
Photo Credit
Photo Credit
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နောဝစ်ချ်ကို ဂိုးပြတ်အနိုင်ယူကာ ယခုရာသီအတွင်း ပထမဆုံးပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့ပြီး အသင်းကလည်း အဆင့် ၁၄နေရာကနေ အမှတ်ပေးဇယားရဲ့အဆင့် ၇နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပွဲချိန် ၂၁မိနစ်မှာ မက်တိုမီနေးရဲ့ဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပြီး VAR ရဲ့ဆုံးဖြတ်ချက်နဲ့အတူ ပင်နယ်တီရခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့ကန်ချက်ကို နောဝစ်ချ်ဂိုးသမား ခရူးလ် ကာကွယ်နိုင်ခဲ့ပါတယ်။
Photo Credit
အဲဒီနောက် ရက်ရှ်ဖို့ဒ်က ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ပင်နယ်တီကန်သွင်းချက် မဝင်ခဲ့တဲ့ မာရှယ်က ဒုတိယပိုင်းမှာ အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ လူစားဝင်ကစားသမား အိုနယ်ဟာနန်ဒက်ဇ်က နောဝစ်ချ်အတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပေမယ့် ယူနိုက်တက်က အရေးပါတဲ့နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းသား ၅ဦးကို ဖော်ပြပေးလိုက်ပါတယ်။
Photo Credit
အန်တိုနီမာရှယ်
ပြင်သစ်နိုင်ငံသား မာရှယ်ဟာ ဒီပွဲမှာ ဒန်နီရယ်ဂျိမ်းစ်၊ ရက်ရှ်ဖု့ိဒ်တို့နဲ့အတူ အကောင်းဆုံးချိတ်ဆက်ကစားနိုင်ခဲ့ပြီး ဂျိမ်းစ် ပင်နယ်တီရစေမယ့်ဖြစ်ရပ်အတွက် ဖန်တီးပေးနိုင်ခဲ့သလို ရက်ရှ်ဖို့ဒ်အတွက်လည်း အခွင့်အရေးအများအပြားဖန်တီးပေးနိုင်ခဲ့ပါတယ်။
Photo Credit
သူဟာ ပထမပိုင်းပြီးခါနီးမှာ ရရှိလာတဲ့ပင်နယ်တီကို အပိုင်ကန်သွင်းခဲ့ပေမယ့် အိမ်ရှင်ဂိုးသမား ခရူးလ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၇၃ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်နဲ့ အပေးအယူလုပ်ကာ ရှေ့ထွက်လာတဲ့ ခရူးလ်ကို အသာလေးမတင်ကျော်ဖြတ်ပြီး ထောင့်ဖြတ်အနေအထားကနေ တတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
အာရွန်ဝမ်ဘစ်ဆာကာ
ဝမ်ဘစ်ဆာကာဟာ နောက်ဆုံး ၂ပွဲဆက် wingback အဖြစ် ကစားခဲ့ရပါတယ်။ ဒါပေမဲ့ နောဝစ်ချ်နဲ့ပွဲမှာ ဆိုးလ်ရှားက နောက်တန်း ၄ ယောက်ပုံစံ ပြန်ကစားခဲ့လို့ သူလည်း Right Back ပြန်ဖြစ်သွားပြီး ပွဲအစပိုင်းမှာ နည်းနည်းအထိုင်မကျဖြစ်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်လာပါတယ်။
Photo Credit
သူဟာ ညာတောင်ပံတစ်လျှောက် ဒန်နီရယ်ဂျိမ်းစ်နဲ့အတူ အတွဲအဖက်မိမိကစားနိုင်ခဲ့ပြီး Final Third Zone မှာ လိုအပ်ချက်တွေရှိနေသေးပေမယ့် အဓိကတာဝန်ဖြစ်တဲ့ ခံစစ်ပိုင်းကိုတော့ အပြည့်အဝကာကွယ်နိုင်ခဲ့ပါတယ်။ ဝမ်ဘစ်ဆာကာဟာ တစ်ခါတလေခံစစ်အတွင်းထဲ ဝင်ပြီး အရေးပါတဲ့ဖျက်ထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
Photo Credit
ဒန်နီရယ်ဂျိမ်းစ်
သူဟာ ဒီပွဲမှာတော့ ညာတောင်ပံကစားသမားအဖြစ် ပါဝင်ကစားခဲ့ရပြီး သူ့ရဲ့စိတ်ကြိုက်နေရာမဟုတ်ပေမယ့် စောဒကတက်မှုမရှိဘဲ တစ်ပွဲလုံးကြိုးစားအားထုတ်မှုအပြည့်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်ဟာ သူ့ရဲ့တိကျတဲ့ပေးပို့မှု၊ လျင်မြန်တဲ့ထိုးဖောက်မှုတွေနဲ့အတူ နောဝစ်ချ်ခံစစ်ကို အချိန်ပြည့်ဖိအားပေးနိုင်ခဲ့ပါတယ်။
Photo Credit
ဂျိမ်းစ်ဟာ ဝမ်ဘစ်ဆာကာကိုလည်း ခံစစ်ကစားရာမှာ ကူညီနိုင်ခဲ့ပြီး သူ့ကြောင့်လည်း အငြင်းပွားဖွယ်ပင်နယ်တီရရှိခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်က ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲချိန်မိနစ် ၃၀ မှာသွင်းယူခဲ့တဲ့ရက်ရှ်ဖို့ဒ်ရဲ့ဂိုးအတွက် အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့သလို ညာတောင်ပံကနေ တိကျတဲ့ဖြတ်တင်ဘောနဲ့အတူ မာရှယ်ဆီ ပေးပို့နိုင်ခဲ့ပေမယ့် မာရှယ်ရဲ့ကန်သွင်းမှုကို ခရူးလ်ကာကွယ်နိုင်ခဲ့ပါတယ်။
Photo Credit
စကော့မက်တိုမီနေး
စကော့တလန်လက်ရွေးစင် မက်တိုမီနေးဟာ တစ်ဖြည်းဖြည်းနဲ့ ဆိုးလ်ရှားရဲ့အရေးပါဆုံးကစားသမားတစ်ဦးအဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး ပေ့ါဂ်ဘာ မပါဝင်နိုင်ချိန်မှာ ဖရက်ဒ်နဲ့အတူ ယူနိုက်တက်ကွင်းလယ်ကို ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ သူဟာ ကွင်းလယ်မှာ နေရာစုံလိုက်ဖြည့်ကစားနိုင်ခဲ့ပြီး ခံစစ်ကစားချိန်မှာ နောက်တန်းရှေ့ကနေ အရင်ဆုံးတားဆီးလေ့ရှိပါတယ်။
Photo Credit
သူဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး နောဝစ်ချ်ရဲ့ချေပဂိုးက သူ့အမှားမကင်းခဲ့ပေမယ့် အဲဒီဂိုးက ပွဲရဲ့အဖြေကို အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။
Photo Credit
မားကပ်စ်ရက်ရှ်ဖို့ဒ်
မာရှယ်ပြန်ကစားနိုင်လို့ အပျော်ဆုံးအသင်းဖော်က ရက်ရှ်ဖို့ဒ်ဖြစ်ပါလိမ့်မယ်။ မာရှယ်ပြန်ပါလာလို့ ရက်ရှ်ဖို့ဒ်လည်း သူပိုအားသန်တဲ့ဘယ်တောင်ပံတိုက်စစ်မှာ ပြန်ကစားခွင့်ရခဲ့လို့ဖြစ်ပါတယ်။ ပြီးတော့ ဂိုးသွင်းယူရေးတာဝန်ကိုလည်း ခွဲဝေခဲ့ရလို့ ဖိအားတွေလည်း လျော့ပါးသွားတာအမှန်ပါပဲ။
Photo Credit
ရက်ရှ်ဖို့ဒ်ရဲ့လှုပ်ရှားမှုနဲ့ နေရာယူမှုတွေက နောဝစ်ချ်နဲ့ပွဲမှာ အတော်လေးကောင်းမွန်ခဲ့ပြီး မာရှယ်နဲ့အတူ အကောင်းဆုံးတွဲဖက်ကာ ပြိုင်ဘက်ခံစစ်ကို အချိန်ပြည့်ဖိအားပေးနိုင်ခဲ့ပါတယ်။ သူဟာ ပင်နယ်တီမဝင်ခဲ့ပေမယ့် ၁မိနစ်အကြာမှာပဲ ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို မာရှယ်အတွက်လည်း နောက်ပေါက်နဲ့ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
Photo Credit
Zawgyi
ေနာ၀စ္ခ်္နဲ႔ပြဲမွ ထင္ေပၚခ့ဲသူ ယူႏုိက္တက္အသင္းသား ၅ဦး
ယူႏုိက္တက္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ေနာ၀စ္ခ်္ကို ဂိုးျပတ္အႏုိင္ယူကာ ယခုရာသီအတြင္း ပထမဆံုးပရီးမီးယားလိဂ္အေ၀းကြင္းႏိုင္ပြဲရယူႏုိင္ခဲ့ၿပီး အသင္းကလည္း အဆင့္ ၁၄ေနရာကေန အမွတ္ေပးဇယားရဲ႕အဆင့္ ၇ေနရာအထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ပြဲခ်ိန္ ၂၁မိနစ္မွာ မက္တိုမီေနးရဲ႕ဂုိးနဲ႔အတူ ဦးေဆာင္ႏိုင္ခဲ့ၿပီး VAR ရဲ႕ဆုံးျဖတ္ခ်က္နဲ႔အတူ ပင္နယ္တီရခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္ရဲ႕ကန္ခ်က္ကို ေနာ၀စ္ခ်္ဂိုးသမား ခ႐ူးလ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။
အဲဒီေနာက္ ရက္ရွ္ဖို႔ဒ္က ဒုတိယေျမာက္ဦးေဆာင္ဂုိးသြင္းယူႏိုင္ခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာ ပင္နယ္တီကန္သြင္းခ်က္ မ၀င္ခဲ့တဲ့ မာရွယ္က ဒုတိယပိုင္းမွာ အဆုံးသတ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ လူစား၀င္ကစားသမား အိုနယ္ဟာနန္ဒက္ဇ္က ေနာ၀စ္ခ်္အတြက္ ႏွစ္သိမ့္ေခ်ပဂိုးတစ္ဂိုးသြင္းယူခဲ့ေပမယ့္ ယူႏိုက္တက္က အေရးပါတဲ့ႏိုင္ပြဲရယူႏုိင္ခဲ့ပါတယ္။ အဲဒီပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ယူႏုိက္တက္အသင္းသား ၅ဦးကို ေဖာ္ျပေပးလုိက္ပါတယ္။
အန္တုိနီမာရွယ္
ျပင္သစ္ႏိုင္ငံသား မာရွယ္ဟာ ဒီပြဲမွာ ဒန္နီရယ္ဂ်ိမ္းစ္၊ ရက္ရွ္ဖု႔ိဒ္တို႔နဲ႔အတူ အေကာင္းဆုံးခ်ိတ္ဆက္ကစားႏိုင္ခဲ့ၿပီး ဂ်ိမ္းစ္ ပင္နယ္တီရေစမယ့္ျဖစ္ရပ္အတြက္ ဖန္တီးေပးႏိုင္ခဲ့သလို ရက္ရွ္ဖို႔ဒ္အတြက္လည္း အခြင့္အေရးအမ်ားအျပားဖန္တီးေပးႏိုင္ခဲ့ပါတယ္။
သူဟာ ပထမပိုင္းၿပီးခါနီးမွာ ရရွိလာတဲ့ပင္နယ္တီကို အပိုင္ကန္သြင္းခဲ့ေပမယ့္ အိမ္ရွင္ဂိုးသမား ခ႐ူးလ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္နဲ႔ အေပးအယူလုပ္ကာ ေရွ႕ထြက္လာတဲ့ ခ႐ူးလ္ကို အသာေလးမတင္ေက်ာ္ျဖတ္ၿပီး ေထာင့္ျဖတ္အေနအထားကေန တတိယေျမာက္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
အာရြန္၀မ္ဘစ္ဆာကာ
၀မ္ဘစ္ဆာကာဟာ ေနာက္ဆုံး ၂ပဲြဆက္ wingback အျဖစ္ ကစားခဲ့ရပါတယ္။ ဒါေပမဲ့ ေနာ၀စ္ခ်္နဲ႔ပဲြမွာ ဆုိးလ္ရွားက ေနာက္တန္း ၄ ေယာက္ပုံစံ ျပန္ကစားခဲ့လုိ႔ သူလည္း Right Back ျပန္ျဖစ္သြားၿပီး ပြဲအစပိုင္းမွာ နည္းနည္းအထုိင္မက်ျဖစ္ခဲ့ရေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပုံမွန္အတုိင္းျပန္ျဖစ္လာပါတယ္။
သူဟာ ညာေတာင္ပံတစ္ေလွ်ာက္ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔အတူ အတြဲအဖက္မိမိကစားႏိုင္ခဲ့ၿပီး Final Third Zone မွာ လိုအပ္ခ်က္ေတြရွိေနေသးေပမယ့္ အဓိကတာ၀န္ျဖစ္တဲ့ ခံစစ္ပိုင္းကုိေတာ့ အျပည့္အ၀ကာကြယ္ႏိုင္ခဲ့ပါတယ္။ ၀မ္ဘစ္ဆာကာဟာ တစ္ခါတေလခံစစ္အတြင္းထဲ ၀င္ၿပီး အေရးပါတဲ့ဖ်က္ထုတ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ဒန္နီရယ္ဂ်ိမ္းစ္
သူဟာ ဒီပြဲမွာေတာ့ ညာေတာင္ပံကစားသမားအျဖစ္ ပါ၀င္ကစားခဲ့ရၿပီး သူ႕ရဲ႕စိတ္ႀကိဳက္ေနရာမဟုတ္ေပမယ့္ ေစာဒကတက္မႈမရွိဘဲ တစ္ပဲြလုံးႀကိဳးစားအားထုတ္မႈအျပည့္နဲ႔ ကစားႏုိင္ခဲ့ပါတယ္။ ဂ်ိမ္းစ္ဟာ သူ႕ရဲ႕တိက်တဲ့ေပးပို႔မႈ၊ လ်င္ျမန္တဲ့ထုိးေဖာက္မႈေတြနဲ႔အတူ ေနာ၀စ္ခ်္ခံစစ္ကို အခ်ိန္ျပည့္ဖိအားေပးႏိုင္ခဲ့ပါတယ္။
ဂ်ိမ္းစ္ဟာ ၀မ္ဘစ္ဆာကာကိုလည္း ခံစစ္ကစားရာမွာ ကူညီႏိုင္ခဲ့ၿပီး သူ႕ေၾကာင့္လည္း အျငင္းပြားဖြယ္ပင္နယ္တီရရွိခဲ့ေပမယ့္ ရက္ရွ္ဖို႔ဒ္က ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ပါဘူး။ ပြဲခ်ိန္မိနစ္ ၃၀ မွာသြင္းယူခဲ့တဲ့ရက္ရွ္ဖို႔ဒ္ရဲ႕ဂိုးအတြက္ အေကာင္းဆုံးဖန္တီးေပးႏုိင္ခဲ့သလို ညာေတာင္ပံကေန တိက်တ့ဲျဖတ္တင္ေဘာနဲ႔အတူ မာရွယ္ဆီ ေပးပို႔ႏိုင္ခဲ့ေပမယ့္ မာရွယ္ရဲ႕ကန္သြင္းမႈကို ခ႐ူးလ္ကာကြယ္ႏိုင္ခဲ့ပါတယ္။
စေကာ့မက္တုိမီေနး
စေကာ့တလန္လက္ေရြးစင္ မက္တိုမီေနးဟာ တစ္ျဖည္းျဖည္းနဲ႔ ဆုိးလ္ရွားရဲ႕အေရးပါဆုံးကစားသမားတစ္ဦးအျဖစ္ ဖြံ႕ၿဖိဳးတုိးတက္လာၿပီး ေပ့ါဂ္ဘာ မပါ၀င္ႏုိင္ခ်ိန္မွာ ဖရက္ဒ္နဲ႔အတူ ယူႏုိက္တက္ကြင္းလယ္ကို ထိန္းေက်ာင္းႏိုင္ခဲ့ပါတယ္။ သူဟာ ကြင္းလယ္မွာ ေနရာစုံလုိက္ျဖည့္ကစားႏိုင္ခဲ့ၿပီး ခံစစ္ကစားခ်ိန္မွာ ေနာက္တန္းေရွ႕ကေန အရင္ဆုံးတားဆီးေလ့ရွိပါတယ္။
သူဟာ ယူႏုိက္တက္အတြက္ အေရးပါတဲ့ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ေနာ၀စ္ခ်္ရဲ႕ေခ်ပဂိုးက သူ႕အမွားမကင္းခဲ့ေပမယ့္ အဲဒီဂိုးက ပြဲရဲ႕အေျဖကို အက်ိဳးသက္ေရာက္မႈမရွိခဲ့ပါဘူး။
မားကပ္စ္ရက္ရွ္ဖို႔ဒ္
မာရွယ္ျပန္ကစားႏုိင္လုိ႔ အေပ်ာ္ဆုံးအသင္းေဖာ္က ရက္ရွ္ဖုိ႔ဒ္ျဖစ္ပါလိမ့္မယ္။ မာရွယ္ျပန္ပါလာလို႔ ရက္ရွ္ဖုိ႔ဒ္လည္း သူပိုအားသန္တဲ့ဘယ္ေတာင္ပံတုိက္စစ္မွာ ျပန္ကစားခြင့္ရခဲ့လုိ႔ျဖစ္ပါတယ္။ ၿပီးေတာ့ ဂိုးသြင္းယူေရးတာ၀န္ကိုလည္း ခြဲေ၀ခဲ့ရလုိ႔ ဖိအားေတြလည္း ေလ်ာ့ပါးသြားတာအမွန္ပါပဲ။
ရက္ရွ္ဖို႔ဒ္ရဲ႕လႈပ္ရွားမႈနဲ႔ ေနရာယူမႈေတြက ေနာ၀စ္ခ်္နဲ႔ပဲြမွာ အေတာ္ေလးေကာင္းမြန္ခဲ့ၿပီး မာရွယ္နဲ႔အတူ အေကာင္းဆုံးတြဲဖက္ကာ ၿပိဳင္ဘက္ခံစစ္ကို အခ်ိန္ျပည့္ဖိအားေပးႏိုင္ခဲ့ပါတယ္။ သူဟာ ပင္နယ္တီမ၀င္ခဲ့ေပမယ့္ ၁မိနစ္အၾကာမွာပဲ ဒုတိယေျမာက္ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့သလို မာရွယ္အတြက္လည္း ေနာက္ေပါက္နဲ႔ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။