
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ခြေစွမ်းထက်တဲ့ကစားသမားအသစ်လိုအပ်နေတဲ့ ယူနိုက်တက်အသင်းအတွက် ဟာလန်းဟာအခုတော့ အဝေးကငေးကြည့်နေရတဲ့ ရွှေတောင်ကြီးသဖွယ်ဖြစ်နေပါပြီ။ ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းဟာ ဘွန်ဒက်စ်လီဂါမှာ အဖွင့် ၂ပွဲကစားပြီးချိန် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၅ဂိုးသွင်းယူကာ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပထမဆုံးဟာလန်းကို ကမ်းလှမ်းခဲ့တာကယူနိုက်တက် အသင်းဖြစ်ပါတယ်။ ယူနိုက်တက်က တာဝန်ရှိသူတွေဟာ ဟာလန်းရှိရာနေရာကိုတောင်တကူးတက သွားရောက်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပေမယ့် ဒေါ့မွန်အသင်းဆီကိုသာဟာလန်းရောက်ရှိသွားပါတယ်။

ဒေါ့မွန်အသင်းဟာ လီဝန်ဒေါစကီး ကနေစလို့ ယခုလက်ရှိ ဂျေဒန်ဆန်ချို အထိ တိုင်အောင် လူငယ်ကစားသမားတွေကိုမျိုးဆက် အလိုက်မွေးထုတ်ပေးနိုင်တဲ့ အရည်သွေးမြင့်လေ့ကျင့်ရေးနည်းစနစ်တွေ ပိုင်ဆိုင်တာကြောင့် ဟာလန်း အနေနဲ့ ဒေ့ါမွန်အသင်းကို ရွေးချယ်ခဲ့တာဖြစ်နိုင်ပါတယ်။ ဘွန်ဒက်လီဂါ ပွဲစဉ်မှာ ဒေါ့မွန် အသင်းက ကိုလုံ အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဟာလန်း တစ်ယောက် အော့စ်ဘတ်နဲ့ပွဲမှာ၃ဂိုး ၊ ကိုလုံနဲ့ပွဲမှာ၂ဂိုး စုစုပေါင်း၅ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဘွန်ဒက်လီဂါသမိုင်းမှာ အဖွင့်၂ပွဲအတွင်း ၅ဂိုးရရှိတဲ့ ပထမဆုံးကစားသမား အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။နော်ဝေလက်ရွေးစင် ဟာလန်းဟာ အဲဒီစံချိန်သစ်တင်နိုင်ဖို့ စုစုပေါင်း ၅၇ မိနစ်ပဲ အချိန်ယူခဲ့ရတာဖြစ်ပြီး ၊ ယူနိုက်တက်အသင်းကတော့လိဂ်ပွဲ 4 ပွဲကစားပြီး မိနစ် 360 ကန်ပြီးချိန်မှာတောင် 4 ဂိုးပဲသွင်းထားနိုင်ပါတယ်။

အသက် 19 နှစ်အရွယ် ဟာလန်းဟာ အရံ ကစားသမား အဖြစ်သာပွဲတွေမှာ ပါဝင်ထားခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့သွင်းဂိုးအချိုးဟာ မိနစ်၉၀ မှာ ၇.၉ဂိုးအထိ ပျမ်းမျှရှိနေပြီလည်းဖြစ်ပါတယ်။ဟာလန်းဟာကိုလုံနဲ့ပွဲမှာ ပွဲချိန်၆၅မိနစ်ရောက်မှ လူစားဝင်ခွင့်ရခဲ့ပြီးပွဲချိန်၇၇ မိနစ်နဲ့ ၈၇မိနစ်တွေမှာ၂ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းတစ်ယောက် အော့စ်ဘတ်နဲ့ပွဲမှာတော့ ပွဲပြီးဖို့ ၃၄မိနစ်အလိုမှာ လူစားဝင်ကစားသမားအဖြစ် ပထမဆုံးအကြိမ်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ကွင်းအတွင်း သူ့ရဲ့ပထမဆုံးဘောလုံးထိမှုကနေ အသင်းသစ်အတွက် သူ့ရဲ့ဗွေဆော်ဦးဂိုးပါသွင်းယူနိုင်ခဲ့သလို ပွဲအပြီးမှာ ဟက်ထရစ်ရှင်အဖြစ်ပါ ခံယူနိုင်ခဲ့ပါတယ်။အဲဒီပွဲမှာ ဒေါ့မွန်က ဟာလန်းလူစားဝင်လာချိန်မှာ ၃-၁ ဂိုးနဲ့အရေးနိမ့်နေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ၃-၅ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒေါ့မွန်အသင်းရဲ့ ပွဲရလဒ်ကိုကြည့်ပြီး ယူနိုက်တက်ပရိသတ်တစ်ဦးက “ဟာလန်းကို အရမခေါ်ယူနိုင်ခဲ့တာဟာ မန်ယူအတွက် တကယ့်ကိုကြီးမားတဲ့အမှားအယွင်းပဲ” လို့ သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားဖော်ပြခဲ့ပြီး အခြားတစ်ဦးကလည်း “ ငါတို့လို ယူနိုက်တက်ပရိသတ်တွေအတွက်တော့ တကယ့်ကို အဖိုးတန်ကစားသမား တစ်ယောက်လွဲချော်ခဲ့ ရတာပဲ”ဆိုပြီး တွစ်တာစာမျက်နာမှာ ရေးသားခဲ့ကြပါတယ်။

ဟာလန်းရဲ့ဆွေမျိုးတော်စပ်သူတစ်ဦးကတော့အခုလိုပြောပါတယ်။ “ဟာလန်း အနေနဲ့ ဂျာမန်မြေကိုပြောင်းခဲ့တာဟာ မှန်ကန်သင့်တော်တယ်လို့ ကျွန်တော်ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်ဆိုတာက ကစားသမားဘဝမှာ ပိရမစ်တစ်ခုရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လို့ပါပဲ။ဒါကြောင့်လည်း အဲ့ဒီနေရာကို ရောက်လာချိန်မှာ ဂရုစိုက်ဖို့လိုပါတယ်။ဟာလန်းအနေနဲ့ကလည်းသူ့အတွက်အကောင်းဆုံးဖြစ်ဖို့ပြင်ဆင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။သူဟာအသက်ငယ်သေးတာကြောင့် ပြင်ဆင်ဖို့အချိန်တွေရှိပါသေးတယ်”ဆိုပြီးပြောပါတယ်။

အသက် ၁၉နှစ်အရွယ်ရှိ ဟာလန်းဟာ ပထမရာသီဝက်မှာကတည်းက ဆဲလ်ဘတ်နဲ့အတူ ဂိုးသွင်းစွမ်းရည်ပြသနိုင်ခဲ့တာဖြစ်ပြီး ပြည်တွင်းလိဂ် ၁၄ပွဲမှာ ၁၆ဂိုးသွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်အုပ်စုအဆင့် ၆ပွဲမှာလည်း ၈ဂိုးအထိသွင်းယူနိုင်ခဲ့ကာ လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာပဲ ဂိုးပေါက်ပျောက်ခဲ့ရတာပါ။ဟာလန်းရဲ့ခြေစွမ်းဘယ်လောက်ထိထက်မလဲဆိုတာအားပေးစောင့်ကြည့်ကြရ အောင်ပါ။ ယူနိုက်တက်အသင်းနဲ့ယူနိုက်တက်ပရိသတ်တွေကတော့ ဟာလန်းခြေစွမ်းပြလေလေ ရင်နာရလေလေ ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
(Zawgyi Version)
ေနာင္တေတြရင္မွာပိုက္ၿပီး ဟာလန္းကိုေငးၾကည့္ရုံမွတစ္ပါး ဘာမွမတတ္ႏိုင္တဲ့ ယူႏိုက္တက္အသင္း
ေျခစြမ္းထက္တဲ့ကစားသမားအသစ္လုိအပ္ေနတဲ့ ယူႏိုက္တက္အသင္းအတြက္ ဟာလန္းဟာအခုေတာ့ အေ၀းကေငးၾကည့္ေနရတဲ့ ေရႊေတာင္ႀကီးသဖြယ္ျဖစ္ေနပါၿပီ။ ေဒါ့မြန္အသင္းတုိက္စစ္မွဴး ဟာလန္းဟာ ဘြန္ဒက္စ္လီဂါမွာ အဖြင့္ ၂ပြဲကစားၿပီးခ်ိန္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ၅ဂိုးသြင္းယူကာ စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ပထမဆုံးဟာလန္းကို ကမ္းလွမ္းခဲ့တာကယူႏိုက္တက္ အသင္းျဖစ္ပါတယ္။ ယူႏိုက္တက္က တာ၀န္ရိွသူေတြဟာ ဟာလန္းရိွရာေနရာကိုေတာင္တကူးတက သြားေရာက္ေတြ႕ဆုံညိွႏိႈင္းေဆြးေႏြးခဲ့ၾကေပမယ့္ ေဒါ့မြန္အသင္းဆီကိုသာဟာလန္းေရာက္ရိွသြားပါတယ္။
ေဒါ့မြန္အသင္းဟာ လီဝန္ေဒါစကီး ကေနစလို႔ ယခုလက္ရွိ ေဂ်ဒန္ဆန္ခ်ိဳ အထိ တိုင္ေအာင္ လူငယ္ကစားသမားေတြကိုမ်ိဳးဆက္အလိုက္ေမြးထုတ္ေပးႏိုင္တဲ့ အရည္ေသြးျမင့္ေလ့က်င့္ေရးနည္းစနစ္ေတြ ပိုင္ဆိုင္တာေၾကာင့္ ဟာလန္း အေနနဲ႔ ေဒ့ါမြန္အသင္းကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ႏိုင္ပါတယ္။ ဘြန္ဒက္လီဂါ ပြဲစဥ္မွာ ေဒါ့မြန္ အသင္းက ကိုလုံ အသင္းကို ၅-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ဟာလန္း တစ္ေယာက္ ေအာ့စ္ဘတ္နဲ႔ပြဲမွာ၃ဂိုး ၊ ကိုလုံနဲ႔ပြဲမွာ၂ဂိုး စုစုေပါင္း၅ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ ဘြန္ဒက္လီဂါသမိုုင္းမွာ အဖြင့္၂ပြဲအတြင္း ၅ဂိုးရရွိတဲ့ ပထမဆုံးကစားသမား အျဖစ္မွတ္တမ္းဝင္သြားခဲ့ပါတယ္။ေနာ္ေဝလက္ေ႐ြးစင္ ဟာလန္းဟာ အဲဒီစံခ်ိန္သစ္တင္ႏိုင္ဖို႔ စုစုေပါင္း ၅၇ မိနစ္ပဲ အခ်ိန္ယူခဲ့ရတာျဖစ္ၿပီး ၊ ယူႏိုက္တက္အသင္းကေတာ့လိဂ္ပြဲ 4 ပြဲကစားၿပီး မိနစ္ 360 ကန္ၿပီးခ်ိန္မွာေတာင္ 4 ဂိုးပဲသြင္းထားႏိုင္ပါတယ္။
အသက္ 19 ႏွစ္အရြယ္ ဟာလန္းဟာ အရံ ကစားသမား အျဖစ္သာပြဲေတြမွာ ပါဝင္ထားခဲ့ရတာ ျဖစ္ၿပီး သူ႔ရဲ႕သြင္းဂိုးအခ်ိဳးဟာ မိနစ္၉၀ မွာ ၇.၉ဂိုးအထိ ပ်မ္းမွ်ရွိေနၿပီလည္းျဖစ္ပါတယ္။ဟာလန္းဟာကုိလုံနဲ႔ပြဲမွာ ပြဲခ်ိန္
၆၅မိနစ္ေရာက္မွ လူစားဝင္ခြင့္ရခဲ့ၿပီးပြဲခ်ိန္၇၇ မိနစ္နဲ႔ ၈၇မိနစ္ေတြမွာ၂ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဟာလန္းတစ္ေယာက္ ေအာ့စ္ဘတ္နဲ႔ပြဲမွာေတာ့ ပြဲၿပီးဖို႔ ၃၄မိနစ္အလိုမွာ လူစားဝင္ကစားသမားအျဖစ္ ပထမဆုံးအႀကိမ္ပါဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး ကြင္းအတြင္း သူ႔ရဲ႕ပထမဆုံးေဘာလုံးထိမႈကေန အသင္းသစ္အတြက္ သူ႔ရဲ႕ေဗြေဆာ္ဦးဂိုးပါသြင္းယူႏိုင္ခဲ့သလို ပြဲအၿပီးမွာ ဟက္ထရစ္ရွင္အျဖစ္ပါ ခံယူႏိုင္ခဲ့ပါတယ္။အဲဒီပြဲမွာ ေဒါ့မြန္က ဟာလန္းလူစားဝင္လာခ်ိန္မွာ ၃-၁ ဂိုးနဲ႔အေရးနိမ့္ေနခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ ၃-၅ ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။
ေဒါ့မြန္အသင္းရဲ႕ ပြဲရလဒ္ကိုၾကည့္ၿပီး ယူႏိုက္တက္ပရိသတ္တစ္ဦးက “ဟာလန္းကို အရမေခၚယူႏိုင္ခဲ့တာဟာ မန္ယူအတြက္ တကယ့္ကိုႀကီးမားတဲ့အမွားအယြင္းပဲ” လို႔ သူ႔ရဲ႕လူမႈကြန္ရက္ေပၚမွာေရးသားေဖာ္ျပခဲ့ၿပီး အျခားတစ္ဦးကလည္း “ ငါတို႔လို ယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ တကယ့္ကို အဖိုးတန္ကစားသမားတစ္ေယာက္လြဲေခ်ာ္ခဲ့ရတာပဲ”ဆိုၿပီး တြစ္တာစာမ်က္နာမွာ ေရးသားခဲ့ၾကပါတယ္။
ဟာလန္းရဲ႕ေဆြမ်ဳိးေတာ္စပ္သူတစ္ဦးကေတာ့အခုလုိေျပာပါတယ္။ “ဟာလန္း အေနနဲ႔ ဂ်ာမန္ေျမကိုေျပာင္းခဲ့တာဟာ မွန္ကန္သင့္ေတာ္တယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ပရီးမီးယားလိဂ္ဆိုတာက ကစားသမားဘဝမွာ ပိရမစ္တစ္ခုရဲ႕ အေရးအႀကီးဆုံး အစိတ္အပိုင္းတစ္ခုျဖစ္လို႔ပါပဲ။ဒါေၾကာင့္လည္း အဲ့ဒီေနရာကို ေရာက္လာခ်ိန္မွာ ဂ႐ုစိုက္ဖို႔လိုပါတယ္။ဟာလန္းအေနနဲ႔ကလည္းသူ႔အတြက္အေကာင္းဆုံးျဖစ္ဖို႔ျပင္ဆင္ေနတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။သူဟာအသက္ငယ္ေသးတာေၾကာင့္ ျပင္ဆင္ဖုိ႔အခ်ိန္ေတြရိွပါေသးတယ္”ဆိုၿပီးေျပာပါတယ္။
အသက္ ၁၉ႏွစ္အ႐ြယ္ရွိ ဟာလန္းဟာ ပထမရာသီဝက္မွာကတည္းက ဆဲလ္ဘတ္နဲ႔အတူ ဂိုးသြင္းစြမ္းရည္ျပသႏိုင္ခဲ့တာျဖစ္ၿပီး ျပည္တြင္းလိဂ္ ၁၄ပြဲမွာ ၁၆ဂိုးသြင္းယူႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ၆ပြဲမွာလည္း ၈ဂိုးအထိသြင္းယူႏိုင္ခဲ့ကာ လီဗာပူးကို အေရးနိမ့္ခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲမွာပဲ ဂိုးေပါက္ေပ်ာက္ခဲ့ရတာပါ။ဟာလန္းရဲ႕ေျခစြမ္းဘယ္ေလာက္ထိထက္မလဲဆုိတာအားေပးေစာင့္ၾကည့္ၾကရ ေအာင္ပါ။ ယူႏိုက္တက္အသင္းနဲ႔ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဟာလန္းေျခစြမ္းျပေလေလ ရင္နာရေလေလ ျဖစ္ေနပါတယ္။