နွေဈေးကွက်မှာ နေမာကို ပြန်ခေါ်ဖို့ ထပ်ကြိုးစားဦးမယ့် ဘာစီလိုနာ

Photo Credit

Photo Credit

ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီစတား နေမာကို ပြန်လည်ခေါ်ယူဖို့ ဆက်လက်စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပြီး လာမယ့်နွေရာသီဈေးကွက်အတွင်း ခေါ်ယူဖို့ ထပ်မံကြိုးစားလာဖွယ်ရှိနေပါတယ်။

Photo Credit

ဘရာဇီးလက်ရွေးစင် နေမာဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီး ကစားသမားကိုယ်တိုင်က နူးကမ့်အခြေစိုက်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုပေမယ့် ပီအက်စ်ဂျီအသင်းက လက်သင့်မခံခဲ့လို့ အပြောင်းအရွှေ့မဖြစ်ပေါ်ခဲ့ပါဘူး။

Photo Credit

နေမာဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ပုံမှန်ခြေစွမ်းပြသနေပြီး ဘာစီလိုနာအသင်းနဲ့နီးစပ်တဲ့အတွင်းသတင်းတွေရဲ့ဖော်ပြချက်အရ နွေရာသီအတွင်း အဓိကပစ်မှတ်အဖြစ် နေမာကို ပြန်လည်ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ရည်မှန်းထားတယ်လို့ သိရပါတယ်။

Photo Credit

ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီက အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ အေဂျက်စ်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်တို့ကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူခဲ့ပေမယ့် နေမာအတွက်လည်း လာမယ့်နွေရာသီအတွင်း ငွေကြေးအများအပြား ဆက်လက်သုံးစွဲဖွယ်ရှိနေပါတယ်။

Photo Credit

ဘာစီလိုနာအသင်းဟာ နေမာအတွက် သုံးစွဲရဖွယ်ရှိတဲ့ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းထဲက တစ်ဝက်လောက်ကို ကစားသမားရောင်းချရမှုကနေ ရှာဖွေဖို့ မျှော်လင့်နေပြီး ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာ လီယိုနာဒိုက ပြီးခဲ့တဲ့နွေရာသီအတွင်း နေမာရဲ့ပြောင်းရွှေ့ကြေးကို ယူရို ၂၂၂သန်း သတ်မှတ်ထားခဲ့တာပါ။

Photo Credit

နေမာဟာ ၂၀၁၃ ကနေ ၂၀၁၇ အတွင်း ဘာစီလိုနာအတွက် ၁၈၆ ပွဲမှာ ၁၀၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လာလီဂါအမှတ်ပေးချန်ပီယံဆု ၂ကြိမ်ရရှိခဲ့သလို ၂၀၁၅ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် ၂၀၁၇ သြဂုတ်လမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားတာပါ။

Photo Credit

ဒါပေမဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက နေမာ ပြန်လည်ရောက်ရှိလာရေးအတွက် အလွန်အမင်းဆန္ဒပြင်းပြနေပြီး နေမာကိုသာ ခေါ်ယူနိုင်ခဲ့ရင် ဘာစီလိုနာလည်း မက်ဆီကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ သေချာသလောက်ဖြစ်သွားမှာပါ။

Photo Credit

Zawgyi

ေႏြေစ်းကြက္မွာ ေနမာကို ျပန္ေခၚဖို႔ ထပ္ႀကိဳးစားဦးမယ့္ ဘာစီလုိနာ

ဘာစီလိုနာအသင္းဟာ ပီအက္စ္ဂ်ီစတား ေနမာကို ျပန္လည္ေခၚယူဖို႔ ဆက္လက္စိတ္ပိုင္းျဖတ္ထားဆဲျဖစ္ၿပီး လာမယ့္ေႏြရာသီေစ်းကြက္အတြင္း ေခၚယူဖို႔ ထပ္မံႀကိဳးစားလာဖြယ္ရွိေနပါတယ္။
ဘရာဇီးလက္ေရြးစင္ ေနမာဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘာစီလုိနာကို ျပန္လည္ေျပာင္းေရႊ႕ဖုိ႔ သတင္းေတြ က်ယ္ျပန္႔စြာထြက္ေပၚခဲ့ၿပီး ကစားသမားကုိယ္တုိင္က ႏူးကမ့္အေျခစုိက္အသင္းကို ျပန္လည္ေျပာင္းေရႊ႕လိုေပမယ့္ ပီအက္စ္ဂ်ီအသင္းက လက္သင့္မခံခဲ့လုိ႔ အေျပာင္းအေရႊ႕မျဖစ္ေပၚခဲ့ပါဘူး။
ေနမာဟာ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးေနာက္ ပုံမွန္ေျခစြမ္းျပသေနၿပီး ဘာစီလုိနာအသင္းနဲ႔နီးစပ္တဲ့အတြင္းသတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေႏြရာသီအတြင္း အဓိကပစ္မွတ္အျဖစ္ ေနမာကို ျပန္လည္ေခၚယူဖို႔ ဘာစီလုိနာအသင္းက ရည္မွန္းထားတယ္လုိ႔ သိရပါတယ္။
ဘာစီလုိနာဟာ ၿပီးခဲ့တဲ့ေႏြရာသီက အက္သလက္တီကိုတိုက္စစ္မွဴး ဂရစ္ဇ္မန္းနဲ႔ ေအဂ်က္စ္ကြင္းလယ္လူ ဖရန္ကီဒီေဂ်ာင္တုိ႔ကို ေျပာင္းေရႊ႕ေၾကးျမင့္မားစြာနဲ႔ ေခၚယူခဲ့ေပမယ့္ ေနမာအတြက္လည္း လာမယ့္ေႏြရာသီအတြင္း ေငြေၾကးအမ်ားအျပား ဆက္လက္သုံးစြဲဖြယ္ရွိေနပါတယ္။
ဘာစီလုိနာအသင္းဟာ ေနမာအတြက္ သုံးစြဲရဖြယ္ရွိတဲ့ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂သန္းထဲက တစ္၀က္ေလာက္ကို ကစားသမားေရာင္းခ်ရမႈကေန ရွာေဖြဖုိ႔ ေမွ်ာ္လင့္ေနၿပီး ပီအက္စ္ဂ်ီအသင္းအားကစားဒါ႐ိုက္တာ လီယိုနာဒိုက ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ေနမာရဲ႕ေျပာင္းေရႊ႕ေၾကးကို ယူ႐ို ၂၂၂သန္း သတ္မွတ္ထားခဲ့တာပါ။
ေနမာဟာ ၂၀၁၃ ကေန ၂၀၁၇ အတြင္း ဘာစီလုိနာအတြက္ ၁၈၆ ပဲြမွာ ၁၀၅ ဂိုးအထိ သြင္းယူႏုိင္ခဲ့ၿပီး လာလီဂါအမွတ္ေပးခ်န္ပီယံဆု ၂ႀကိမ္ရရွိခဲ့သလို ၂၀၁၅ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗုိလ္စြဲႏိုင္ခဲ့ၿပီးေနာက္ ၂၀၁၇ ၾသဂုတ္လမွာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ို ၂၂၂သန္းနဲ႔ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕သြားတာပါ။
ဒါေပမဲ့ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီက ေနမာ ျပန္လည္ေရာက္ရွိလာေရးအတြက္ အလြန္အမင္းဆႏၵျပင္းျပေနၿပီး ေနမာကိုသာ ေခၚယူႏိုင္ခဲ့ရင္ ဘာစီလုိနာလည္း မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိႏိုင္ဖို႔ ေသခ်ာသေလာက္ျဖစ္သြားမွာပါ။