
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်က ဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်တဲ့ ဗန်ဒိုက်နဲ့ဂျိုးဂိုးမက်ဇ်တို့ကို ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ အရဲစွန့်ပြီးအသုံးပြုသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
နယ်သာလန်နောက်ခံလူဗန်ဒိုက်ဟာ ၂၀၂၀၊ အောက်တိုဘာလ(၁၇)ရက်က အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲမှာ ပြိုင်ဘက်ဂိုးသမားပစ်ဖို့ဒ်နဲ့ထိခိုက်မိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာကြောင့် တစ်ရာသီလုံးအနားယူခဲ့ရသလို ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။
ဗန်ဒိုက် ဒဏ်ရာရပြီး တစ်လလောက်အကြာမှာပဲ ဂျိုးဂိုးမက်ဇ်ဟာ အင်္ဂလန်အသင်းအတွက်ပါဝင်ကစားရင်းနဲ့ ဘယ်ဘက်ဒူးအရွတ်စုတ်ပြဲတဲ့ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရသလို
လီဗာပူးလ်အသင်းအတွက် သူ နောက်ဆုံးပါဝင်ကစားခဲ့တာက ၂၀၂၀၊ နိုဝင်ဘာလ(၈)ရက်က မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ နှစ်ယောက်စလုံးက ဒဏ်ရာကနေပြန်သက်သာလာပြီဖြစ်ပေမယ့် ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားနေဆဲဖြစ်တာကြောင့် ယာဂန်ကလော့ပ်က သူတို့နှစ်ယောက်ကို အလျင်အမြန်ကစားခိုင်းမှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။
လီဗာပူးလ်အသင်းဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ဗန်ဒိုက်နဲ့ဂျိုးဂိုးမက်ဇ်တို့ မကြာခင်ဘောလုံးပြန်ကစားနိုင်မလားဆိုတဲ့ မေးခွန်းကို ယာဂန်ကလော့ပ်က “ကံဆိုးတာကတော့ သူတို့နှစ်ယောက် ဘယ်အချိန်ဘောလုံးပြန်ကစားနိုင်မလဲဆိုတာ အခုထိခန့်မှန်းလို့မရသေးတာပါပဲ။
ဒါပေမဲ့ နှစ်ယောက်စလုံးရဲ့အခြေအနေက တော်တော်လေးတိုးတက်နေပါပြီ။
သူတို့ဟာ ကြံ့ခိုင်မှုပြည့်ဝလာဖို့အစွမ်းကုန်ကြိုးစားနေပြီး ကျွန်တော်တို့ဘက်ကလည်း လုပ်ပေးနိုင်တာမှန်သမျှအားလုံး စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ သူတို့နှစ်ယောက်အပေါ် စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ရမှာပါ။
ကျွန်တော်တို့က ရာသီအရှည်ကြီးကို ဖြတ်သန်းရမှာဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲတွေလောက်ပဲ ကစားရမှာမဟုတ်ပါဘူး။
ကျွန်တော်တို့အသင်း ရာသီကြိုခြေစမ်းပွဲတွေကစားဖို့ရှိပေမယ့် သူတို့နှစ်ယောက်ကို အသုံးပြုသွားမှာမဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ၂၀၂၁-၂၂ ရာသီအဖွင့်ပွဲအဖြစ် လာမယ့်သြဂုတ်လ(၁၄)ရက်ကျရင် တန်းတက်နောဝစ်ချ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်စတင်ကစားရမှာဖြစ်ပြီး
ဒီကြားထဲမှာ ရာသီကြိုခြေစမ်းပွဲ(၃)ပွဲကစားမှာဖြစ်သလို လာမယ့်ကြာသပတေးမှာ ဟာသာဘာလင်နဲ့ကစားဖို့ရှိပေမယ့် ဗန်ဒိုက်နဲ့ဂျိုးဂိုးမက်ဇ်တို့ဟာ အဲဒီပွဲတွေမှာ ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေနာဝစ္ခ်္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ ပါဝင္ဖို႔မေသခ်ာေသးတဲ့ ဗန္ဒိုက္နဲ႔ဂိုးမက္ဇ္
လီဗာပူးလ္အသင္းနည္းျပယာဂန္ကေလာ့ပ္က ဒဏ္ရာကေနျပန္လည္သက္သာလာၿပီျဖစ္တဲ့ ဗန္ဒိုက္နဲ႔ဂ်ိဳးဂိုးမက္ဇ္တို႔ကို ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ အရဲစြန႔္ၿပီးအသုံးျပဳသြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ နယ္သာလန္ေနာက္ခံလူဗန္ဒိုက္ဟာ ၂၀၂၀၊ ေအာက္တိုဘာလ(၁၇)ရက္က အဲဗာတန္အသင္းနဲ႔ကစားခဲ့တဲ့ မာေဆးဆိုက္ဒ္ဒါဘီပြဲမွာ ၿပိဳင္ဘက္ဂိုးသမားပစ္ဖို႔ဒ္နဲ႔ထိခိုက္မိၿပီး ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့တာေၾကာင့္ တစ္ရာသီလုံးအနားယူခဲ့ရသလို ၿပီးခဲ့တဲ့ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲကိုလည္း လြဲေခ်ာ္ခဲ့ရပါတယ္။
ဗန္ဒိုက္ ဒဏ္ရာရၿပီး တစ္လေလာက္အၾကာမွာပဲ ဂ်ိဳးဂိုးမက္ဇ္ဟာ အဂၤလန္အသင္းအတြက္ပါဝင္ကစားရင္းနဲ႔ ဘယ္ဘက္ဒူးအ႐ြတ္စုတ္ၿပဲတဲ့ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရသလို လီဗာပူးလ္အသင္းအတြက္ သူ ေနာက္ဆုံးပါဝင္ကစားခဲ့တာက ၂၀၂၀၊ ႏိုဝင္ဘာလ(၈)ရက္က မန္စီးတီးနဲ႔ကစားခဲ့တဲ့ပြဲမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ႏွစ္ေယာက္စလုံးက ဒဏ္ရာကေနျပန္သက္သာလာၿပီျဖစ္ေပမယ့္ ႀကံ့ခိုင္မႈျပည့္ဝဖို႔ ႀကိဳးစားေနဆဲျဖစ္တာေၾကာင့္ ယာဂန္ကေလာ့ပ္က သူတို႔ႏွစ္ေယာက္ကို အလ်င္အျမန္ကစားခိုင္းမွာမဟုတ္ဘူးလို႔ ဆိုခဲ့တာပါ။
လီဗာပူးလ္အသင္းဝက္ဘ္ဆိုက္နဲ႔ အင္တာဗ်ဴးမွာ ဗန္ဒိုက္နဲ႔ဂ်ိဳးဂိုးမက္ဇ္တို႔ မၾကာခင္ေဘာလုံးျပန္ကစားႏိုင္မလားဆိုတဲ့ ေမးခြန္းကို ယာဂန္ကေလာ့ပ္က “ကံဆိုးတာကေတာ့ သူတို႔ႏွစ္ေယာက္ ဘယ္အခ်ိန္ေဘာလုံးျပန္ကစားႏိုင္မလဲဆိုတာ အခုထိခန႔္မွန္းလို႔မရေသးတာပါပဲ။ ဒါေပမဲ့ ႏွစ္ေယာက္စလုံးရဲ႕အေျခအေနက ေတာ္ေတာ္ေလးတိုးတက္ေနပါၿပီ။ သူတို႔ဟာ ႀကံ့ခိုင္မႈျပည့္ဝလာဖို႔အစြမ္းကုန္ႀကိဳးစားေနၿပီး ကြၽန္ေတာ္တို႔ဘက္ကလည္း လုပ္ေပးႏိုင္တာမွန္သမွ်အားလုံး စီစဥ္ေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ သူတို႔ႏွစ္ေယာက္အေပၚ စိတ္ရွည္ရွည္နဲ႔ေစာင့္ၾကည့္ရမွာပါ။
ကြၽန္ေတာ္တို႔က ရာသီအရွည္ႀကီးကို ျဖတ္သန္းရမွာျဖစ္ၿပီး ရာသီႀကိဳေျခစမ္းပြဲေတြေလာက္ပဲ ကစားရမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔အသင္း ရာသီႀကိဳေျခစမ္းပြဲေတြကစားဖို႔ရွိေပမယ့္ သူတို႔ႏွစ္ေယာက္ကို အသုံးျပဳသြားမွာမဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ၂၀၂၁-၂၂ ရာသီအဖြင့္ပြဲအျဖစ္ လာမယ့္ၾသဂုတ္လ(၁၄)ရက္က်ရင္ တန္းတက္ေနာဝစ္ခ်္အသင္းနဲ႔ အေဝးကြင္းပြဲစဥ္စတင္ကစားရမွာျဖစ္ၿပီး ဒီၾကားထဲမွာ ရာသီႀကိဳေျခစမ္းပြဲ(၃)ပြဲကစားမွာျဖစ္သလို လာမယ့္ၾကာသပေတးမွာ ဟာသာဘာလင္နဲ႔ကစားဖို႔ရွိေပမယ့္ ဗန္ဒိုက္နဲ႔ဂ်ိဳးဂိုးမက္ဇ္တို႔ဟာ အဲဒီပြဲေတြမွာ ပါဝင္ကစားႏိုင္မွာမဟုတ္ပါဘူး။