နောင်တတွေထွေးပိုက်ထားတဲ့ ယူနိုက်တက်ခေါင်းဆောင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်နဲ့ ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဒီယာလိုရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ခါဂျာရဲ့ ချေပဂိုး သွင်းယူမှုကြောင့် အိမ်ကွင်းမှာ သရေရလဒ်ပဲရရှိခဲ့ပါတယ်။ ဒီယာလိုကတော့ ပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် ကျေနပ်ပေမယ့် အသင်းခေါင်းဆောင်ကတော့ ပွဲအပြီးမှာ နောင်တတွေ ထွေးပိုက်ခဲ့ရပါတယ်။

မက်ဂွားယားဟာ ဒီယာလိုရဲ့ ဂိုးမတိုင်ခင် အကောင်းဆုံး အခွင့်အရေးအဖြစ် ကန်သွင်းခွင့် ရခဲ့ပေမယ့် ကန်ချက်က တိုင်ထိထွက်ခဲ့တာကြောင့် သရဲနီတို့ဟာ နိုင်ပွဲနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်က”ကျွန်တော်ဂိုးသွင်းယူခဲ့သင့်ပါတယ်။ အခုတော့ အဲဒီကိစ္စအတွက် ကျွန်တော်ဘာဆင်ခြေမှမပေးလိုပါဘူး။ စဉ်းစားကြည့်ရင် ဒါကြောင့်လည်း ကျွန်တော်ကတိုက်စစ်မှူးမဟုတ်ဘဲနောက်ခံလူတစ်ယောက်ဖြစ်နေခဲ့တာနေပါလိမ့်မယ်”

’‘အကောင်းဘက်က တွေးရင်တော့ ကျွန်တော်တို့ပထမအကျော့ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လို့ ဒီထက်ပိုကောင်းအောင် ကစားဖို့လိုအပ်ပါတယ်။ ပွဲအတွင်းမှာတော့ သက်သောင့်သက်သာကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။” ’‘ကျွန်တော်တို့ ပထမစပြီးဂိုးသွင်းလိုက်တော့ သူတို့ကို ဖိအားပေးကစားခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေးတွေထပ်ပြီး မဖန်တီးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့နိုင်ပြီပဲ ထင်ခဲ့တာပါ။ နောက်ဆုံးမိနစ်မှ ာဂိုးပေးလိုက်ရတာကတော့တကယ်စိတ်ပျက်စရာပါပဲ’‘

“လာမယ့် ဒုတိယအကျော့ပွဲက အတော်လေးရင်ခုန်စရာကောင်းပါတယ်။ သူတို့ကွင်းမှာသွားကစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့အခုကစားခဲ့တာထက် ပိုကောင်းအောင်ကစားရမှာပါ။ ဒါမှပဲ ကျွန်တော်တို့နောက်တစ်ဆင့်ကို သွားနိုင်မှာပါ” လို့ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

​ေနာင္တ​ေတြ​ေထြးပိုက္ထားတဲ့ ယူႏိုက္တက္​ေခါင္း​ေဆာင္

ေအစီမီလန္နဲ႔ ပြဲစဥ္မွာ ယူႏိုက္တက္ဟာ ဒီယာလိုရဲ႕ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ခါဂ်ာရဲ႕ ေခ်ပဂိုး သြင္းယူမႈေၾကာင့္ အိမ္ကြင္းမွာ သေရရလဒ္ပဲရရွိခဲ့ပါတယ္။ ဒီယာလိုက​ေတာ့ ပထမဆုံးဂိုးသြင္းႏိုင္ခဲ့တဲ့ အတြက္ ​ေက်နပ္​​ေပမယ့္ အသင္း​ေခါင္း​ေဆာင္က​ေတာ့ ပြဲအၿပီးမွာ ​ေနာင္တ​ေတြ ​ေထြးပိုက္ခဲ့ရပါတယ္။ မက္ဂြားယားဟာ ဒီယာလိုရဲ႕ ဂိုးမတိုင္ခင္ အေကာင္းဆုံး အခြင့္အေရးအျဖစ္ ကန္သြင္းခြင့္ ရခဲ့ေပမယ့္ ကန္ခ်က္က တိုင္ထိထြက္ခဲ့တာေၾကာင့္ သရဲနီတို႔ဟာ ႏိုင္ပြဲနဲ႔ ေဝးကြာခဲ့ရတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္း​ေခါင္း​ေဆာင္က”ကြၽန္ေတာ္ဂိုးသြင္းယူခဲ့သင့္ပါတယ္။ အခု​ေတာ့ အဲဒီကိစၥအတြက္ ကြၽန္ေတာ္ဘာဆင္ေျခမွမေပးလိုပါဘူး။ စဥ္းစားၾကည့္ရင္ ဒါ​​ေၾကာင့္လည္း ကြၽန္ေတာ္ကတိုက္စစ္မႉးမဟုတ္ဘဲေနာက္ခံလူတစ္ေယာက္ျဖစ္ေနခဲ့တာ​ေနပါလိမ့္မယ္” ’‘အ​ေကာင္းဘက္က ​ေတြးရင္​ေတာ့ ကြၽန္ေတာ္တို႔ပထမအေက်ာ့ပဲရွိပါေသးတယ္။ ဒါေပမယ့္လို႔ဒီထက္ပိုေကာင္းေအာင္ကစားဖို႔လိုအပ္ပါတယ္။ ပြဲအတြင္းမွာေတာ့သက္​ေသာင့္သက္သာကစားႏိုင္ခဲ့ပါတယ္။ ဒါ​ေပမယ့္ ကြၽန္ေတာ္တို႔အေကာင္းဆုံးမကစားႏိုင္ခဲ့ပါဘူး။”

’‘ကြၽန္ေတာ္တို႔ပထမစၿပီးဂိုးသြင္းလိုက္ေတာ့သူတို႔ကိုဖိအားေပးကစားခဲ့ပါတယ္။ဒါေပမယ့္အခြင့္အေရးေတြထပ္ၿပီး မဖန္တီးႏိုင္ခဲ့ပါဘူး။ကြၽန္ေတာ္တို႔ႏိုင္ၿပီပဲထင္ခဲ့တာပါ။ေနာက္ဆုံးမိနစ္မွာဂိုးေပးလိုက္ရတာကေတာ့တကယ္စိတ္ပ်က္စရာပါပဲ’ “လာမယ့္ဒုတိယအေက်ာ့ပြဲကအေတာ္ေလးရင္ခုန္စရာေကာင္းပါတယ္။ သူတို႔ကြင္းမွာသြားကစားရမွာျဖစ္တာ​ေၾကာင့္ ကြၽန္ေတာ္တို႔အခုကစားခဲ့တာထက္ပိုေကာင္းေအာင္ကစားရမွာပါ။ဒါမွပဲကြၽန္ေတာ္တို႔ေနာက္တစ္ဆင့္ကိုသြားႏိုင္မွာပါ” လို႔​ေျပာဆိုပါတယ္။