
Photo Credit
Photo Credit ; Getty Images
ဘာစီလိုနာအသင်းဥက္ကဋ္ဌ မာရီယာဘာတိုမူက Ballon d’Or ဆု ၅ ကြိမ် ဆွတ်ခူးရရှိထားတဲ့ တိုက်စစ်မှူးလီယိုနယ်မက်ဆီဟာ နောက်ထပ် ၅ နှစ်လောက်အထိ အသင်းမှာဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။
Photo Credit
မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးတာ ဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် ရောက်နေတာတောင် လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသနေဆဲပါပဲ။
Photo Credit ; Reuters
မက်ဆီရဲ့ စာချုပ်ထဲမှာတော့ ရာသီကုန်မှမဟုတ်ဘဲ မက်ဆီဆန္ဒရှိရင် သက်တမ်းမကုန်ဆုံးခင် တစ်နှစ်အလိုမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုတယ်ဆိုတဲ့ အချက်လည်းပါဝင်နေပါတယ်။
Photo Credit
ဘာတိုမူကတော့ ကတ်တလန်မြေမှာ မက်ဆီရဲ့အနာဂတ်အတွက် စိုးရိမ်ပူပန်ခြင်းမရှိဘဲ အသင်းမှာေ နာင်နှစ်များစွာ ဆက်ရှိနေဦးမယ်လို့ ယုံကြည်နေပါတယ်။ ဘာတိုမူက “သူဆက်ရှိနေမှာ အသေအချာပဲပေါ့”
Photo Credit
”သူသာ ကြံ့ခိုင်တယ်လို့ခံစားရပြီး ကစားဖို့ စိတ်အားထက်သန်နေတယ်ဆိုရင် စာချုပ်ကို အကန့်အသတ်မရှိတိုးခွင့်ပေးမှာပါ။ နောက်ဆုံးမှာတော့ သူပဲဆုံးဖြတ်ရမှာပါ။ သူမှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့ရင် ဘောလုံးကစားတာကိုရပ်လိုက်တဲ့အချိန်မှာအကျိုးအမြတ်တွေရှိပါလိမ့်မယ်”
Photo Credit
”ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတော့ မက်ဆီပြောခဲ့သလိုပဲ ဘာစီလိုနာအသင်းမှာပဲ သူ ကစားသမားဘဝကို အဆုံးသတ်ချင်နေတာပါ။ နောက်ထပ် ၂ နှစ် ၃ နှစ် ပြီးဆုံးချိန်မှာလည်း ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ကမက်ဆီပဲဆက်ဖြစ်နေမှာပါ”
Photo Credit
”သူကငယ်ရွယ်နေတုန်း၊ သန်မာတုန်း၊ ကစားဖို့အတွက် စိတ်အားထက်သန်မှုအပြည့်ရှိနေတုန်းဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒါကြောင့် မက်ဆီကနောက် ၂ နှစ် ၊ ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်လောက် ဆက်ကစားနေဦးမှာပါ“လို့ ပြောကြားသွားခဲ့ပါတယ်။
Photo Credit
မက်ဆီဟာ ဒဏ်ရာပြဿနာတွေကြောင့် ရာသီအစကရက်သတ္တပတ် ၂ ပတ်လောက် အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး မကစားနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြန်လည်သက်သာနေပြီ ဖြစ်ပါတယ်။
Photo Credit
ပြီးခဲ့တဲ့စနေနေ့ကလည်း ဆဲလ်တာဗီဂိုအသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာရဲ့မှော်ဆရာလေးက ပင်နယ်တီတစ်လုံးနဲ့ ဖရီးကစ် ၂ လုံးကန်သွင်းယူကာ ဟက်ထရစ်ရယူခဲ့ပြီး နည်းပြဗယ်လ်ဗာဒီရဲ့ဘာစီလိုနာအသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးဆီ ပြန်လည်တက်ရောက်စေခဲ့ပါတယ်။
Photo Credit
Zawgyi
ေနာက္ ၅ ႏွစ္ေလာက္ ဘာစီလုိနာမွာပဲ မက္ဆီဆက္ရွိေနဦးမွာပါ – ဘာတိုမူ
ဘာစီလိုနာအသင္းဥကၠ႒ မာရီယာဘာတိုမူက Ballon d’Or ဆု ၅ ႀကိမ္ ဆြတ္ခူးရရွိထားတဲ့ တုိက္စစ္မွဴးလီယိုနယ္မက္ဆီဟာ ေနာက္ထပ္ ၅ ႏွစ္ေလာက္အထိ အသင္းမွာဆက္ရွိေနမယ္လို႔ ယံုၾကည္ေနပါတယ္။
မက္ဆီဟာ ဘာစီလုိနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ရွိေနေသးတာ ျဖစ္ၿပီး အသက္ ၃၂ ႏွစ္အရြယ္ ေရာက္ေနတာေတာင္ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာေကာင္းမြန္တဲ့ေျခစြမ္းေတြကို ျပသေနဆဲပါပဲ။
မက္ဆီရဲ႕ စာခ်ဳပ္ထဲမွာေတာ့ ရာသီကုန္မွမဟုတ္ဘဲ မက္ဆီဆႏၵရွိရင္ သက္တမ္းမကုန္ဆုံးခင္ တစ္ႏွစ္အလုိမွာ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳတယ္ဆိုတဲ့ အခ်က္လည္းပါဝင္ေနပါတယ္။
ဘာတိုမူကေတာ့ ကတ္တလန္ေျမမွာ မက္ဆီရဲ႕အနာဂတ္အတြက္ စိုးရိမ္ပူပန္ျခင္းမရွိဘဲ အသင္းမွာေ နာင္ႏွစ္မ်ားစြာ ဆက္ရွိေနဦးမယ္လို႔ ယံုၾကည္ေနပါတယ္။ ဘာတိုမူက “သူဆက္ရွိေနမွာ အေသအခ်ာပဲေပါ့”
”သူသာ ႀကံ့ခိုင္တယ္လို႔ခံစားရၿပီး ကစားဖို႔ စိတ္အားထက္သန္ေနတယ္ဆိုရင္ စာခ်ဳပ္ကို အကန္႔အသတ္မရွိတိုးခြင့္ေပးမွာပါ။ ေနာက္ဆံုးမွာေတာ့ သူပဲဆံုးျဖတ္ရမွာပါ။ သူမွန္မွန္ကန္ကန္ ဆံုးျဖတ္ခဲ့ရင္ ေဘာလံုးကစားတာကိုရပ္လိုက္တဲ့အခ်ိန္မွာအက်ိဳးအျမတ္ေတြရွိပါလိမ့္မယ္”
”ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္ကေတာ့ မက္ဆီေျပာခဲ့သလုိပဲ ဘာစီလုိနာအသင္းမွာပဲ သူ ကစားသမားဘ၀ကို အဆုံးသတ္ခ်င္ေနတာပါ။ ေနာက္ထပ္ ၂ ႏွစ္ ၃ ႏွစ္ ၿပီးဆုံးခ်ိန္မွာလည္း ကၽြန္ေတာ္တို႔ရဲ႕ အသင္းေခါင္းေဆာင္ကမက္ဆီပဲဆက္ျဖစ္ေနမွာပါ”
”သူကငယ္ရြယ္ေနတုန္း၊ သန္မာတုန္း၊ ကစားဖို႔အတြက္ စိတ္အားထက္သန္မႈအျပည့္ရွိေနတုန္းဆိုတာ သံသယရွိစရာမလုိပါဘူး။ ဒါေၾကာင့္ မက္ဆီကေနာက္ ၂ ႏွစ္ ၊ ၃ ႏွစ္၊ ၄ ႏွစ္၊ ၅ ႏွစ္ေလာက္ ဆက္ကစားေနဦးမွာပါ“လို႔ ေျပာၾကားသြားခဲ့ပါတယ္။
မက္ဆီဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ရာသီအစကရက္သတၱပတ္ ၂ ပတ္ေလာက္ အရန္ခံုမွာသာ ထိုင္ေနခဲ့ရၿပီး မကစားႏိုင္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ျပန္လည္သက္သာေနၿပီ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့စေနေန႔ကလည္း ဆဲလ္တာဗီဂိုအသင္းကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဘာစီလိုနာရဲ႕ေမွာ္ဆရာေလးက ပင္နယ္တီတစ္လံုးနဲ႔ ဖရီးကစ္ ၂ လံုးကန္သြင္းယူကာ ဟက္ထရစ္ရယူခဲ့ၿပီး နည္းျပဗယ္လ္ဗာဒီရဲ႕ဘာစီလိုနာအသင္းကို အမွတ္ေပးဇယားရဲ႕ ထိပ္ဆံုးဆီ ျပန္လည္တက္ေရာက္ေစခဲ့ပါတယ္။