နော်ဝေ၊ ဂျာမနီနဲ့ နယ်သလန်အသင်းတို့ရဲ့ လူအခွင့်အရေး လှုပ်ရှားမှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိကစားနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲတွေထဲမှာ ပြိုင်ပွဲဝင်အသင်းအချို့ဟာ လူအခွင့်အရေး လွတ်လပ်ခွင့် (Human Right) သဘောဆောင်တဲ့ စာတန်းပါ တီရှပ်တွေကို ပွဲမကစားခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်တဲ့အချိန်မှာ ဝတ်ဆင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုမျိုး ပြုလုပ်တာကို နော်ဝေလက်ရွေးစင်အသင်းက စတင်ဝတ်ဆင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျီဘရော့တာ၊ တူရကီအသင်းတွေနဲ့ ကစားတဲ့ပွဲတွေမတိုင်ခင်မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂျာမနီနဲ့ နယ်သာလန်လက်ရွေးစင်အသင်းတွေကပါ ပြုလုပ်လာခဲ့ကြပြီး လူအများ အာရုံစိုက်စရာလည်း ဖြစ်လာခဲ့ပါတယ်။

သူတို့တွေပြုလုပ်တဲ့ အဓိက အကြောင်းအရာက ဘာကို ရည်ညွှန်းတာလဲဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မယ့် ကာတာနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား အများအပြား သေဆုံးပြီး အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတာကိုပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အင်္ဂလန်က ဂါဒီးယန်းသတင်းစာရဲ့ ဖော်ပြချက်အရ ၂၀၁၀ခုနှစ်တုန်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံအဖြစ် ကာတာကို ရွေးချယ်လိုက်တဲ့ အချိန်ကစပြီး ပြိုင်ပွဲအတွက် လိုအပ်တဲ့ ဘောလုံးကွင်းတွေနဲ့ အခြားအဆောက်အဦးတွေ ဆောက်လုပ်တဲ့နေရာမှာ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလာဒေ့ရှ်၊ သိရိလင်္ကာ နိုင်ငံတွေက လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမား ၆၅၀၀ ကျော် သေဆုံးမှုတွေရှိခဲ့ပြီး လုံလောက်တဲ့ နောက်ဆက်တွဲ နစ်နာမ့ှုအကျိုးခံစားခွင့်တွေ မရရှိဘူးလို့ သိရပါတယ်။

အဲ့ဒီဖော်ပြချက် ထွက်ပေါ်လာအပြီးမှာ လူအများသတိပြုမိစရာ ဖြစ်လာခဲ့ပြီး နော်ဝေအသင်းက ဂျီဘရော့တာနဲ့ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းဆင်းနေတဲ့အချိန်မှာ ဟာလန်း၊ အိုဒီဂတ်တို့လို ဘောလုံးသမားတွေအပါအဝင် တစ်သင်းလုံးက ” ကွင်းတွင်း ကွင်းပြင် ၂ခုစလုံးမှာ လူအခွင့်အရေး ရရှိရေး” လို့ အဓိပ္ပါယ်ရတဲ့ တီရှပ်တွေကို ဝတ်ဆက်ပြီး speak out စလုပ်ခဲ့ကြပါတယ်။

ဂျာမနီအသင်းကလည်း အိုက်စလန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာ “လူ့အခွင့်အရေး” စာတန်းပါတဲ့ တီရှပ်တွေကို လိုက်ဝေခဲ့ပါတယ်။

နယ်သာလန်အသင်းနည်းပြ ဖရန့်ဒီဘိုးဝါးက “ကျွန်တော်တို့ ခြေစစ်ပွဲအောင်ပြီး အဲ့ဒီ့ကိုရောက်သွားခဲ့ရင် အခုကိစ္စကို ပိုပြီး သိရှိခွင့်ရမှာပါ။

ကာတာမှာ မကောင်းတဲ့ အနေအထားတွေ ဖြစ်ပျက်နေတာနဲ့ ပတ်သတ်ပြီး လူတိုင်းမေးပိုင်ခွင့် ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

နော်ဝေနည်းပြ ဆိုဘတ်ကန်ကလည်း အလုပ်သမားတွေရဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဖီဖာနဲ့ ကာတာနိုင်ငံက တာဝန်ရှိသူတွေကို ပိုပြီးဖိအားပေး လုပ်ဆောင်သင့်တယ်လို့ ပြောကြားထားပါတယ်။

ဖီဖာက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလားအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဖြစ်တဲ့ အလုပ်သမားတွေ မတော်တဆ ထိခိုက်သေဆုံးမှု အရေအတွက်ဟာ ကမ္ဘာတစ်ဝန်းမှာ လုပ်ဆောင်နေတဲ့ အခြား အရေးကြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာဖြစ်တဲ့ အရေအတွက်ထက်စာရင် နည်းပါးကြောင်း ကာကွယ်ပြောကြားထားပါတယ်။

ကာတာနိုင်ငံရဲ့ ပို့ဆောင်ရေးနဲ့ အမွေအနှစ်ကော်မတီကတော့ ၂၀၁၄ခုနှစ် ကစပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လုပ်ငန်းဆောင်လုပ်မှုတွေကို စတင်ခဲ့ရာမှာ လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့ သေဆုံးမှု ၃၅ခုရှိခဲ့ပြီး တစ်ခုချင်းစီအပေါ် သေချာစိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ မှတ်ပုံတင်ထားတဲ့ အလုပ်သမားဦးရေ ၄၈၈၈၃ ယောက်နဲ့ မှတ်ပုံမတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျွန်းကျင်မှုဆိုင်ရာ သင်တန်းတွေပို့ချတာအပါအဝင် အသုံးစရိတ် ဒေါ်လာ သန်း၃၀ကျော် သုံးစွဲထားတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေနာ္ေဝ၊ ဂ်ာမနီနဲ႔ နယ္သလန္အသင္းတို႔ရဲ႕ လူအခြင့္အေရး လႈပ္ရွားမႈ

လက္ရွိကစားေနတဲ့ ၂၀၂၂ ကမာၻ႔ဖလား ဥေရာပဇုန္ ေျခစစ္ပြဲေတြထဲမွာ ၿပိဳင္ပြဲဝင္အသင္းအခ်ိဳ႕ဟာ လူအခြင့္အေရး လြတ္လပ္ခြင့္ (Human Right) သေဘာေဆာင္တဲ့ စာတန္းပါ တီရွပ္ေတြကို ပြဲမကစားခင္ ေသြးပူေလ့က်င့္ခန္း ျပဳလုပ္တဲ့အခ်ိန္မွာ ဝတ္ဆင္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီလိုမ်ိဳး ျပဳလုပ္တာကို ေနာ္ေဝလက္ေ႐ြးစင္အသင္းက စတင္ဝတ္ဆင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဂ်ီဘေရာ့တာ၊ တူရကီအသင္းေတြနဲ႔ ကစားတဲ့ပြဲေတြမတိုင္ခင္မွာ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ဂ်ာမနီနဲ႔ နယ္သာလန္လက္ေ႐ြးစင္အသင္းေတြကပါ ျပဳလုပ္လာခဲ့ၾကၿပီး လူအမ်ား အာ႐ုံစိုက္စရာလည္း ျဖစ္လာခဲ့ပါတယ္။

သူတို႔ေတြျပဳလုပ္တဲ့ အဓိက အေၾကာင္းအရာက ဘာကို ရည္ၫႊန္းတာလဲဆိုရင္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ က်င္းပျပဳလုပ္မယ့္ ကာတာႏိုင္ငံမွာ ေ႐ႊ႕ေျပာင္းအလုပ္သမား အမ်ားအျပား ေသဆုံးၿပီး အလုပ္သမားအခြင့္အေရးေတြ ဆုံးရႈံးေနတာကိုပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္း အဂၤလန္က ဂါဒီးယန္းသတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ၂၀၁၀ခုႏွစ္တုန္းက ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အိမ္ရွင္ႏိုင္ငံအျဖစ္ ကာတာကို ေ႐ြးခ်ယ္လိုက္တဲ့ အခ်ိန္ကစၿပီး ၿပိဳင္ပြဲအတြက္ လိုအပ္တဲ့ ေဘာလုံးကြင္းေတြနဲ႔ အျခားအေဆာက္အဦးေတြ ေဆာက္လုပ္တဲ့ေနရာမွာ အိႏၵိယ၊ ပါကစၥတန္၊ နီေပါ၊ ဘဂၤလာေဒ့ရွ္၊ သိရိလကၤာ ႏိုင္ငံေတြက လာေရာက္လုပ္ကိုင္တဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမား ၆၅၀၀ ေက်ာ္ ေသဆုံးမႈေတြရွိခဲ့ၿပီး လုံေလာက္တဲ့ ေနာက္ဆက္တြဲ နစ္နာမ့ႈအက်ိဳးခံစားခြင့္ေတြ မရရွိဘူးလို႔ သိရပါတယ္။

အဲ့ဒီေဖာ္ျပခ်က္ ထြက္ေပၚလာအၿပီးမွာ လူအမ်ားသတိျပဳမိစရာ ျဖစ္လာခဲ့ၿပီး ေနာ္ေဝအသင္းက ဂ်ီဘေရာ့တာနဲ႔ပြဲမတိုင္ခင္ ေသြးပူေလ့က်င့္ခန္းဆင္းေနတဲ့အခ်ိန္မွာ ဟာလန္း၊ အိုဒီဂတ္တို႔လို ေဘာလုံးသမားေတြအပါအဝင္ တစ္သင္းလုံးက ” ကြင္းတြင္း ကြင္းျပင္ ၂ခုစလုံးမွာ လူအခြင့္အေရး ရရွိေရး” လို႔ အဓိပၸါယ္ရတဲ့ တီရွပ္ေတြကို ဝတ္ဆက္ၿပီး speak out စလုပ္ခဲ့ၾကပါတယ္။

ဂ်ာမနီအသင္းကလည္း အိုက္စလန္အသင္းနဲ႔ ကစားမယ့္ ပြဲစဥ္မတိုင္ခင္မွာ “လူ႔အခြင့္အေရး” စာတန္းပါတဲ့ တီရွပ္ေတြကို လိုက္ေဝခဲ့ပါတယ္။ နယ္သာလန္အသင္းနည္းျပ ဖရန႔္ဒီဘိုးဝါးက “ကြၽန္ေတာ္တို႔ ေျခစစ္ပြဲေအာင္ၿပီး အဲ့ဒီ့ကိုေရာက္သြားခဲ့ရင္ အခုကိစၥကို ပိုၿပီး သိရွိခြင့္ရမွာပါ။

ကာတာမွာ မေကာင္းတဲ့ အေနအထားေတြ ျဖစ္ပ်က္ေနတာနဲ႔ ပတ္သတ္ၿပီး လူတိုင္းေမးပိုင္ခြင့္ ရွိပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ေနာ္ေဝနည္းျပ ဆိုဘတ္ကန္ကလည္း အလုပ္သမားေတြရဲ႕ ကိစၥနဲ႔ ပတ္သတ္ၿပီး ဖီဖာနဲ႔ ကာတာႏိုင္ငံက တာဝန္ရွိသူေတြကို ပိုၿပီးဖိအားေပး လုပ္ေဆာင္သင့္တယ္လို႔ ေျပာၾကားထားပါတယ္။

ဖီဖာက ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ ကာတာႏိုင္ငံရဲ႕ ကမာၻ႔ဖလားအတြက္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာျဖစ္တဲ့ အလုပ္သမားေတြ မေတာ္တဆ ထိခိုက္ေသဆုံးမႈ အေရအတြက္ဟာ ကမာၻတစ္ဝန္းမွာ လုပ္ေဆာင္ေနတဲ့ အျခား အေရးႀကီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာျဖစ္တဲ့ အေရအတြက္ထက္စာရင္ နည္းပါးေၾကာင္း ကာကြယ္ေျပာၾကားထားပါတယ္။

ကာတာႏိုင္ငံရဲ႕ ပို႔ေဆာင္ေရးနဲ႔ အေမြအႏွစ္ေကာ္မတီကေတာ့ ၂၀၁၄ခုႏွစ္ ကစၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ လုပ္ငန္းေဆာင္လုပ္မႈေတြကို စတင္ခဲ့ရာမွာ လုပ္ငန္းခြင္နဲ႔ မသက္ဆိုင္တဲ့ ေသဆုံးမႈ ၃၅ခုရွိခဲ့ၿပီး တစ္ခုခ်င္းစီအေပၚ ေသခ်ာစိစစ္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ မွတ္ပုံတင္ထားတဲ့ အလုပ္သမားဦးေရ ၄၈၈၈၃ ေယာက္နဲ႔ မွတ္ပုံမတင္ထားတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြအတြက္ ကြၽန္းက်င္မႈဆိုင္ရာ သင္တန္းေတြပို႔ခ်တာအပါအဝင္ အသုံးစရိတ္ ေဒၚလာ သန္း၃၀ေက်ာ္ သုံးစြဲထားတဲ့အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။