နောက်တာလာား အတည်ပြောတာလား မော်ရင်ဟို

Photo- Internet
Photo- Internet

မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုက မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်လို့ ပြစ်ဒဏ်ကျခံနေရတဲ့အတွက် ၂၀၁၈ တုန်းကသူတို့ရခဲ့တဲ့ ချန်ပီယံဘွဲ့ကို မန်ယူဆီပေးအပ်သင့်တယ်လို့ ပြောလိုက်ပါတယ်။ သူကနောက်ပြောင်ခဲ့တာဖြစ် ပေမယ့် ပရိသတ်အချို့ကတော့ မော်ရင်ဟိုကအတည်ပြောနေတာလို့ ယူဆနေကြပါတယ်။

မန်စီးတီးအသင်းဟာ ယူအီးအက်ဖ်အေရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရတဲ့အပြင် ဒဏ်ငွေပေါင် ၂၅ သန်းပေးဆောင်ဖို့လည်း အမိန့်ချမှတ်ခံထားရပါတယ်။ ဒါကိုမန်စီးတီးကလက်မခံဘဲ ဆွစ်ဇာလန်မှာရှိတဲ့ အားကစားခုံသမာဓိရုံးကို အယူခံတက်မယ်လို့ အတည်ပြုထားပါတယ်။

Photo- Internet

ဒီပြစ်ဒဏ်ကြောင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကလည်း မန်စီးတီးကိုစုံစမ်းမှုတွေပြုလုပ်ဖို့ရှိနေတာကြောင့် ၂၀၁၂ ကစပြီးသူတို့ရရှိခဲ့တဲ့ ချန်ပီယံဘွဲ့ ၄ ကြိမ်ကိုပြန်လည်ပေးအပ်ရဖွယ်ရှိနေပါတယ်။ မန်စီးတီးဟာ ၂၀၁၈ တုန်းကဒုတိယနေရာကမန်ယူကို ၁၉ မှတ်ဖြတ်ပြီး အမှတ် ၁၀၀ နဲ့ချန်ပီယံဖြစ်ခဲ့တာပါ။ ဒါဟာပြိုင်ပွဲသမိုင်းမှာ စံချိန်တင်ရမှတ်လည်းဖြစ်ခဲ့ပါတယ်။

Photo- Internet

မော်ရင်ဟိုက”၂၀၁၈ တုန်းကဒုတိယရခဲ့တဲ့ အသင်းချန်ပီယံဖြစ်သင့်တယ်လို့ ကျွန်တော်မေးရမှာပါ။ Yes or No တစ်ခုခုပေါ့ဗျာ။ စိတ်ဝင်စားစရာလည်းကောင်းမှာပါ။ ကျွန်တော်နောက်တယ်ဆိုပေမယ့်လည်း တည်ငြိမ်စွာနဲ့ စောင့်နေမှာပါ။ မန်စီးတီးအနေနဲ့ အယူခံဝင်ခွင့်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

Photo- Internet

ဒါပေမယ့် အယူခံဝင်တဲ့လျှောက်ထားမှု မပြီးပြတ်သေးသရွေ့တော့ မန်စီးတီးဟာသံသယတွေနဲ့ လုံးလည်ချာလည်လိုက်နေဦးမှာဘဲ။ အယူခံလျှောက်ထားမှုပြီးရင်တော့ သူတို့တွေအပြစ်ပေးခံရမလားဆိုတာ သိကြရမှာပေါ့” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

ေနာက္တာလာား အတည္ေျပာတာလား ေမာ္ရင္ဟို

မန္ယူအသင္းနည္းျပေဟာင္း ေမာ္ရင္ဟိုက မန္စီးတီးဟာ ဘ႑ာေရးစည္းမ်ဥ္းခ်ဳိးေဖာက္လို႔ ျပစ္ဒဏ္က်ခံေနရတဲ႔အတြက္ ၂၀၁၈ တုန္းကသူတို႔ရခဲ့တဲ႔ ခ်န္ပီယံဘြဲ႔ကို မန္ယူဆီေပးအပ္သင့္တယ္လို႔ ေျပာလိုက္ပါတယ္။ သူကေနာက္ေျပာင္ခဲ့တာျဖစ္ ေပမယ္႔ ပရိသတ္အခ်ဳိ႕ကေတာ႔ ေမာ္ရင္ဟိုကအတည္ေျပာေနတာလို႔ ယူဆေနၾကပါတယ္။

မန္စီးတီးအသင္းဟာ ယူအီးအက္ဖ္ေအရဲ႕ဘ႑ာေရးစည္းမ်ဥ္းခ်ဳိးေဖာက္ခဲ့မႈေၾကာင့္ ခ်န္ပီယံလိဂ္၀င္ခြင့္ ၂ ႏွစ္ပိတ္ပင္ခံခဲ့ရတဲ႔အျပင္ ဒဏ္ေငြေပါင္ ၂၅ သန္းေပးေဆာင္ဖို႔လည္း အမိန္႔ခ်မွတ္ခံထားရပါတယ္။ ဒါကိုမန္စီးတီးကလက္မခံဘဲ ဆြစ္ဇာလန္မွာရွိတဲ႔ အားကစားခုံသမာဓိရုံးကို အယူခံတက္မယ္လို႔ အတည္ျပဳထားပါတယ္။

ဒီျပစ္ဒဏ္ေၾကာင့္ ပရီးမီးယားလိဂ္အဖြဲ႔ခ်ဳပ္ကလည္း မန္စီးတီးကိုစုံစမ္းမႈေတြျပဳလုပ္ဖို႔ရွိေနတာေၾကာင့္ ၂၀၁၂ ကစၿပီးသူတို႔ရရွိခဲ့တဲ႔ ခ်န္ပီယံဘြဲ႔ ၄ ႀကိမ္ကိုျပန္လည္ေပးအပ္ရဖြယ္ရွိေနပါတယ္။ မန္စီးတီးဟာ ၂၀၁၈ တုန္းကဒုတိယေနရာကမန္ယူကို ၁၉ မွတ္ျဖတ္ၿပီး အမွတ္ ၁၀၀ နဲ႔ခ်န္ပီယံျဖစ္ခဲ့တာပါ။ ဒါဟာၿပိဳင္ပြဲသမိုင္းမွာ စံခ်ိန္တင္ရမွတ္လည္းျဖစ္ခဲ့ပါတယ္။

ေမာ္ရင္ဟိုက”၂၀၁၈ တုန္းကဒုတိယရခဲ့တဲ႔ အသင္းခ်န္ပီယံျဖစ္သင့္တယ္လို႔ ကၽြန္ေတာ္ေမးရမွာပါ။ Yes or No တစ္ခုခုေပါ့ဗ်ာ။ စိတ္၀င္စားစရာလည္းေကာင္းမွာပါ။ က်ြန္ေတာ္ေနာက္တယ္ဆိုေပမယ္႔လည္း တည္ၿငိမ္စြာနဲ႔ ေစာင့္ေနမွာပါ။ မန္စီးတီးအေနနဲ႔ အယူခံ၀င္ခြင့္ရွိေနေသးတယ္လို႔လည္း သိရပါတယ္။

ဒါေပမယ္႔ အယူခံ၀င္တဲ႔ေလွ်ာက္ထားမႈ မၿပီးျပတ္ေသးသေရြ႕ေတာ႔ မန္စီးတီးဟာသံသယေတြနဲ႔ လုံးလည္ခ်ာလည္လိုက္ေနဦးမွာဘဲ။ အယူခံေလွ်ာက္ထားမႈၿပီးရင္ေတာ႔ သူတို႔ေတြအျပစ္ေပးခံရမလားဆိုတာ သိၾကရမွာေပါ့” လို႔ေျပာသြားပါတယ္။