
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စနေနေ့က လီဗာပူးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒို အန်ထိုနီတေလာရဲ့ ဆုံးဖြတ်ချက်အပေါ် ချဲလ်ဆီးပရသိတ်တွေ အခုအထိ ဒေါသထွက်နေပါတယ်။
ပထမပိုင်းပြီးခါနီးမှာ ဂိုးစည်းပေါ်မှာ ဘောလုံးကို လက်နဲ့ပုတ်တယ်ဆိုပြီး ပင်နယ်တီ သတ်မှတ်ခဲ့တဲ့အပြင် ရီဆီဂျိမ်းစ်ကိုပါ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
အထူးသဖြင့် ကွင်းဘေးစည်းက မော်နီတာကို သွားကြည့်ရာမှာ အချိန် ၂စက္ကန့်လောက်ပဲယူပြီး ဆုံးဖြတ်ချက်အမြန်ချခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေ ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။
အခုဆိုရင် ချဲလ်ဆီးပရိသတ်တွေဟာ အွန်လိုင်းဆော်သြမှုတစ်ရပ်လုပ်ပြီး နောက်နောင် ချဲလ်ဆီး ပွဲတွေမှာ အန်ထိုနီတေလာကို ကွင်းလယ်ဒိုင်အဖြစ် မခန့်အပ်ဖို့ တောင်းဆိုနေကြပါတယ်။
တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးပရိသတ် အယောက် လေးသောင်းလက်မှတ်ထိုးထားတဲ့ အသနားခံစာ ၂စောင်ကိုလည်း ပရီးမီးယားလိဂ်ထံတင်သွင်းသွားဖို့ ချဲလ်ဆီးပရိသတ်တွေ စီစဉ်ထားပြီးဖြစ်ပါတယ်။
အသနားခံစာတစ်စောင်မှာ အန်ထိုနီတေလာဟာ ချဲလ်ဆီးအသင်းရဲ့ပွဲစဉ်တွေကို ကိုင်တွယ်ကြိးကြပ်တိုင်း အငြင်းပွားစရာတွေ အမြဲဖန်တီးလေ့ရှိကြောင်းနဲ့ နောက်နောင် ချဲလ်ဆီးအသင်းရဲ့ပွဲစဉ်တွေကို မကြီးကြပ်ခိုင်းခြင်းက သူ့လုံခြုံရေးအတွက်ပါ ပိုကောင်းကြောင်း ရေးသားထားပါတယ်။
နောက်တစ်စောင်မှာတော့ အန်ထိုနီတေလာရဲ့ပွဲကြီးကြပ်ပုံတွေဟာ ချဲလ်ဆီးပရိသတ်တွေရဲ့စိတ်ဓါတ်ကို ထိခိုက်စေတယ်လို့ ပြောပါတယ်။
ကွင်းလယ်ဒိုင် အန်ထိုနီတေလာဟာ ရီဆီဂျိမ်းစ်ရဲ့လက်ထိဘောဖြစ်ခါစက ပွဲဆက်ကစားဖို့ လက်ဝှေ့ယမ်းပြခဲ့ပြီး နောက်ပိုင်းမှ VARကြည့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးနည်းပြ တူချယ်က VARဆုံးဖြတ်ချက်အတွက် မော်နီတာကြည့်ချိန်ဟာ လုံလောက်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့အပြင် လူမှုကွန်ယက်တွေမှာလည်း ချဲလ်ဆီးပရိသတ်တွေဟာ အန်ထိုနီတေလာရဲ့ကြီးကြပ်ပုံတွေကို ဒေါသတကြီး ပို့စ်တင် ဝေဖန်နေကြပါတယ်။
ပရိသတ်တစ်ဦးက”အန်ထိုနီတေလဟာဟာ ချဲလ်ဆီးကိုဆန့်ကျင်ဖို့ အစီအစဉ်ရှိသူပါ။
ဘယ်လောက်အရှက်မရှိတဲ့ ဒိုင်လဲ။ သူ့ဘဝတလျှောက် ချဲလ်ဆီးပွဲတွေကို နောက်နောင် ထပ်ကြီးကြပ်ခွင့်မပေးသင့်ပါဘူး”လို့ ပို့စ်တင်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ေနာက္ေနာင္ ခ်ဲလ္ဆီးရဲ႕ပြဲေတြကို အန္ထိုနီေတလာကို မႀကီးၾကပ္ခိုင္းဖို႔ ခ်ဲလ္ဆီးပရိသတ္ေတြ ေတာင္းဆို
စေနေန႔က လီဗာပူးနဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ကြင္းလယ္ဒို အန္ထိုနီေတလာရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ခ်ဲလ္ဆီးပရသိတ္ေတြ အခုအထိ ေဒါသထြက္ေနပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ ဂိုးစည္းေပၚမွာ ေဘာလုံးကို လက္နဲ႔ပုတ္တယ္ဆိုၿပီး ပင္နယ္တီ သတ္မွတ္ခဲ့တဲ့အျပင္ ရီဆီဂ်ိမ္းစ္ကိုပါ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ပါတယ္။
အထူးသျဖင့္ ကြင္းေဘးစည္းက ေမာ္နီတာကို သြားၾကည့္ရာမွာ အခ်ိန္ ၂စကၠန႔္ေလာက္ပဲယူၿပီး ဆုံးျဖတ္ခ်က္အျမန္ခ်ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြ ေဒါသထြက္ခဲ့ၾကတာျဖစ္ပါတယ္။
အခုဆိုရင္ ခ်ဲလ္ဆီးပရိသတ္ေတြဟာ အြန္လိုင္းေဆာ္ၾသမႈတစ္ရပ္လုပ္ၿပီး ေနာက္ေနာင္ ခ်ဲလ္ဆီး ပြဲေတြမွာ အန္ထိုနီေတလာကို ကြင္းလယ္ဒိုင္အျဖစ္ မခန႔္အပ္ဖို႔ ေတာင္းဆိုေနၾကပါတယ္။ တစ္ဆက္တည္းမွာပဲ ခ်ဲလ္ဆီးပရိသတ္ အေယာက္ ေလးေသာင္းလက္မွတ္ထိုးထားတဲ့ အသနားခံစာ ၂ေစာင္ကိုလည္း ပရီးမီးယားလိဂ္ထံတင္သြင္းသြားဖို႔ ခ်ဲလ္ဆီးပရိသတ္ေတြ စီစဥ္ထားၿပီးျဖစ္ပါတယ္။
အသနားခံစာတစ္ေစာင္မွာ အန္ထိုနီေတလာဟာ ခ်ဲလ္ဆီးအသင္းရဲ႕ပြဲစဥ္ေတြကို ကိုင္တြယ္ႀကိးၾကပ္တိုင္း အျငင္းပြားစရာေတြ အၿမဲဖန္တီးေလ့ရွိေၾကာင္းနဲ႔ ေနာက္ေနာင္ ခ်ဲလ္ဆီးအသင္းရဲ႕ပြဲစဥ္ေတြကို မႀကီးၾကပ္ခိုင္းျခင္းက သူ႔လုံၿခဳံေရးအတြက္ပါ ပိုေကာင္းေၾကာင္း ေရးသားထားပါတယ္။
ေနာက္တစ္ေစာင္မွာေတာ့ အန္ထိုနီေတလာရဲ႕ပြဲႀကီးၾကပ္ပုံေတြဟာ ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕စိတ္ဓါတ္ကို ထိခိုက္ေစတယ္လို႔ ေျပာပါတယ္။ ကြင္းလယ္ဒိုင္ အန္ထိုနီေတလာဟာ ရီဆီဂ်ိမ္းစ္ရဲ႕လက္ထိေဘာျဖစ္ခါစက ပြဲဆက္ကစားဖို႔ လက္ေဝွ႔ယမ္းျပခဲ့ၿပီး ေနာက္ပိုင္းမွ VARၾကည့္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္က VARဆုံးျဖတ္ခ်က္အတြက္ ေမာ္နီတာၾကည့္ခ်ိန္ဟာ လုံေလာက္ရဲ႕လားလို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ ဒါ့အျပင္ လူမႈကြန္ယက္ေတြမွာလည္း ခ်ဲလ္ဆီးပရိသတ္ေတြဟာ အန္ထိုနီေတလာရဲ႕ႀကီးၾကပ္ပုံေတြကို ေဒါသတႀကီး ပို႔စ္တင္ ေဝဖန္ေနၾကပါတယ္။
ပရိသတ္တစ္ဦးက”အန္ထိုနီေတလဟာဟာ ခ်ဲလ္ဆီးကိုဆန႔္က်င္ဖို႔ အစီအစဥ္ရွိသူပါ။ ဘယ္ေလာက္အရွက္မရွိတဲ့ ဒိုင္လဲ။ သူ႔ဘဝတေလွ်ာက္ ခ်ဲလ္ဆီးပြဲေတြကို ေနာက္ေနာင္ ထပ္ႀကီးၾကပ္ခြင့္မေပးသင့္ပါဘူး”လို႔ ပို႔စ္တင္ပါတယ္။