နွေရာသီမှာ ပြောင်းရွှေ့ကြေးအများဆုံးသုံးခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအရှိဆုံးကစားသမားစုဖွဲ့မှုစာရင်းမှာ အာဆင်နယ် အဆင့်(၇)သာရရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးသုံးစွဲခဲ့တဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံးကစားသမားအစုအဖွဲ့စာရင်းမှာတော့ အဆင့်(၇)သာရရှိခဲ့ပါတယ်။

အာတီတာဟာ နွေရာသီကာလမှာ ဘန်ဝှိုက်ကို နောက်ခံလူတစ်ဦးအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)နဲ့ခေါ်ယူခဲ့သလို ရမ်စဒေးလ်၊ အော်ဒီဂွါတို့အပါအဝင် ကစားသမားသစ်တွေအတွက် ပေါင်(၁၂၁)သန်းအထိအသုံးပြုပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ နာမည်ကျော်အားကစားဝက်ဘ်ဆိုက်ဖြစ်တဲ့ Transfermarkt က ထုတ်ပြန်တဲ့ တန်ဖိုးအမြင့်ဆုံးကစားသမားအစုအဖွဲ့ပိုင်ဆိုင်ထားတဲ့ပရီးမီးယားလိဂ်အသင်းစာရင်းမှာ

ပြီးခဲ့တဲ့နွေရာသီစျေးကွက်အတွင်း ပေါင်(၁)သန်းကျော်သာအသုံးပြုခဲ့တဲ့ အဲဗာတန်အသင်းရဲ့အထက် အဆင့်(၇)နေရာမှာသာရပ်တည်နေတာပါ။

အခုစာရင်းထိပ်ဆုံးမှာရပ်တည်နေတာက ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)နဲ့ခေါ်ယူခဲ့တဲ့ မန်စီးတီးအသင်းပဲဖြစ်ပြီး သူတို့ကစားသမားတွေရဲ့ စုစုပေါင်းတန်ဖိုးကပေါင်(၉၃၄.၄၇)သန်းအထိရှိနေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒုတိယနေရာက မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းထက် ပေါင်သန်း(၁၀၀)နီးပါး အသာရခဲ့ပြီး ပထမအသင်းကစားသမားအရေအတွက်မှာ

မန်ချက်စတာယူနိုက်တက်အသင်းက မန်စီးတီးအသင်းထက် (၆)ဦးအထိပိုများနေပေမယ့် တန်ဖိုးချင်းနှိုင်းယှဉ်မှုမှာတော့ ကွာခြားမှုကြီးမားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ကစားသမားတွေရဲ့စုစုပေါင်းတန်ဖိုးက ပေါင်(၈၄၃.၅၃)သန်းရှိခဲ့ပြီး (၁၂)နှစ်အကြာမှာ အသင်းဆီတစ်ကျော့ပြန်ရောက်ရှိလာတဲ့ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့စျေးကွက်ပေါက်ကြေးကို Transfermarkt က ပေါင်သန်း(၄၀)သတ်မှတ်ခဲ့ပါတယ်။

လူကာကူကို ပြန်ခေါ်ခဲ့တဲ့ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ကတော့ ပေါင်(၇၉၃.၃၅)သန်း၊ ပေါင်(၇၉၁.၅၅)သန်းတို့နဲ့ အဆင့်(၃)၊(၄)နေရာတွေမှာရပ်တည်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ တန်ဖိုးအနည်းဆုံးကစားသမားအစုအဖွဲ့ပိုင်ဆိုင်ထားတဲ့ အသင်းကတော့ ဒီရာသီမှာတန်းပြန်တက်လာတဲ့ ဝက်ဖို့ဒ်အသင်းပဲဖြစ်ပြီး သူတို့အသင်းကစားသမားတွေရဲ့ စုစုပေါင်းတန်ဖိုးက ပေါင်(၁၁၉.၇)သန်းသာရှိနေတာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေႏြရာသီမွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးသုံးခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕တန္ဖိုးအရွိဆုံးကစားသမားစုဖြဲ႕မႈစာရင္းမွာ အာဆင္နယ္ အဆင့္(၇)သာရရွိ

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း ပရီးမီးယားလိဂ္ကလပ္အသင္းေတြထဲမွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးသုံးစြဲခဲ့တဲ့အသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ေပမယ့္ ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ တန္ဖိုးအရွိဆုံးကစားသမားအစုအဖြဲ႕စာရင္းမွာေတာ့ အဆင့္(၇)သာရရွိခဲ့ပါတယ္။ အာတီတာဟာ ေႏြရာသီကာလမွာ ဘန္ဝႈိက္ကို ေနာက္ခံလူတစ္ဦးအတြက္ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၅၀)နဲ႔ေခၚယူခဲ့သလို ရမ္စေဒးလ္၊ ေအာ္ဒီဂြါတို႔အပါအဝင္ ကစားသမားသစ္ေတြအတြက္ ေပါင္(၁၂၁)သန္းအထိအသုံးျပဳၿပီး ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ နာမည္ေက်ာ္အားကစားဝက္ဘ္ဆိုက္ျဖစ္တဲ့ Transfermarkt က ထုတ္ျပန္တဲ့ တန္ဖိုးအျမင့္ဆုံးကစားသမားအစုအဖြဲ႕ပိုင္ဆိုင္ထားတဲ့ပရီးမီးယားလိဂ္အသင္းစာရင္းမွာ ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္အတြင္း ေပါင္(၁)သန္းေက်ာ္သာအသုံးျပဳခဲ့တဲ့ အဲဗာတန္အသင္းရဲ႕အထက္ အဆင့္(၇)ေနရာမွာသာရပ္တည္ေနတာပါ။ အခုစာရင္းထိပ္ဆုံးမွာရပ္တည္ေနတာက ဂရီးလစ္ရွ္ကို ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၁၀၀)နဲ႔ေခၚယူခဲ့တဲ့ မန္စီးတီးအသင္းပဲျဖစ္ၿပီး သူတို႔ကစားသမားေတြရဲ႕ စုစုေပါင္းတန္ဖိုးကေပါင္(၉၃၄.၄၇)သန္းအထိရွိေနတာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ဒုတိယေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းထက္ ေပါင္သန္း(၁၀၀)နီးပါး အသာရခဲ့ၿပီး ပထမအသင္းကစားသမားအေရအတြက္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက မန္စီးတီးအသင္းထက္ (၆)ဦးအထိပိုမ်ားေနေပမယ့္ တန္ဖိုးခ်င္းႏႈိင္းယွဥ္မႈမွာေတာ့ ကြာျခားမႈႀကီးမားခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္း ကစားသမားေတြရဲ႕စုစုေပါင္းတန္ဖိုးက ေပါင္(၈၄၃.၅၃)သန္းရွိခဲ့ၿပီး (၁၂)ႏွစ္အၾကာမွာ အသင္းဆီတစ္ေက်ာ့ျပန္ေရာက္ရွိလာတဲ့ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုရဲ႕ေစ်းကြက္ေပါက္ေၾကးကို Transfermarkt က ေပါင္သန္း(၄၀)သတ္မွတ္ခဲ့ပါတယ္။

လူကာကူကို ျပန္ေခၚခဲ့တဲ့ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္အသင္းတို႔ကေတာ့ ေပါင္(၇၉၃.၃၅)သန္း၊ ေပါင္(၇၉၁.၅၅)သန္းတို႔နဲ႔ အဆင့္(၃)၊(၄)ေနရာေတြမွာရပ္တည္ေနတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကလပ္အသင္းေတြထဲမွာ တန္ဖိုးအနည္းဆုံးကစားသမားအစုအဖြဲ႕ပိုင္ဆိုင္ထားတဲ့ အသင္းကေတာ့ ဒီရာသီမွာတန္းျပန္တက္လာတဲ့ ဝက္ဖို႔ဒ္အသင္းပဲျဖစ္ၿပီး သူတို႔အသင္းကစားသမားေတြရဲ႕ စုစုေပါင္းတန္ဖိုးက ေပါင္(၁၁၉.၇)သန္းသာရွိေနတာပဲျဖစ္ပါတယ္။