နောဝစ်ချ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပွဲ မှ မန်ယူနိုက်တက်အသင်းသားများရဲ့ Ratings များ

ယမန်နေ့ညကပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းဟာ ရက်ဖို့ဒ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ နောဝစ်ချ်အသင်းကို သက်တောင့်သက်သာပဲ အနိုင်ရလိုက်ပါတယ်။ အဆိုပါပွဲစဉ်ဟာ ရက်ဖို့ဒ်ရဲ့ ပွဲ ၂၀၀ မြောက်ပွဲစဉ်ဖြစ်ပြီး အိုးထရက်ဖို့ဒ်မြေမှာ အင်္ဂလန်သားဟာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူနေတာ ဖြစ်ပါတယ်။

ဘရန်ဒန်ဝီလီယံကို တင်ခရူး ဂိုးဧရိယာထဲမှာ ကစားပုံကြမ်းခဲ့တာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့ပြီး ရက်ဖို့ဒ်က အမှားအယွင်းမရှိ အဆုံးသတ်ကန်သွင်းကာ ဒုတိယမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။
တစ်မိနစ်အကြာမှာပဲ မာရှယ်က တတိယမြောက်သွင်းဂိုး၊ ပွဲချိန် ၇၆ မိနစ်မှာ ဂရင်းဝုဒ်က ၄ ဂိုးမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ ယူနိုက်တက်တို့ ဧည့်သည်အသင်းကို ပညာပြလိုက်ကြပါတယ်။

ယူနိုက်တက်အသင်းရဲ့ Rating တွေကတော့

ဒီဂီယာ 7
ပထမပိုင်း မပြီးဆုံးခင်အထိ ဒီဂီယာတစ်ယောက် ဂိုးဖမ်းဖို့တောင် မလိုသလောက်ပါပဲ ။

ဝမ်ဘစ်ဆာကာ 7
ခိုင်မာတဲ့ ခံစစ်တန်းအဖြစ် အကောင်းဆုံး ကာကွယ်ဖြတ်ထုတ်ကစားနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ ဖြတ်ထုတ်ဖိ့ုတောင် မလိုအပ်ခဲ့ပါဘူး ။

မက်ဂွိုင်းယား 7
ယူနိုက်တက်အသင်းခေါင်းဆောင်ကတော့ ပထမပိုင်းတွင် အိုင်ဒက်ဟ်ခြေထဲက ဘောလုံးကို အန္တရာယ်အရှိဆုံးအခြေအနေမှာ အမှားအယွင်းမရှိ ဖြတ်ထုတ်နိုင်ခဲ့ပါတယ် ။

လင်ဒီလော့ဖ် 7
အိုင်ဒက်ဟ်နဲ့ရင်ဆိုင်ရာမှာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ သူ့ရဲ့အကောင်းဆုံး လူကပ်ကစားနိုင်မှုကို ပြသနိုင်ခဲ့ပါတယ် ။

ဝီလီယံ 8
ဘယ်ခြမ်းကနေ တိုက်စစ်ကို အကူညီပေးနိုင်ခဲ့ပါတယ် ။ ပြေးနှုန်းကို ဟန့်တားခံရလိ့ု ပင်နယ်တီရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

မာတစ် 7
ယူနိုက်တက်ကွင်းလယ်ရဲ့ ကျောက်ဆောင်တစ်ခုအဖြစ် ပြိုင်ဖက်တွေကို ဟန့်တားနေပြီး အသင်းဖော်တွေအတွက် နေရာလွတ်တွေရှာဖွေပြီး ဘောလုံးပေးပို့နိုင်ခဲ့ပါတယ်

ဖရက်ဒ် 7
ပွဲချိန် ၃၀ မိနစ်ခန့်မှာ ကန်သွင်းမှုပြုလုပ်ခဲ့ပြီး မာတစ်နဲ့အတူတူ ကွင်းလယ်ကို ထိန်းကျေင်းကာ တိုက်စစ်မှူးတွေကို ပံ့ပိုမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

မာတာ 7
ဘောလုံးပေးပို့မှုတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ရက်ဖို့ဒ်ရဲ့ အဖွင့်ဂိုးနဲ့ မာရှယ်ရဲ့ သွင်းဂိုးတွေရဲ့ ဖန်တီးရှင်ကတော့ မာတာပါပဲ ။

ပါရဲယား 7
မာရှယ်ရဲ့ နောက် နံပါတ် ၁၀ Role မှာ ကစားတတ်တဲ့ ပါရဲယားကတော့ ဘောလုံးအထိန်းအသိမ်း ကောင်းမွန်စွာနဲ့ အန္တရာယ်များတဲ့ ဖြတ်တင်ဘောတွေ ဖန်တီးပေးပို့နိုင်ခဲ့ပါတယ်။

ရက်ဖို့ဒ် 8 ( တစ်လတာ အကောင်းဆုံး ကစားသမား )
ယူနိုက်တက်အသင်းမှာ ပွဲ ၂၀၀ မြောက်ပွဲထွက်ခွင့်ရခဲ့ပြီး အဖွင့်ဂိုးအပြင် ပင်နယ်တီဖြင့်ပါ ဂိုးသွင်းယူပြီး တစ်ပွဲတည်း ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မာရှယ် 7
မာတာ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို အန်တိုနီက အမှားအယွင်းမရှိ ခေါင်းတိုက်အဆုံးသတ်ပြီး အသင်းအတွက် ၃ ဂိုးမြောက်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။