နွေရာသီမှာ စပါးကနေ ယူနိုက်တက်ကို ပြောင်းဖို့ ဟယ်ရီကိန်း အသင့်ရှိနေပြီလို့ဆို

Photo Credit

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ လာမယ့်နွေရာသီအတွင်း ပြည်တွင်းပြိုင်ဘက် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ တကယ်လို့များ အဲဒီသတင်းအတိုင်းသာ ယူနိုက်တက်ကို ဟယ်ရီကိန်း ရောက်သွားရင် စပါးအသင်းနည်းပြ မော်ရင်ညိုအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာမှာသေချာပါတယ်။

Photo Credit

မော်ရင်ညိုဟာ ၂၀၂၀-၂၁ ရာသီမတိုင်ခင် လာမယ့်နွေရာသီအတွင်း အသင်းကို ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်ဖို့ စီစဉ်နေပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အသင်းကြီးတွေရဲ့ဆွဲဆောင်မှုကို ငြင်းဆန်ခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကတော့ နည်းပြဆိုးလ်ရှားရဲ့ယူနိုက်တက်ကို ပြောင်းရွှေ့လိုနေတယ်လို့ Goal သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit

ဟယ်ရီကိန်းက စပါးအသင်းရဲ့ပြန်လည်ပြုပြင်ရေးကာလအတွင်း အသင်းနဲ့ဆက်လက်လက်တွဲဖို့ စဉ်းစားချင့်ချိန်နေပြီး အခုတော့ ယူနိုက်တက်အသင်းအမှုဆောင် ဒု-ဥက္ကဋ္ဌ ဝုဒ်ဝါ့ဒ်လည်း အသက် ၂၆နှစ်အရွယ်ရှိ ဟယ်ရီကိန်းကို ခေါ်ယူဖု့ိ ကမ်းလှမ်းလာနိုင်ပါတယ်။

Photo Credit

ဟယ်ရီကိန်းက ယူနိုက်တက်ကို ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်လာချိန်မှာ ဝုဒ်ဝါ့ဒ်ကလည်း အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ အစွမ်းကုန်ကြိုးစားဖွယ်ရှိနေပါတယ်။ တကယ်လို့ ဟယ်ရီကိန်းသာ ယူနိုက်တက်ကို ရောက်လာရင် အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းမှာ အင်္ဂလန်အသင်းဖော်အများအပြားနဲ့ လက်တွဲခွင့်ရရှိမှာဖြစ်ပါတယ်။

Photo Credit

အထူးသဖြင့် တိုက်စစ်ပိုင်းမှာ အင်္ဂလန်အသင်းဖော်လည်းဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ တွဲကစားရနိုင်ပြီး သူတို့နှစ်ဦးဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့အဓိကတိုက်စစ်အတွဲဖြစ်လာနိုင်ပါတယ်။

Photo Credit

နောက်ပြီး မက်ဂွိုင်းယား၊ လုခ်ရှောနဲ့ လင်ဂတ်တို့လည်း ရှိနေသေးပြီး ဟယ်ရီကိန်းလည်း ပြန်ကစားနိုင်ဖို့ နီးစပ်နေပြီဖြစ်ကာ ဧပြီလလယ်လောက်မှာ ပြန်ကစားနိုင်ဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ မတ်လ ၁၅ရက်နေ့မှာ စပါးနဲ့ လိဂ်အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ေႏြရာသီမွာ စပါးကေန ယူႏုိက္တက္ကို ေျပာင္းဖို႔ ဟယ္ရီကိန္း အသင့္ရွိေနၿပီလုိ႔ဆုိ

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ စပါးအသင္းတုိက္စစ္မွဴး ဟယ္ရီကိန္းဟာ လာမယ့္ေႏြရာသီအတြင္း ျပည္တြင္းၿပိဳင္ဘက္ ယူႏိုက္တက္အသင္းကို ေျပာင္းေရႊ႕ဖုိ႔ အဆင္သင့္ရွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ တကယ္လုိ႔မ်ား အဲဒီသတင္းအတုိင္းသာ ယူႏုိက္တက္ကို ဟယ္ရီကိန္း ေရာက္သြားရင္ စပါးအသင္းနည္းျပ ေမာ္ရင္ညိဳအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာမွာေသခ်ာပါတယ္။
ေမာ္ရင္ညိဳဟာ ၂၀၂၀-၂၁ ရာသီမတိုင္ခင္ လာမယ့္ေႏြရာသီအတြင္း အသင္းကို ႀကီးႀကီးမားမားအေျပာင္းအလဲျပဳလုပ္ဖို႔ စီစဥ္ေနေပမယ့္ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အသင္းႀကီးေတြရဲ႕ဆြဲေဆာင္မႈကို ျငင္းဆန္ခဲ့တ့ဲ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းကေတာ့ နည္းျပဆုိးလ္ရွားရဲ႕ယူႏုိက္တက္ကို ေျပာင္းေရႊ႕လုိေနတယ္လုိ႔ Goal သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဟယ္ရီကိန္းက စပါးအသင္းရဲ႕ျပန္လည္ျပဳျပင္ေရးကာလအတြင္း အသင္းနဲ႔ဆက္လက္လက္တြဲဖို႔ စဥ္းစားခ်င့္ခ်ိန္ေနၿပီး အခုေတာ့ ယူႏုိက္တက္အသင္းအမႈေဆာင္ ဒု-ဥကၠ႒ ၀ုဒ္၀ါ့ဒ္လည္း အသက္ ၂၆ႏွစ္အရြယ္ရွိ ဟယ္ရီကိန္းကို ေခၚယူဖု႔ိ ကမ္းလွမ္းလာႏိုင္ပါတယ္။
ဟယ္ရီကိန္းက ယူႏုိက္တက္ကို ေျပာင္းေရႊ႕လုိေနတယ္လုိ႔ သတင္းေတြက်ယ္ျပန္႔စြာထြက္ေပၚလာခ်ိန္မွာ ၀ုဒ္၀ါ့ဒ္ကလည္း အေျပာင္းအေရႊ႕ျဖစ္ေျမာက္လာဖို႔ အစြမ္းကုန္ႀကိဳးစားဖြယ္ရွိေနပါတယ္။ တကယ္လုိ႔ ဟယ္ရီကိန္းသာ ယူႏုိက္တက္ကို ေရာက္လာရင္ အုိးထရက္ဖုိ႔ဒ္အေျခစုိက္အသင္းမွာ အဂၤလန္အသင္းေဖာ္အမ်ားအျပားနဲ႔ လက္တြဲခြင့္ရရွိမွာျဖစ္ပါတယ္။
အထူးသျဖင့္ တုိက္စစ္ပိုင္းမွာ အဂၤလန္အသင္းေဖာ္လည္းျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ တြဲကစားရႏိုင္ၿပီး သူတို႔ႏွစ္ဦးဟာ လက္ရွိအခ်ိန္မွာ ဒဏ္ရာျပႆနာေတြေၾကာင့္ အနားယူေနရေပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ၀င္ အဂၤလန္အသင္းရဲ႕အဓိကတုိက္စစ္အတြဲျဖစ္လာႏုိင္ပါတယ္။
ေနာက္ၿပီး မက္ဂြိဳင္းယား၊ လုခ္ေရွာနဲ႔ လင္ဂတ္တုိ႔လည္း ရွိေနေသးၿပီး ဟယ္ရီကိန္းလည္း ျပန္ကစားႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ကာ ဧၿပီလလယ္ေလာက္မွာ ျပန္ကစားႏုိင္ဖြယ္ရွိေနပါတယ္။ ယူႏုိက္တက္ဟာ မတ္လ ၁၅ရက္ေန႔မွာ စပါးနဲ႔ လိဂ္အေ၀းကြင္းပြဲက်ပ္ကစားရမွာျဖစ္ပါတယ္။