
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ယူနိုက်တက်အသင်းအနေနဲ့ ဖာနန်ဒက်စ်ခေါ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး 48 နာရီအတွင်းတရားဝင်ကြေညာတာ ကိုပြုလုပ်မယ်လို့သိရပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းနဲ့အကြိတ်အနယ်ဆွေးနွေး တာတွေဟာမကြာမီအဆုံးသတ်ဖွယ်ရှိနေပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဖာနန်ဒက်စ်တစ်ယောက်ဆေးစစ်ဖို့ပဲ ကျန်တော့တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းရှိရာ နားက ဟိုတယ်မှာတည်းခိုနေတယ်ဆိုတဲ့သတင်းတွေအပြင် ယူနိုက်တက်လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်ကွင်းဆီကိုလည်းကားနဲ့ရောက်လာတယ်ဆိုတဲ့ သတင်းတွေလည်းကြားရပါတယ်။

ကားထဲမှာထိုင်နေတဲ့သူဟာ ဖာနန်ဒက်စ်ဖြစ်ဖို့များတယ်လို့သတင်းတွေကဆိုပါတယ်။ အဲဒီသူဟာကား နောက်ခန်းမှာ ထိုင်နေတာဖြစ်ပြီး၊ဓာတ်ပုံရိုက်ချိန်မှာ သူ့ရဲ့မျက်နှာကိုလက်နဲ့ကာလိုက်ပါတယ်။ ဒါကြောင့် သေချာတဲ့ဓာတ်ပုံတော့မရခဲ့ပါဘူး။ စပို့တင်းအသင်းဟာ ဘရူနို အတွက် ကနဦးမှာ ယူရို၇၅သန်းထိ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘဏ္ဏာရေးအကျပ်တည်းကြောင့် ဈေးညှိနှိုင်းတာတွေလုပ်ခဲ့ရပါတယ်။

ယူနိက်တက်အသင်းကဘရူနိုကို အစပိုင်းမှာယူရိုသန်း၆၀နဲ့ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး နောက်တစ်ကြိမ်မှာတော့ ယူရို၆၅သန်းအပြင် မားကိုစ်ရိုဂျိူ၊ပါရဲရား၊ဂိုမတ်ဇ် တို့ထဲက တစ်ဦးကို အငှားချပေးမယ့် ကမ်းလှမ်းမှုအသစ်နဲ့ ထပ်မံကမ်းလှမ်းခဲ့ရာမှာတော့ စပို့တင်းဖက်က လက်ခံခဲ့တယ်လို့သိရပါတယ်။စပို့တင်း ရဲ့ တာဝန်ရှိသူတွေဟာ ယူနိုက်တက်ရုံးခန်းမှာဆွေးနွေးနေတာ နှစ်ရက်လောက်ရှိပြီဖြစ်ပြီး၊ ကိစ္စတွေအပြီးသတ်ဖို့သိပ်မလိုတော့ပါဘူး။

ပြောင်းရွှေ့ကြေးဟာထပ်တိုးအပိုစုကြေးတွေပါ ပါမယ်ဆိုရင် စုစုပေါင်းယူရို၇၂.၅ သန်း ထိ ရောက်ရှိသွား မှာဖြစ်ပါတယ်။ ဘရူနိုရဲ့ အပြောင်းအရွှေ့ကိစ္စမှာအေးဂျင့်ဖြစ်သူကအခရာကျခဲ့ပါတယ်။ အေးဂျင့်များစွာက ဘရူနိုကိုကမ်းလှမ်းခဲ့ပေမယ့် သူကတော့ မိသားစုဝင်နဲ့သာအလုပ်ကိစ္စဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။ ယောက်ဖဖြစ်သူက ဘရူနိုကိစ္စတွေကိုလိုက်ပါလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ စပို့တင်းကနေ ယူနိက်တက် နောက်ဆုံးခေါ်ယူခဲ့တာက ရော်နယ်ဒိုနဲ့ လူးဝစ်နာနီတို့ဖြစ်ပြီး၊ အခုအခါဖာနန်ဒက်စ်ကိစ္စကိုလည်း ယူနိုက်တက်တို့ရာနှိုင်းပြည့်အချောသတ်နိုင်မလားဆိုတာမကြာမီသိရပါတော့မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)
ဖာနန္ဒက္စ္ကိစၥကို မၾကာမီတရား၀င္ေၾကညာေတာ့မယ္ဆိုတဲ့ ယူႏိုက္တက္
ယူႏိုက္တက္အသင္းအေနနဲ႔ ဖာနန္ဒက္စ္ေခၚယူတဲ့ကိစၥနဲ႔ပတ္သက္ၿပီး 48 နာရီအတြင္းတရား၀င္ေၾကညာတာကိုျပဳလုပ္မယ္လို႔သိရပါတယ္။ စပို႔တင္းလစၥဘြန္းအသင္းနဲ႔အႀကိတ္အနယ္ေဆြးေႏြးတာေတြဟာမၾကာမီအဆုံးသတ္ဖြယ္ရိွေနပါတယ္။ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ဖာနန္ဒက္စ္တစ္ေယာက္ေဆးစစ္ဖို႔ပဲ က်န္ေတာ့တယ္လို႔လည္းသိရပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္အသင္းရိွရာ နားက ဟိုတယ္မွာတည္းခုိေနတယ္ဆိုတဲ့သတင္းေတြအျပင္ ယူႏိုက္တက္ေလ့က်င့္ေရးကြင္းျဖစ္တဲ့ ကာရင္တန္ကြင္းဆီကုိလည္းကားနဲ႔ေရာက္လာတယ္ ဆုိတဲ့သတင္းေတြလည္းၾကားရပါတယ္။
ကားထဲမွာထိုင္ေနတဲ့သူဟာ ဖာနန္ဒက္စ္ျဖစ္ဖို႔မ်ားတယ္လို႔သတင္းေတြကဆိုပါတယ္။ အဲဒီသူဟာကားေနာက္ခန္းမွာ ထိုင္ေနတာျဖစ္ၿပီး၊ဓာတ္ပုံရိုက္ခ်ိန္မွာ သူ႔ရဲ႕မ်က္ႏွာကိုလက္နဲ႔ကာလိုက္ပါတယ္။ ဒါေၾကာင့္ ေသခ်ာတဲ့ဓာတ္ပုံေတာ့မရခဲ့ပါဘူး။ စပို႔တင္းအသင္းဟာ ဘ႐ူႏို အတြက္ ကနဦးမွာ ယူ႐ို၇၅သန္းထိေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘဏၰာေရးအက်ပ္တည္းေၾကာင့္ ေစ်းညိွႏိႈင္းတာေတြလုပ္ခဲ့ရပါတယ္။
ယူနိက္တက္အသင္းကဘ႐ူႏိုကို အစပိုင္းမွာယူ႐ိုသန္း၆၀နဲ႔ကမ္းလွမ္းခဲ့ေပမယ့္ အဆင္မေျပျဖစ္ခဲ့ၿပီး ေနာက္တစ္ႀကိမ္မွာေတာ့ ယူ႐ို၆၅သန္းအျပင္ မားကိုစ္႐ိုဂ်ိဴ၊ပါရဲရား၊ဂိုမတ္ဇ္ တို႔ထဲက တစ္ဦးကို အငွားခ်ေပးမယ့္ ကမ္းလွမ္းမႈအသစ္နဲ႔ ထပ္မံကမ္းလွမ္းခဲ့ရာမွာေတာ့ စပို႔တင္းဖက္က လက္ခံခဲ့တယ္လို႔သိရပါတယ္။စပို႔တင္း ရဲ႕ တာဝန္ရွိသူေတြဟာ ယူႏိုက္တက္ရုံးခန္းမွာေဆြးေႏြးေနတာ ႏွစ္ရက္ေလာက္ရိွၿပီျဖစ္ၿပီး၊ ကိစၥေတြအၿပီးသတ္ဖုိ႔သိပ္မလိုေတာ့ပါဘူး။
ေျပာင္းေရႊ႕ေၾကးဟာထပ္တိုးအပိုစုေၾကးေတြပါ ပါမယ္ဆိုရင္ စုစုေပါင္းယူ႐ို၇၂.၅ သန္း ထိ ေရာက္ရွိသြားမွာျဖစ္ပါတယ္။ ဘ႐ူႏိုရဲ႕ အေျပာင္းအေရႊ႕ကိစၥမွာေအးဂ်င့္ျဖစ္သူကအခရာက်ခဲ့ပါတယ္။ ေအးဂ်င့္မ်ားစြာက ဘ႐ူႏိုကိုကမ္းလွမ္းခဲ့ေပမယ့္ သူကေတာ့ မိသားစု၀င္နဲ႔သာအလုပ္ကိစၥေဆာင္ရြက္ခဲ့တာျဖစ္ ပါတယ္။ ေယာက္ဖျဖစ္သူက ဘရူႏိုကိစၥေတြကိုလိုက္ပါလုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။ စပို႔တင္းကေန ယူနိက္တက္ ေနာက္ဆုံးေခၚယူခဲ့တာက ေရာ္နယ္ဒိုနဲ႔ လူးဝစ္နာနီတို႔ျဖစ္ၿပီး၊ အခုအခါဖာနန္ဒက္စ္ကိစၥကိုလည္း ယူႏိုက္တက္တို႔ရာႏိႈင္းျပည့္အေခ်ာသတ္ႏိုင္မလားဆိုတာမၾကာမီသိရပါေတာ့မယ္။