
Photo Credit
Photo Credit
ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းဟာ ဘွန်ဒက်စ်လီဂါမှာ အဖွင့် ၂ပွဲကစားပြီးချိန် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၅ဂိုးသွင်းယူကာ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီထက်ပိုချီးကျူးစရာကောင်းတာက နော်ဝေလက်ရွေးစင် ဟာလန်းဟာ အဲဒီစံချိန်သစ်တင်နိုင်ဖို့ စုစုပေါင်း ၅၇ မိနစ်ပဲ အချိန်ယူခဲ့ရတာဖြစ်ပြီး တစ်ပွဲပျမ်းမျှ ၇.၉ ဂိုးနှုန်းတောင် ရှိနေပါတယ်။
Photo Credit
ဒီအတွက်ကြောင့်လည်း ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် အသင်းသစ်အတွက် အဖွင့် ၂ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဟာလန်း စံချိန်တင်နိုင်ခဲ့တာ သိပ်ပြီးထူးဆန်းတဲ့ကိစ္စမဟုတ်ဘဲ အဲဒီ ၂ပွဲစလုံးမှာ သူဟာ အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့တာပါ။
Photo Credit
ဆဲလ်ဘတ်တိုက်စစ်မှူးဟောင်း ဟာလန်းဟ အော့စ်ဘတ်နဲ့ပွဲမှာ ပွဲပြီးဖို့ ၃၄မိနစ်အလိုမှာ လူစားဝင်ကစားသမားအဖြစ် ပထမဆုံးအကြိမ်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ကွင်းအတွင်း သူ့ရဲ့ပထမဆုံးဘောလုံးထိမှုကနေ အသင်းသစ်အတွက် သူ့ရဲ့ဗွေဆော်ဦးဂိုးပါသွင်းယူနိုင်ခဲ့သလို ပွဲအပြီးမှာ ဟက်ထရစ်ရှင်အဖြစ်ပါ ခံယူနိုင်ခဲ့ပါတယ်။
Photo Credit
အဲဒီပွဲမှာ ဒေါ့မွန်က ဟာလန်းလူစားဝင်လာချိန်မှာ ၃-၁ ဂိုးနဲ့အရေးနိမ့်နေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ၃-၅ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ သောကြာညက ကိုလုံးကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဟာလန်းဟာ လူစားဝင်လာပြီးနောက် ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂွါရဲရိုး၊ မာကိုရူးစ်နဲ့ ဆန်ချိုတို့လည်း ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။
Erling Haaland will start on the bench in tonight's match.
Last time he did this in 20 minutes. ⚽️⚽️⚽️
What could he do in 90 min? 🤯#BVBKOEpic.twitter.com/f3uxkM6Dmv
— DW Sports (@dw_sports) January 24, 2020
Video Credit (အော့စ်ဘတ်နဲ့ပွဲမှ ဟိုက်လိုက်ဗီဒီယိုဖြစ်ပါသည်။)
အသက် ၁၉နှစ်အရွယ်ရှိ ဟာလန်းဟာ ပထမရာသီဝက်မှာကတည်းက ဆဲလ်ဘတ်နဲ့အတူ ဂိုးသွင်းစွမ်းရည်ပြသနိုင်ခဲ့တာဖြစ်ပြီး ပြည်တွင်းလိဂ် ၁၄ပွဲမှာ ၁၆ဂိုးသွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်အုပ်စုအဆင့် ၆ပွဲမှာလည်း ၈ဂိုးအထိသွင်းယူနိုင်ခဲ့ကာ လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာပဲ ဂိုးပေါက်ပျောက်ခဲ့ရတာပါ။
Haaland's finish tonight. Not a care in the world. pic.twitter.com/oOgFDwfb1n
— Mr Fixit's Tips (@mrfixitstips) January 24, 2020
Video Credit (ကိုလုံးနဲ့ပွဲမှ နောက်ဆုံးဂိုးဖြစ်ပါသည်။)
Zawgyi
ေနာက္ထပ္လူစား၀င္ၿပီး ဘြန္ဒက္စ္လီဂါသမုိင္းမွတ္တမ္းထဲ ေနရာ၀င္ယူလုိက္တဲ့ ဟာလန္း
ေဒါ့မြန္အသင္းတုိက္စစ္မွဴး ဟာလန္းဟာ ဘြန္ဒက္စ္လီဂါမွာ အဖြင့္ ၂ပြဲကစားၿပီးခ်ိန္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ၅ဂိုးသြင္းယူကာ စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ဒီထက္ပုိခ်ီးက်ဴးစရာေကာင္းတာက ေနာ္ေ၀လက္ေရြးစင္ ဟာလန္းဟာ အဲဒီစံခ်ိန္သစ္တင္ႏိုင္ဖို႔ စုစုေပါင္း ၅၇ မိနစ္ပဲ အခ်ိန္ယူခဲ့ရတာျဖစ္ၿပီး တစ္ပဲြပ်မ္းမွ် ၇.၉ ဂိုးႏႈန္းေတာင္ ရွိေနပါတယ္။
ဒီအတြက္ေၾကာင့္လည္း ဘြန္ဒက္စ္လီဂါသမုိင္းတစ္ေလွ်ာက္ အသင္းသစ္အတြက္ အဖြင့္ ၂ပဲြမွာ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ဟာလန္း စံခ်ိန္တင္ႏို္င္ခဲ့တာ သိပ္ၿပီးထူးဆန္းတဲ့ကိစၥမဟုတ္ဘဲ အဲဒီ ၂ပဲြစလုံးမွာ သူဟာ အရန္ကစားသမားအျဖစ္သာ ပါ၀င္ကစားခြင့္ရခဲ့တာပါ။
ဆဲလ္ဘတ္တိုက္စစ္မွဴးေဟာင္း ဟာလန္းဟ ေအာ့စ္ဘတ္နဲ႔ပြဲမွာ ပဲြၿပီးဖို႔ ၃၄မိနစ္အလိုမွာ လူစား၀င္ကစားသမားအျဖစ္ ပထမဆုံးအႀကိမ္ပါ၀င္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး ကြင္းအတြင္း သူ႕ရဲ႕ပထမဆုံးေဘာလုံးထိမႈကေန အသင္းသစ္အတြက္ သူ႕ရဲ႕ေဗြေဆာ္ဦးဂိုးပါသြင္းယူႏုိင္ခဲ့သလုိ ပြဲအၿပီးမွာ ဟက္ထရစ္ရွင္အျဖစ္ပါ ခံယူႏိုင္ခဲ့ပါတယ္။
အဲဒီပဲြမွာ ေဒါ့မြန္က ဟာလန္းလူစား၀င္လာခ်ိန္မွာ ၃-၁ ဂိုးနဲ႔အေရးနိမ့္ေနခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ ၃-၅ ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။ ေသာၾကာညက ကိုလုံးကို ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ဟာလန္းဟာ လူစား၀င္လာၿပီးေနာက္ ၂ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ဂြါရဲ႐ိုး၊ မာကို႐ူးစ္နဲ႔ ဆန္ခ်ိဳတုိ႔လည္း ဂိုးေတြအသီးသီးသြင္းယူႏိုင္ခဲ့ပါတယ္။
အသက္ ၁၉ႏွစ္အရြယ္ရွိ ဟာလန္းဟာ ပထမရာသီ၀က္မွာကတည္းက ဆဲလ္ဘတ္နဲ႔အတူ ဂိုးသြင္းစြမ္းရည္ျပသႏိုင္ခဲ့တာျဖစ္ၿပီး ျပည္တြင္းလိဂ္ ၁၄ပြဲမွာ ၁၆ဂိုးသြင္းယူႏုိင္ခဲ့သလုိ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ၆ပြဲမွာလည္း ၈ဂိုးအထိသြင္းယူႏုိင္ခဲ့ကာ လီဗာပူးကို အေရးနိမ့္ခဲ့တဲ့ အုပ္စုေနာက္ဆုံးပြဲမွာပဲ ဂိုးေပါက္ေပ်ာက္ခဲ့ရတာပါ။