နောက်တစ်ခါ ဖရက်ဒ်ဂိုးသွင်းရင် သူအသက်ရှင်လျက်ရှိနေပါ့မလား မသိဘူးလို့ ဆိုးလ်ရှားနောက်ပြောင်

photo-tribuna

photo-gettyimages

မန်ယူအတွက် နောက်တစ်ကြိမ် ဖရက်ဒ်ဂိုးသွင်းရင် သူအသက်ရှင်လျက်ရှိနေပါ့မလားဆိုပြီး နည်းပြဆိုးလ်ရှားက နောက်ပြောင်ပြောကြားလိုက်ပါတယ်။ အဲဒီဘရာဇီးသားကွင်းလယ်လူဟာ ဘရုဂျက်ကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ယူရိုပါလိဂ်ပွဲကျမှ မန်ယူကစားသမားဘ၀ သွင်းဂိုးအရေအတွက် ၃ ဂိုးပြည့်မြောက်သွားခဲ့တာပါ။

photo-gettyimages

ဖရက်ဒ်ဟာ ၂၀၁၈ စက်တင်ဘာမှာ မန်ယူအတွက် သူ့ရဲ့ပထမဆုံးဂိုးသွင်းခဲ့ပြီးနောက်ပိုင်းကတည်းက ထပ်မသွင်းနိုင်တော့ဘဲ ဘရုဂျက်နဲ့ပွဲရောက်မှသာ နောက်ကျဂိုး ၂ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဖရက်ဒ်ဟာ ဘရုဂျက်နဲ့ယူရိုပါလိဂ်ဒုတိယအကျော့မတိုင်ခင် ဒီတစ်ရာသီလုံးမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ရှိခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘရုဂျက်နဲ့ပွဲမှာတော့ သူကိုယ်တိုင် ၂ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ပထမပိုင်းမှာ တွမ်မီနေးသွင်းယူတဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

photo-gettyimages

”အားလုံးအတွက် ပျော်ရွှင်မိပါတယ်။ တိုးတက်လာတဲ့ကစားသမားတွေ အများကြီးပါ။ တွမ်မီနေးပြန်ပါလာတယ်။ သူတိုးတက်လာတယ်။ ဒါပေမဲ့ ဖရက်ဒ်ကတော့ နောက်တစ်ခါ သူဂိုးသွင်းရင် ကျွန်တော် အသက်ရှင်လျက်ရှိနေပါ့မလားတောင် မသေချာပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ အရမ်းကိုအကြိမ်ပေါင်းများစွာကြိုးပမ်းခဲ့ရလို့ပါ”လို့ ဘရုဂျက်နဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက ပြောသွားခဲ့တာပါ။

[Zawgyi]

ေနာက္တစ္ခါ ဖရက္ဒ္ဂုိးသြငး္ရင္ သူအသက္ရွင္လ်က္ရွိေနပါ့မလား မသိဘူးလုိ႔ ဆုိးလ္ရွားေနာက္ေျပာင္

မန္ယူအတြက္ ေနာက္တစ္ႀကိမ္ ဖရက္ဒ္ဂိုးသြင္းရင္ သူအသက္ရွင္လ်က္ရွိေနပါ့မလားဆိုၿပီး နည္းျပဆုိးလ္ရွားက ေနာက္ေျပာင္ေျပာၾကားလုိက္ပါတယ္။ အဲဒီဘရာဇီးသားကြင္းလယ္လူဟာ ဘရုဂ်က္ကို ၅-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ယူရိုပါလိဂ္ပြဲက်မွ မန္ယူကစားသမားဘ၀ သြင္းဂိုးအေရအတြက္ ၃ ဂိုးျပည့္ေျမာက္သြားခဲ့တာပါ။

ဖရက္ဒ္ဟာ ၂၀၁၈ စက္တင္ဘာမွာ မန္ယူအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္းကတည္းက ထပ္မသြင္းႏိုင္ေတာ့ဘဲ ဘရုဂ်က္နဲ႔ပြဲေရာက္မွသာ ေနာက္က်ဂိုး ၂ ဂိုးသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ ဖရက္ဒ္ဟာ ဘရုဂ်က္နဲ႔ယူရိုပါလိဂ္ဒုတိယအေက်ာ့မတိုင္ခင္ ဒီတစ္ရာသီလုံးမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ရွိခဲ့တာ မဟုတ္ပါဘူး။ ဒါေပမဲ့ ဘရုဂ်က္နဲ႔ပြဲမွာေတာ့ သူကိုယ္တိုင္ ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ ပထမပိုင္းမွာ တြမ္မီေနးသြင္းယူတဲ့ဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

”အားလုံးအတြက္ ေပ်ာ္ရႊင္မိပါတယ္။ တုိးတက္လာတဲ့ကစားသမားေတြ အမ်ားႀကီးပါ။ တြမ္မီေနးျပန္ပါလာတယ္။ သူတိုးတက္လာတယ္။ ဒါေပမဲ့ ဖရက္ဒ္ကေတာ့ ေနာက္တစ္ခါ သူဂိုးသြင္းရင္ ကၽြန္ေတာ္ အသက္ရွင္လ်က္ရွိေနပါ့မလားေတာင္ မေသခ်ာပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူ အရမ္းကိုအႀကိမ္ေပါင္းမ်ားစြာႀကိဳးပမ္းခဲ့ရလို႔ပါ”လို႔ ဘရုဂ်က္နဲ႔ပြဲအၿပီးမွာ ဆုိးလ္ရွားက ေျပာသြားခဲ့တာပါ။