နံပါတ် ၁၇ ဝတ်ဆင်ကစားမယ့် ချဲလ်ဆီး အသင်းသားသစ် နီဂွက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဝတ်ဆင်မယ့် ဆာအူးလ်နီဂွက်ဇ်ရဲ့ ကျောနံပါတ်ကိုကြေညာခဲ့ပြီး စပိန်နိုင်ငံသားဟာ အနောက်လန်ဒန်မှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

ကျောနံပါတ် ၁၇ ကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကိုဗာဆစ်က ဝတ်ဆင်ခဲ့တာဖြစ်ပြီး ယခုနှစ်ရာသီမှာတော့ အသင်းရဲ့ ဂန္တဝင်ကျောနံပါတ်ဖြစ်တဲ့ ၈ ကို ပြောင်းလဲဝတ်ဆင်သွားခဲ့တာကြောင့် လစ်လပ်သွားခဲ့တဲ့ ၁၇ ကို နီဂွက်ဇ်က ဆက်ခံခဲ့တာဖြစ်ပါတယ်။

ကျောနံပါတ် ၁၇ ဟာ ချဲလ်ဆီးအသင်းမှာ နာမည်ကျော်ကစားသမား အတော်များများ ဝတ်ဆင်ခဲ့တဲ့ နံပါတ်တစ်ခုဖြစ်ပြီး ဘော်စင်ဝါ၊ ဟာဇက်၊ ဆာလားဟ်၊ ပတ်ဒရိုတို့လည်း ဝတ်ဆင်ခဲ့ကြဖူးပါတယ်။

ချဲလ်ဆီးအသင်းက တရားဝင်ထုတ်ပြန်ချက်မှာတော့ “စပိန်ကွင်းလယ်ကစားသမားဟာ အပြောင်းအရွေ့နောက်ဆုံးရက်မှာ အက်သလက်တီကိုမက်ဒရစ်ကနေ လာမယ့် နွေရာသီမှာ အပြီးသတ်ဝယ်ယူခွင့်ပါရှိတဲ့ အငှားဖြင့်ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။

သူဟာ အသင်းမှာ ကျောနံ ပါတ် ၁၇ ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး အသက် ၂၀ အရွယ်တွင် အက်သလက်တီကိုရဲ့ စီနီယာအသင်းကြီးသို့ ရောက်ရှိပြီးနောက် ပထမဆုံး ၂ ရာသီတွင် အဆိုပါကျောနံပါတ်ကို ဝတ်ဆင်ခဲ့တာလည်းဖြစ်ပါတယ် ”

“ဆာအူးလ်ကတော့ ကျောနံပါတ် ၁၇ ကိုဝတ်ဆင်တဲ့ ချဲလ်ဆီးအသင်းရဲ့ တတိယမြောက် စပိန်နိုင်ငံသားဖြစ်လာခဲ့ ပါတယ်။”လို့ပါရှိပါတယ်။

အသက် ၂၆ နှစ်အရွယ် စပိန်ကွင်းလယ်လူ ဆာအူးလ်ဟာ ချဲလ်ဆီးအသင်းဖော်များနှင့်အတူ လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နံပါတ္ ၁၇ ဝတ္ဆင္ကစားမယ့္ ခ်ဲလ္ဆီး အသင္းသားသစ္ နီဂြက္ဇ္

ခ်ဲလ္ဆီးအသင္းဟာ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ဝတ္ဆင္မယ့္ ဆာအူးလ္နီဂြက္ဇ္ရဲ႕ ေက်ာနံပါတ္ကိုေၾကညာခဲ့ၿပီး စပိန္ႏိုင္ငံသားဟာ အေနာက္လန္ဒန္မွာ ေက်ာနံပါတ္ ၁၇ ကို ဝတ္ဆင္ကစားမွာျဖစ္ပါတယ္။

ေက်ာနံပါတ္ ၁၇ ကို ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ကိုဗာဆစ္က ဝတ္ဆင္ခဲ့တာျဖစ္ၿပီး ယခုႏွစ္ရာသီမွာေတာ့ အသင္းရဲ႕ ဂႏၲဝင္ေက်ာနံပါတ္ျဖစ္တဲ့ ၈ ကို ေျပာင္းလဲဝတ္ဆင္သြားခဲ့တာေၾကာင့္ လစ္လပ္သြားခဲ့တဲ့ ၁၇ ကို နီဂြက္ဇ္က ဆက္ခံခဲ့တာျဖစ္ပါတယ္။

ေက်ာနံပါတ္ ၁၇ ဟာ ခ်ဲလ္ဆီးအသင္းမွာ နာမည္ေက်ာ္ကစားသမား အေတာ္မ်ားမ်ား ဝတ္ဆင္ခဲ့တဲ့ နံပါတ္တစ္ခုျဖစ္ၿပီး ေဘာ္စင္ဝါ၊ ဟာဇက္၊ ဆာလားဟ္၊ ပတ္ဒ႐ိုတို႔လည္း ဝတ္ဆင္ခဲ့ၾကဖူးပါတယ္။

ခ်ဲလ္ဆီးအသင္းက တရားဝင္ထုတ္ျပန္ခ်က္မွာေတာ့ “စပိန္ကြင္းလယ္ကစားသမားဟာ အေျပာင္းအေ႐ြ႕ေနာက္ဆုံးရက္မွာ အက္သလက္တီကိုမက္ဒရစ္ကေန လာမယ့္ ေႏြရာသီမွာ အၿပီးသတ္ဝယ္ယူခြင့္ပါရွိတဲ့ အငွားျဖင့္ေျပာင္းေ႐ြ႕လာခဲ့တာျဖစ္ပါတယ္။

သူဟာ အသင္းမွာ ေက်ာနံ ပါတ္ ၁၇ ကို ဝတ္ဆင္ကစားမွာျဖစ္ၿပီး အသက္ ၂၀ အ႐ြယ္တြင္ အက္သလက္တီကိုရဲ႕ စီနီယာအသင္းႀကီးသို႔ ေရာက္ရွိၿပီးေနာက္ ပထမဆုံး ၂ ရာသီတြင္ အဆိုပါေက်ာနံပါတ္ကို ဝတ္ဆင္ခဲ့တာလည္းျဖစ္ပါတယ္ ”

“ဆာအူးလ္ကေတာ့ ေက်ာနံပါတ္ ၁၇ ကိုဝတ္ဆင္တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ တတိယေျမာက္ စပိန္ႏိုင္ငံသားျဖစ္လာခဲ့ ပါတယ္။”လို႔ပါရွိပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ စပိန္ကြင္းလယ္လူ ဆာအူးလ္ဟာ ခ်ဲလ္ဆီးအသင္းေဖာ္မ်ားႏွင့္အတူ ေလ့က်င့္မႈမ်ား စတင္ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။