နော့ဝှစ်ချ်ရဲ့ နည်းပြသစ်နေရာက လမ်းပတ်အတွက်လား?
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နော့ဝှစ်ချ်ဟာယခုရာသီပထမဆုံးနိုင်ပွဲအဖြစ်ဘရန့်ဖို့ဒ်အားအနိုင်ယူပေးခဲ့ပေမယ့်ဂျာမန်လူမျိုးနည်းပြဒါနီရယ်ဖာကီကိုရာထူးမှထုတ်ပယ်လိုက်ပါတယ်။
နော့ဝှစ်ချ်ဟာမနေ့ညတုန်းကအနောက်လန်ဒန်တွင်ဘရန့်ဖို့ဒ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာယခုရာသီပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
ဖာကီဟာဘရန့်ဖို့ဒ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိပြီးပွဲပြီးသတင်းစာရှင်းလင်းပွဲအပြီးမှာပဲတုန်လှုပ်ဖွယ်ရာအထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင်ကစားသမားများဟာလည်းအသင်းရဲ့ဘတ်စ်ကားသို့ရောက်ချိန်တွင်နည်းပြဖာကီအထုတ်ခံခဲ့ရတာသိခဲ့ရပါတယ်။
သတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ နေ့ာဝှစ်ချ်အသင်းဟာ ဖာကီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိသလို
လူငယ် ကစားသမားတွေကို နေရာပေးတတ်တဲ့ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
တစ်ဖက်မှာလည်း ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းကောင်း တစ်သင်းကို ကိုင်တွယ်ဖို့ စောင့်မျှော်နေတဲ့ လမ်းပတ်ဟာ လူငယ် ခြေတက် ကစားသမားတွေနဲ့ စုစည်းထားတဲ့ နေ့ာဝှစ်ချ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး
နော့ဝှစ်ချ်အသင်းကသာ ၃နှစ်စာချုပ်နဲ့ ကမ်းလှမ်းလာမယ် ဆိုပါက လက်ခံဖို့ အသင့် ရှိနေကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနတွေကလည်း ပြောဆိုထားကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
နော့ဝှစ်ခ်ျရဲ့ နည်းပြသစ်နေရာက လမ်းပတ်အတွက်လား?
သတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ နော့ဝှစ်ခ်ျအသင်းဟာ ဖာကီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိသလို လူငယ် ကစားသမားတွေကို နေရာပေးတတ်တဲ့ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
တစ်ဖက်မှာလည်း ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းကောင်း တစ်သင်းကို ကိုင်တွယ်ဖို့ စောင့်မျှော်နေတဲ့ လမ်းပတ်ဟာ လူငယ် ခြေတက် ကစားသမားတွေနဲ့ စုစည်းထားတဲ့ နော့ဝှစ်ခ်ျအသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး နော့ဝှစ်ခ်ျအသင်းကသာ ၃နှစ်စာချုပ်နဲ့ ကမ်းလှမ်းလာမယ် ဆိုပါက လက်ခံဖို့ အသင့် ရှိနေကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနတွေကလည်း ပြောဆိုထားကြပါတယ်။