပါ။ စီေရာ္နယ္ဒုိဟာ စီးရီးေအ ၁၁ ပြဲဆက္ဂိုးသြင္းယူစံခ်ိန္နဲ႔လည္း ၂၀၂၀ ကို စတင္ႏိုင္ခဲ့ပါတယ္။

ဒီလိုပဲ ကိုဗစ္ကာလေနာက္ပိုင္း ဂ်ဴဗင္တပ္အတြက္ ၈ ပြဲမွာလည္း ၇ ဂိုးသြင္းယူထားကာ ေနာက္ဆုံးစီးရီးေအ ၆ ပြဲဆက္လည္း ဂိုးသြငး္ထားပါတယ္။ သူ႔ရဲ႕ေနာက္ဆုံးသြင္းဂိုးေတြက ပင္နယ္တီကေန လာတာျဖစ္ၿပီး အတၱလႏၱာနဲ႔ ေနာက္ဆုံးပြဲက ၂ ဂိုးေၾကာင့္ စီးရီးေအထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ၂၉ ဂိုးသြင္းထားတဲ့ ထိပ္ဆုံးက အင္မိုဘိုင္းနဲ႔ ၁ ဂိုးသာကြာပါေတာ့တယ္။

ဒါေၾကာင့္လည္း အဲဒီရီးရဲလ္ၾကယ္ပြင့္ေဟာင္းဟာ သူ႔ရဲ႕၅ ႀကိမ္ေျမာက္ ဥေရာပေရႊဖိနပ္ဆုအတြက္ ေမွ်ာ္မွန္းလာႏိုင္ခဲ့ၿပီး လီ၀န္ေဒါစကီးရဲ႕ ၃၄ ဂိုးကိုလိုက္မီႏိုင္ဖို႔ ၆ ပြဲကစားဖို႔ က်န္ပါေသးတယ္။ စီေရာ္နယ္ဒိုဟာ ၂၀၁၈ ကမွ တူရင္ကိုေရာက္လာတာျဖစ္ေပမယ့္ ၈၃ ပြဲမွာ ဂိုး ၆၀ သြင္းထားလုိ႔ ဂ်ဴဗင္တပ္သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူ ၂၅ ဦးစာရင္းထဲမွာေတာင္ အပါအ၀င္ျဖစ္ေနပါၿပီ။

သူဟာ ေနာက္ဆုံး ၃ ရာသီမွာ အမွတ္ေပးသြင္းဂိုးအေနနဲ႔ ၂၀၁၆-၁၇ မွာ ၂၅ ဂုိး၊ ၂၀၁၇-၁၈ မွာ ၂၆ ဂိုး၊ ၂၀၁၈-၁၉ မွာ ၂၁ ဂိုးရွိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ အခုကတည္းက ၂၈ ဂိုးရွိထားတာပါ။ ဂ်ဴဗင္တပ္က စီးရီးေအခ်န္ပီယံေျပးလမ္းမွာ အမွတ္ျဖတ္ဦးေဆာင္ေနတဲ့အတြက္ စီေရာ္နယ္ဒုိဟာ စံခ်ိန္မွတ္တမ္းေတြခ်ိဳးႏိုင္ေရးကိုသာ အာရုံစိုက္ရေတာ့မွာပါ။