နောက်ထပ်တစ်ကြိမ်ပြန်လာနိုင်ဖို့ ရည်မှန်းနေတဲ့ စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

လိုင်ယွန်ကို ၁-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဝေးကွင်းပွဲစဉ်အပြီးမှာ ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ စိတ်ခွန်အားဖြစ်စေမယ့်စကားလုံးအချို့နဲ့ ပို့စ်တင်ခဲ့ပါတယ်။ ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ပြန်လာနိုင်ဖို့ ရည်မှန်းနေတဲ့သဘောမျိုးလည်း ဖြစ်ပါတယ်။

photo-gettyimages

လိုင်ယွန်နဲ့ပွဲအပြီး သူ့ရဲ့Instagram အကောင့်မှာ တင်ထားတာက”ကျွန်တော်တို့လိုချင်တဲ့ရလဒ်မဟုတ်ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ပွဲတွေဟာ အမြဲတမ်းခက်ခဲပါတယ်။ ပြန်လည်အနိုင်ယူနိုင်ဖို့ ကျွန်တော်တို့မှာ မိနစ် ၉၀ ရှိပါသေးတယ်။ ပြိုင်ပွဲမှာ ကျွန်တော်တို့ ရှေ့ဆက်နိုင်မယ်လို့လည်း ယုံကြည်မှု ရှိပါတယ်”လို့ ဖြစ်ပါတယ်။

photo-social media

လိုင်ယွန်ဟာ ၂၀၂၀ အတွင်းမှာ စီရော်နယ်ဒိုဂိုးမသွင်းနိုင်အောင် ရပ်တန့်နိုင်ခဲ့တဲ့ပထမဆုံးအသင်းဖြစ်လာပါတယ်။ အဲဒီအရင် ၂၀၂၀ အတွင်း ၉ ပွဲမှာ စီရော်နယ်ဒိုဟာ ၁၃ ဂိုးသွင်းနိုင်ခဲ့တာပါ။ စီရော်နယ်ဒိုရဲ့ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဝေးကွင်းပွဲစဉ်တုန်းကလည်း အက်သလက်တီကိုကို ၂-၀ ဂိုးနဲ့ ရှုံးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒုတိယအကျော့အိမ်ကွင်းမှာ စီရော်နယ်ဒိုရဲ့ဟက်ထရစ်နဲ့ပြန်လာနိုင်ခဲ့ပြီး ၃-၀ ဂိုးနဲ့ပြန်အနိုင်ရခဲ့ကာ ဂိုးကွာခြားချက်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

[Zawgyi]

ေနာက္ထပ္တစ္ႀကိမ္ျပန္လာႏိုင္ဖုိ႔ ရည္မွနး္ေနတဲ့ စီေရာ္နယ္ဒို

လိုင္ယြန္ကို ၁-၀ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့အေ၀းကြင္းပြဲစဥ္အၿပီးမွာ ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ စိတ္ခြန္အားျဖစ္ေစမယ့္စကားလုံးအခ်ိဳ႕နဲ႔ ပို႔စ္တင္ခဲ့ပါတယ္။ ဒုတိယအေက်ာ့အိမ္ကြင္းပြဲစဥ္မွာ ျပန္လာႏိုင္ဖုိ႔ ရည္မွန္းေနတဲ့သေဘာမ်ိဳးလည္း ျဖစ္ပါတယ္။

လိုင္ယြန္နဲ႔ပြဲအၿပီး သူ႔ရဲ႕Instagram အေကာင့္မွာ တင္ထားတာက”ကၽြန္ေတာ္တုိ႔လိုခ်င္တဲ့ရလဒ္မဟုတ္ပါဘူး။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ပြဲေတြဟာ အၿမဲတမ္းခက္ခဲပါတယ္။ ျပန္လည္အႏိုင္ယူႏိုင္ဖို႔ ကၽြန္ေတာ္တို႔မွာ မိနစ္ ၉၀ ရွိပါေသးတယ္။ ၿပိဳင္ပြဲမွာ ကၽြန္ေတာ္တုိ႔ ေရွ႕ဆက္ႏုိင္မယ္လုိ႔လည္း ယုံၾကည္မႈ ရွိပါတယ္”လုိ႔ ျဖစ္ပါတယ္။

လုိင္ယြန္ဟာ ၂၀၂၀ အတြင္းမွာ စီေရာ္နယ္ဒိုဂိုးမသြင္းႏိုင္ေအာင္ ရပ္တန္႔ႏိုင္ခဲ့တဲ့ပထမဆုံးအသင္းျဖစ္လာပါတယ္။ အဲဒီအရင္ ၂၀၂၀ အတြင္း ၉ ပြဲမွာ စီေရာ္နယ္ဒိုဟာ ၁၃ ဂိုးသြင္းႏိုင္ခ့ဲတာပါ။ စီေရာ္နယ္ဒိုရဲ႕ဂ်ဴဗင္တပ္ဟာ ၿပီးခဲ့တဲ့ရာသီ ခ်န္္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့အေ၀းကြင္းပြဲစဥ္တုန္းကလည္း အက္သလက္တီကိုကို ၂-၀ ဂိုးနဲ႔ ရႈံးခဲ့ဖူးပါတယ္။ ဒါေပမဲ့ ဒုတိယအေက်ာ့အိမ္ကြင္းမွာ စီေရာ္နယ္ဒုိရဲ႕ဟက္ထရစ္နဲ႔ျပန္လာႏိုင္ခဲ့ၿပီး ၃-၀ ဂိုးနဲ႔ျပန္အႏိုင္ရခဲ့ကာ ဂိုးကြာျခားခ်က္နဲ႔ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။