နော်ဝေနဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟာလန်းကို ဒေါသတကြီးဆဲဆိုခဲ့တဲ့ဗန်ဒိုက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နော်ဝေနဲ့နယ်သာလန်အသင်းတို့ကစားခဲ့တဲ့ပွဲမှာ နယ်သာလန်နောက်ခံလူဗန်ဒိုက်ဟာ ဟာလန်းကြောင့် လက်ချောင်းအရိုးအဆစ်လွဲတဲ့ဒဏ်ရာရရှိခဲ့လို့ ဟာလန်းကို ဒေါသတကြီးဆဲဆိုခဲ့ပါတယ်။

အဲဒီပွဲမှာ လူငယ်တိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံးတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ ဟာလန်းနဲ့ ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဗန်ဒိုက်တို့ ထိပ်တိုက်ဆုံတွေ့တာကြောင့် ပရိသတ်စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး

နော်ဝေအသင်းအတွက် ဟာလန်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် နယ်သာလန်ကစားသမားကလာဆန်က ချေပဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီသရေနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဟာလန်းနဲ့ထိခိုက်မိတာကနေ ဗန်ဒိုက်ဟာ လက်ချောင်းအဆစ်လွဲတဲ့ဒဏ်ရာရရှိခဲ့ပြီး ကွင်းဘေးနားမှာ ဆေးကုသမှုခံခဲ့ရသလို အဲဒီအဖြစ်အပျက်အတွက် ဗန်ဒိုက်က ဟာလန်းကို ဒေါသတကြီးဆဲဆိုခဲ့တာပါ။

ပွဲအပြီး နော်ဝေရုပ်သံဖြစ်တဲ့ TV2 နဲ့ အင်တာဗျူးမှာ ဟာလန်းက “ကျွန်တော့်ကြောင့် ဗန်ဒိုက်ရဲ့လက်မှာဒဏ်ရာရသွားခဲ့ပါတယ်။

သူက “”f***ing hell,မင်းကြောင့် ငါ့လက်ချောင်းကျိုးသွားပြီ”လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။

အခုပွဲမှာ ဗန်ဒိုက်ကလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

သူ့လက်ချောင်းအရိုးကျိုးအောင် ကျွန်တော် ဘာလုပ်လိုက်လဲဆိုတာ မသိပေမယ့် ဒီအတိုင်းပဲဖြစ်သွားခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဗန်ဒိုက်ရဲ့လက်ချောင်းရိုးတွေက ဆိုးဆိုးရွားရွားကျိုးသွားတာမဟုတ်ဘဲ အဆစ်လွဲခဲ့တာဖြစ်လို့ ဆေးအဖွဲ့ရဲ့ကုသမံခံယူခဲ့အပြီးမှာ ဗန်ဒိုက်ဟာ ပွဲချိန်ပြည့်ဆက်လက်ကစားနိုင်ခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်(၄)ပွဲကစားအပြီးမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး၊ (၇)မှတ်ရရှိထားပြီး လာမယ့်တစ်ပတ်အတွင်း မွန်တီနီဂရိုး၊ တူရကီတို့နဲ့ကစားမယ့်ပွဲတွေကျရင် ဗန်ဒိုက် ပါဝင်ကစားနိုင်ဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနာ္ေဝနဲ႔ကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဟာလန္းကို ေဒါသတႀကီးဆဲဆိုခဲ့တဲ့ဗန္ဒိုက္

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ေနာ္ေဝနဲ႔နယ္သာလန္အသင္းတို႔ကစားခဲ့တဲ့ပြဲမွာ နယ္သာလန္ေနာက္ခံလူဗန္ဒိုက္ဟာ ဟာလန္းေၾကာင့္ လက္ေခ်ာင္းအ႐ိုးအဆစ္လြဲတဲ့ဒဏ္ရာရရွိခဲ့လို႔ ဟာလန္းကို ေဒါသတႀကီးဆဲဆိုခဲ့ပါတယ္။ အဲဒီပြဲမွာ လူငယ္တိုက္စစ္မႉးေတြထဲမွာ အေကာင္းဆုံးတစ္ဦးအျဖစ္သတ္မွတ္ခံထားရတဲ့ ဟာလန္းနဲ႔ ကမာၻ႔အဆင့္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဗန္ဒိုက္တို႔ ထိပ္တိုက္ဆုံေတြ႕တာေၾကာင့္ ပရိသတ္စိတ္ဝင္စားမႈျမင့္တက္ခဲ့ၿပီး ေနာ္ေဝအသင္းအတြက္ ဟာလန္းက ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမယ့္ နယ္သာလန္ကစားသမားကလာဆန္က ေခ်ပဂိုးျပန္လည္သြင္းယူခဲ့တာေၾကာင့္ တစ္ဖက္တစ္ဂိုးစီသေရနဲ႔ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းပြဲကစားခ်ိန္အတြင္း ဟာလန္းနဲ႔ထိခိုက္မိတာကေန ဗန္ဒိုက္ဟာ လက္ေခ်ာင္းအဆစ္လြဲတဲ့ဒဏ္ရာရရွိခဲ့ၿပီး ကြင္းေဘးနားမွာ ေဆးကုသမႈခံခဲ့ရသလို အဲဒီအျဖစ္အပ်က္အတြက္ ဗန္ဒိုက္က ဟာလန္းကို ေဒါသတႀကီးဆဲဆိုခဲ့တာပါ။

ပြဲအၿပီး ေနာ္ေဝ႐ုပ္သံျဖစ္တဲ့ TV2 နဲ႔ အင္တာဗ်ဴးမွာ ဟာလန္းက “ကြၽန္ေတာ့္ေၾကာင့္ ဗန္ဒိုက္ရဲ႕လက္မွာဒဏ္ရာရသြားခဲ့ပါတယ္။ ဒါေပမဲ့ ဘယ္လိုျဖစ္ခဲ့လဲဆိုတာေတာ့ ကြၽန္ေတာ္လည္း မသိပါဘူး။ သူက “”f***ing hell,မင္းေၾကာင့္ ငါ့လက္ေခ်ာင္းက်ိဳးသြားၿပီ”လို႔ ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္။ အခုပြဲမွာ ဗန္ဒိုက္ကလည္း ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

သူ႔လက္ေခ်ာင္းအ႐ိုးက်ိဳးေအာင္ ကြၽန္ေတာ္ ဘာလုပ္လိုက္လဲဆိုတာ မသိေပမယ့္ ဒီအတိုင္းပဲျဖစ္သြားခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဗန္ဒိုက္ရဲ႕လက္ေခ်ာင္း႐ိုးေတြက ဆိုးဆိုး႐ြား႐ြားက်ိဳးသြားတာမဟုတ္ဘဲ အဆစ္လြဲခဲ့တာျဖစ္လို႔ ေဆးအဖြဲ႕ရဲ႕ကုသမံခံယူခဲ့အၿပီးမွာ ဗန္ဒိုက္ဟာ ပြဲခ်ိန္ျပည့္ဆက္လက္ကစားႏိုင္ခဲ့ပါတယ္။ နယ္သာလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားအုပ္စုပြဲစဥ္(၄)ပြဲကစားအၿပီးမွာ (၂)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၁)ပြဲရႈံး၊ (၇)မွတ္ရရွိထားၿပီး လာမယ့္တစ္ပတ္အတြင္း မြန္တီနီဂ႐ိုး၊ တူရကီတို႔နဲ႔ကစားမယ့္ပြဲေတြက်ရင္ ဗန္ဒိုက္ ပါဝင္ကစားႏိုင္ဖို႔ရွိေနပါတယ္။