
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ဘယ်နောက်ခံလူလုခ်ရှောဟာ နံရိုးကျိုးတဲ့ဒဏ်ရာရှိနေပေမယ့် အင်္ဂလန်အသင်းအတွက် ပေးဆပ်လိုချင်တဲ့စိတ်ကြောင့် ပြီးခဲ့တဲ့ယူရို-၂၀၂၀ ကွာတားဖိုင်နယ်ကနေ ဗိုလ်လုပွဲအထိ ဆက်တိုက်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
လုခ်ရှောဟာ ဂျာမနီအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ နံရိုးကျိုးတဲ့ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲအထိတောက်လျှောက်ကစားခဲ့သလို
ယူကရိန်းကို (၄)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ ဂိုးဖန်တီးမှုနှစ်ကြိမ်၊ အီတလီနဲ့ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအတွက် ဦးဆောင်ဂိုးတွေသွင်းယူခဲ့ပါသေးတယ်။
ခရိုအေးရှားကို အနိုင်ရခဲ့တဲ့အုပ်စုပွဲကလွဲလို့ ကျန်တဲ့ပွဲတိုင်းမှာ ပါဝင်ကစားခဲ့တဲ့လုခ်ရှောဟာ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းကောင်းပြသခဲ့တာကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့အကောင်းဆုံး(၁၁)ဦးစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် နံရိုးကျိုးဒဏ်ရာရရှိခဲ့တာက ယူနိုက်တက်အသင်းအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ လုခ်ရှောရဲ့ဒဏ်ရာကို အမြန်ဆုံးစမ်းသပ်စစ်ဆေးသွားမှာဖြစ်ပြီး နည်းပြဆိုးလ်ရှားကတော့ လုခ်ရှောအနေနဲ့ မကြာခင်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာမယ်လို့ မျှော်လင့်နေပါတယ်။
အခုလောလောဆယ် လုခ်ရှောဟာ အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ ဒီကလန်ရိုက်စ်၊ မေဆင်မောင့်၊ ဝေါလ်ကာ၊ ဘင်ချီဝဲလ်၊ ဂရီးလစ်ရှ်၊ ကယ်လ်ဗင်ဖိလစ်၊ ဘန်ဝှိုက်တို့နဲ့အတူ ဂရိနိုင်ငံက Mykonos ကျွန်းမှာအပန်းဖြေခရီးရောက်ရှိနေပြီး မကြာခင်မှာ ယူနိုက်တက်အသင်းနဲ့ပြန်လည်ပူးပေါင်းဖို့ရှိနေပါပြီ။
၂၀၂၁-၂၂ ရာသီသစ်က လာမယ့်သြဂုတ်လကျရင် စတင်တော့မှာဖြစ်လို့ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့အဓိကနောက်ခံလူဖြစ်တဲ့လုခ်ရှောရဲ့ဒဏ်ရာ ပြင်းထန်မှာကို စိုးရိမ်နေပါတယ်။
လုခ်ရှောဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့ဘယ်ခြမ်းမှာအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး အဲဒါကြောင့်ပဲ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က သူ့ကို ယူရို-၂၀၂၀ ပြိုင်ပွဲဝင်အင်္ဂလန်အသင်းအတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
နံ႐ိုးက်ိဳးေနတာေတာင္ ယူ႐ိုကြာတားဖိုင္နယ္ကေန ဗိုလ္လုပြဲအထိကစားခဲ့တဲ့ လုခ္ေရွာ
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ဘယ္ေနာက္ခံလူလုခ္ေရွာဟာ နံ႐ိုးက်ိဳးတဲ့ဒဏ္ရာရွိေနေပမယ့္ အဂၤလန္အသင္းအတြက္ ေပးဆပ္လိုခ်င္တဲ့စိတ္ေၾကာင့္ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂၀ ကြာတားဖိုင္နယ္ကေန ဗိုလ္လုပြဲအထိ ဆက္တိုက္ပါဝင္ကစားခဲ့တာျဖစ္ပါတယ္။ လုခ္ေရွာဟာ ဂ်ာမနီအသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ နံ႐ိုးက်ိဳးတဲ့ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဗိုလ္လုပြဲအထိေတာက္ေလွ်ာက္ကစားခဲ့သလို ယူကရိန္းကို (၄)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲမွာ ဂိုးဖန္တီးမႈႏွစ္ႀကိမ္၊ အီတလီနဲ႔ဗိုလ္လုပြဲမွာ အဂၤလန္အသင္းအတြက္ ဦးေဆာင္ဂိုးေတြသြင္းယူခဲ့ပါေသးတယ္။
ခ႐ိုေအးရွားကို အႏိုင္ရခဲ့တဲ့အုပ္စုပြဲကလြဲလို႔ က်န္တဲ့ပြဲတိုင္းမွာ ပါဝင္ကစားခဲ့တဲ့လုခ္ေရွာဟာ ယူ႐ိုၿပိဳင္ပြဲမွာ ေျခစြမ္းေကာင္းျပသခဲ့တာေၾကာင့္ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲရဲ႕အေကာင္းဆုံး(၁၁)ဦးစာရင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ နံ႐ိုးက်ိဳးဒဏ္ရာရရွိခဲ့တာက ယူႏိုက္တက္အသင္းအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။
ယူႏိုက္တက္အသင္းဟာ လုခ္ေရွာရဲ႕ဒဏ္ရာကို အျမန္ဆုံးစမ္းသပ္စစ္ေဆးသြားမွာျဖစ္ၿပီး နည္းျပဆိုးလ္ရွားကေတာ့ လုခ္ေရွာအေနနဲ႔ မၾကာခင္အသင္းရဲ႕ေလ့က်င့္ေရးကြင္းကို ေရာက္ရွိလာမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ အခုေလာေလာဆယ္ လုခ္ေရွာဟာ အဂၤလန္အသင္းေဖာ္ေတြျဖစ္တဲ့ ဒီကလန္႐ိုက္စ္၊ ေမဆင္ေမာင့္၊ ေဝါလ္ကာ၊ ဘင္ခ်ီဝဲလ္၊ ဂရီးလစ္ရွ္၊ ကယ္လ္ဗင္ဖိလစ္၊ ဘန္ဝႈိက္တို႔နဲ႔အတူ ဂရိႏိုင္ငံက Mykonos ကြၽန္းမွာအပန္းေျဖခရီးေရာက္ရွိေနၿပီး မၾကာခင္မွာ ယူႏိုက္တက္အသင္းနဲ႔ျပန္လည္ပူးေပါင္းဖို႔ရွိေနပါၿပီ။
၂၀၂၁-၂၂ ရာသီသစ္က လာမယ့္ၾသဂုတ္လက်ရင္ စတင္ေတာ့မွာျဖစ္လို႔ ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕အဓိကေနာက္ခံလူျဖစ္တဲ့လုခ္ေရွာရဲ႕ဒဏ္ရာ ျပင္းထန္မွာကို စိုးရိမ္ေနပါတယ္။ လုခ္ေရွာဟာ ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းရဲ႕ဘယ္ျခမ္းမွာအေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး အဲဒါေၾကာင့္ပဲ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က သူ႔ကို ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဝင္အဂၤလန္အသင္းအတြက္ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။