နော်ဝစ်ချ်ပြီးတော့ ဝက်ဖို့ဒ်လည်း တစ်ရာသီတည်းနဲ့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ချန်ပီယံရှစ်ကနေ နော်ဝစ်ချ်စီးတီးအသင်း ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာနိုင်ခဲ့သလို ဒီတပတ်မှာလည်း ဝက်ဖို့ဒ့်စီးတီးက တန်းပြန်တက်လာနိုင်ခဲ့ပါပြီ။ တိုက်ဆိုင်တာက မနှစ်ကမှ နော်ဝစ်ချ်နဲ့ ဝက်ဖို့ဒ်တို့ ၂သင်းဟာ တန်းဆင်းခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ တစ်ရာသီတည်းနဲ့ တန်းပြန်တက်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဝက်ဖို့ဒ်ဟာ ချန်ပီယံရှစ် နောက်ဆုံး ၁၁ပွဲမှာ ၉ပွဲ အထိအနိုင်ရခဲ့ပြီး စနေညက ကစားသွားခဲ့တဲ့ မီဝေါလ်နဲပွဲမှာ တိုက်စစ်မှုး အစ္စမာလီယာဆားလ်ရဲ့ ပွဲချိန်ပထမပိုင်း ၁၁မိနစ်မှာ သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်မကုန်ခင် ရမှတ်အနေအထားအရ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်သွားခဲ့တာလည်း ဖြစ်ပါတယ်။


မီဝေါလ်နဲပ့ွဲမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အရေးပါတဲ့ ကစားသမားကတော့ ဂိုးသမား ဘက်ချ်မန်းပဲဖြစ်ပြီး သူဟာ မီဝေါလ်အသင်းရဲ့ သေချာပေါက် ဂိုးရနိုင်တဲ့ ဘောလုံးတွေကို အကောင်းဆုံး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာပါ။

ပွဲအပြီးမှာ ဝက်ဒ်ဖို့ဒ်နည်းပြ ဇစ်ကိုမူနော့စ်က ” ကွန်တော် အရမ်းအရမ်းကို ပျော်ပါတယ်။ ပထမဆုံးအနေနဲ့ အသင်းပရီသတ်တွေ၊ ဒုတိယက ကစားသမားတွေနဲ့ တတိယကတော့ ကျွန်တော့်မိသားစု အတွက်ပါပဲ။ ပွဲပြီးသွားတော့ ကွင်းထဲမှာ ပရိသတ်တွေမရှိတာကြည့်ပြီး စိတ်မကောင်းပါဘူး။ အသင်းပရီသတ်တွေဟာ အိမ်ကွင်းပွဲတွေမှာဆိုရင် အပြည့်အဝကို အားပေးတတ်ကြတာပါ။ အခုတော့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ပြန်ကစားရတော့မယ့် သူတို့အသင်းအတွက် ပျော်ရွှင်နေကြမှာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာနိုင်ခဲ့ပြီဆိုပေမယ့် ချန်ပီယံရှစ်ချန်ပီယံဆုအတွက်ကတော့ နော်ဝစ်ချ်အသင်းနဲ့ အပြိုင်ကစားရဦးမှာဖြစ်ပြီး အဖြေမထွက်သေးပါဘူး။


ဝက်ဖို့ဒ်မှာ မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ကလီဗာလေ၊ ဂိုးသမား ဘင်ဖော်စတာ စတဲ့ ကစားသမားတွေ ကစားနေတုန်းဖြစ်ပြီး သူတို့ကို ပရီးမီးယားလိဂ်မှာ တစ်ကျော့ပြန် မြင်တွေ့ရတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေနာ္ဝစ္ခ်္ၿပီးေတာ့ ဝက္ဖို႔ဒ္လည္း တစ္ရာသီတည္းနဲ႔ ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာခဲ့ၿပီ

ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက ခ်န္ပီယံရွစ္ကေန ေနာ္ဝစ္ခ်္စီးတီးအသင္း ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာႏိုင္ခဲ့သလို ဒီတပတ္မွာလည္း ဝက္ဖို႔ဒ့္စီးတီးက တန္းျပန္တက္လာႏိုင္ခဲ့ပါၿပီ။ တိုက္ဆိုင္တာက မႏွစ္ကမွ ေနာ္ဝစ္ခ်္နဲ႔ ဝက္ဖို႔ဒ္တို႔ ၂သင္းဟာ တန္းဆင္းခဲ့ရတာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ တစ္ရာသီတည္းနဲ႔ တန္းျပန္တက္လာႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဝက္ဖို႔ဒ္ဟာ ခ်န္ပီယံရွစ္ ေနာက္ဆုံး ၁၁ပြဲမွာ ၉ပြဲ အထိအႏိုင္ရခဲ့ၿပီး စေနညက ကစားသြားခဲ့တဲ့ မီေဝါလ္နဲပြဲမွာ တိုက္စစ္မႈး အစၥမာလီယာဆားလ္ရဲ႕ ပြဲခ်ိန္ပထမပိုင္း ၁၁မိနစ္မွာ သြင္းယူခဲ့တဲ့ ပင္နယ္တီဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး ခ်န္ပီယံရွစ္ၿပိဳင္ပြဲ ပြဲစဥ္မကုန္ခင္ ရမွတ္အေနအထားအရ ပရီးမီးယားလိဂ္ကို တန္းျပန္တက္ႏိုင္သြားခဲ့တာလည္း ျဖစ္ပါတယ္။
မီေဝါလ္နဲပ့ြဲမွာ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အေရးပါတဲ့ ကစားသမားကေတာ့ ဂိုးသမား ဘက္ခ်္မန္းပဲျဖစ္ၿပီး သူဟာ မီေဝါလ္အသင္းရဲ႕ ေသခ်ာေပါက္ ဂိုးရႏိုင္တဲ့ ေဘာလုံးေတြကို အေကာင္းဆုံး လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာပါ။

ပြဲအၿပီးမွာ ဝက္ဒ္ဖို႔ဒ္နည္းျပ ဇစ္ကိုမူေနာ့စ္က ” ကြန္ေတာ္ အရမ္းအရမ္းကို ေပ်ာ္ပါတယ္။ ပထမဆုံးအေနနဲ႔ အသင္းပရီသတ္ေတြ၊ ဒုတိယက ကစားသမားေတြနဲ႔ တတိယကေတာ့ ကြၽန္ေတာ့္မိသားစု အတြက္ပါပဲ။ ပြဲၿပီးသြားေတာ့ ကြင္းထဲမွာ ပရိသတ္ေတြမရွိတာၾကည့္ၿပီး စိတ္မေကာင္းပါဘူး။ အသင္းပရီသတ္ေတြဟာ အိမ္ကြင္းပြဲေတြမွာဆိုရင္ အျပည့္အဝကို အားေပးတတ္ၾကတာပါ။ အခုေတာ့ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ ျပန္ကစားရေတာ့မယ့္ သူတို႔အသင္းအတြက္ ေပ်ာ္႐ႊင္ေနၾကမွာ ေသခ်ာပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဝက္ဖို႔ဒ္အသင္းဟာ ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာႏိုင္ခဲ့ၿပီဆိုေပမယ့္ ခ်န္ပီယံရွစ္ခ်န္ပီယံဆုအတြက္ကေတာ့ ေနာ္ဝစ္ခ်္အသင္းနဲ႔ အၿပိဳင္ကစားရဦးမွာျဖစ္ၿပီး အေျဖမထြက္ေသးပါဘူး။
ဝက္ဖို႔ဒ္မွာ မန္ယူကစားသမားေဟာင္းေတြျဖစ္တဲ့ အသင္းေခါင္းေဆာင္ ကြင္းလယ္ကစားသမား ကလီဗာေလ၊ ဂိုးသမား ဘင္ေဖာ္စတာ စတဲ့ ကစားသမားေတြ ကစားေနတုန္းျဖစ္ၿပီး သူတို႔ကို ပရီးမီးယားလိဂ္မွာ တစ္ေက်ာ့ျပန္ ျမင္ေတြ႕ရေတာ့မွာပါ။