နောက်ဆုံး ၆ ပွဲဆက်နိုင်ပွဲပျောက်မှုနဲ့ နည်းပြဘဝရဲ့အနိမ့်ဆုံးကိုရောက်နေတဲ့ မော်ရင်ဟို

photo-the sun

photo-gettyimages

အင်္ဂါည ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မှာ လစ်ဇစ်ကို ၃ ဂိုးပြတ်နဲ့ရှုံးခဲ့ရတာကြောင့် မော်ရင်ဟိုရဲ့စပါးဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၆ ပွဲစလုံးမှာ နိုင်ပွဲပျောက်ခဲ့ရပါတယ်။ အဲဒါဟာ သူ့နည်းပြဘဝမှာ အရှည်ကြာဆုံးနိုင်ပွဲပျောက်မှုလည်း ဖြစ်လာခဲ့တာပါ။ အဲဒီနောက်ဆုံး ၆ ပွဲမှာ သူ့အသင်းဟာ ၄ ကြိမ်တိုင်ရှုံ့းနိမ့်ခဲ့ပြီး သရေ ၂ ပွဲသာ ရှိခဲ့တာပါ။

photo-gettyimages

ဒီလိုနိမ့်ပါးနေမှုနဲ့အတူ တစ်ပတ်အတွင်းမှာပဲ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်တို့ကနေ ထွက်ခဲ့ရတာကြောင့် စပါးရဲ့ဒီရာသီဆုဖလားမျှော်လင့်ချက်ဟာလည်း အဆုံးသတ်သွားခဲ့ရပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၈ နေရာရောက်နေကာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၇ မှတ်ကွာနေတာကြောင့် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ထပ်ကစားရဖို့ကလည်း မသေချာတော့ပါဘူး။ ပိုချက်တီနိုနေရာ အစားဝင်ပြီးကတည်းက မော်ရင်ဟိုဟာ ရုန်းကန်နေရတာဖြစ်ပြီး လစ်ဇစ်နဲ့ဒုတိယအကျော့က ၃-၀ အရှုံးဟာ သူ့နည်းပြဘ၀ ချန်ပီယံလိဂ်မှာ အကြီးမားဆုံးရှုံးနိမ့်မှုဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ ၃ ပွဲဆက်ရှုံးခဲ့တာကလည်း သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

photo-gettyimages

ဟယ်ရီကိန်းနဲ့ဆွန်ဟောင်မင်တို့ရဲ့ဒဏ်ရာတွေကြောင့် မကြာသေးခင်ရက်သတ္တပတ်တွေမှာ တိုက်စစ်ပိုင်းရုန်းကန်ခဲ့ရပြီး အဲဒါကိုပဲ မော်ရင်ဟိုက အဓိကအကြောင်းပြနေပေမယ့် သူ့လက်ထက်မှာ စပါးရဲ့အကြီးဆုံးပြသနာက ခံစစ်ဖြစ်နေပါတယ်။ အဲဒီစပါယ်ရှယ်ဝမ်းရောက်လာပြီးကတည်းက စပါးဟာ ပြိုင်ပွဲအရပ်ရပ်မှာ အက်စ်တွန်ဗီလာပြီးရင် ပေးဂိုးအများဆုံးပရီးမီးယားလိဂ်အသင်းဖြစ်နေပါတယ်။ လက်ရှိမှာလည်း စပါးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲစလုံးမှာ ဂိုးပေးခဲ့ရတာပါ။ အခုတော့ မော်ရင်ဟိုဟာ သူ့နည်းပြဘဝအရှည်ကြာဆုံးနိုင်ပွဲပျောက်မှုကို အဆုံးသတ်ဖို့ မဖြစ်မနေကြိုးစားရတော့မှာဖြစ်ပေမယ့် လာမယ့်တနင်္ဂနွေပရီးမီးယားလိဂ်မှာ ရင်ဆိုင်ဧည့်ခံရမယ့်အသင်းက ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲဆက်ရှုံးပွဲမရှိခဲ့တဲ့ ဆိုးလ်ရှားရဲ့မန်ယူဖြစ်နေပါတယ်။

[Zawgyi]

ေနာက္ဆုံး ၆ ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈနဲ႔ နည္းျပဘ၀ရဲ႕အနိမ့္ဆုံးကိုေရာက္ေနတဲ့ ေမာ္ရင္ဟို

အဂၤါည ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ပြဲစဥ္မွာ လစ္ဇစ္ကို ၃ ဂိုးျပတ္နဲ႔ရႈံးခဲ့ရတာေၾကာင့္ ေမာ္ရင္ဟိုရဲ႕စပါးဟာ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၆ ပြဲစလံုးမွာ ႏို္င္ပြဲေပ်ာက္ခဲ့ရပါတယ္။ အဲဒါဟာ သူ႔နည္းျပဘ၀မွာ အရွည္ၾကာဆုံးႏိုင္ပြဲေပ်ာက္မႈလည္း ျဖစ္လာခဲ့တာပါ။ အဲဒီေနာက္ဆုံး ၆ ပြဲမွာ သူ႔အသင္းဟာ ၄ ႀကိမ္တိုင္ရႈ့ံးနိမ့္ခဲ့ၿပီး သေရ ၂ ပြဲသာ ရွိခဲ့တာပါ။

ဒီလိုနိမ့္ပါးေနမႈနဲ႔အတူ တစ္ပတ္အတြင္းမွာပဲ အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္တုိ႔ကေန ထြက္ခဲ့ရတာေၾကာင့္ စပါးရဲ႕ဒီရာသီဆုဖလားေမွ်ာ္လင့္ခ်က္ဟာလည္း အဆုံးသတ္သြားခဲ့ရပါတယ္။ သူတုိ႔ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း အဆင့္ ၈ ေနရာေရာက္ေနကာ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၇ မွတ္ကြာေနတာေၾကာင့္ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ထပ္ကစားရဖို႔ကလည္း မေသခ်ာေတာ့ပါဘူး။ ပိုခ်က္တီႏိုေနရာ အစား၀င္ၿပီးကတည္းက ေမာ္ရင္ဟိုဟာ ရုန္းကန္ေနရတာျဖစ္ၿပီး လစ္ဇစ္နဲ႔ဒုတိယအေက်ာ့က ၃-၀ အရႈံးဟာ သူ႔နည္းျပဘ၀ ခ်န္ပီယံလိဂ္မွာ အႀကီးမားဆုံးရႈံးနိမ့္မႈျဖစ္ၿပီး အဲဒီၿပိဳင္ပြဲမွာ ၃ ပြဲဆက္ရႈံးခဲ့တာကလည္း သူ႔အတြက္ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

ဟယ္ရီကိန္းနဲ႔ဆြန္ေဟာင္မင္တို႔ရဲ႕ဒဏ္ရာေတြေၾကာင့္ မၾကာေသးခင္ရက္သတၱပတ္ေတြမွာ တုိက္စစ္ပိုင္းရုန္းကန္ခဲ့ရၿပီး အဲဒါကိုပဲ ေမာ္ရင္ဟိုက အဓိကအေၾကာင္းျပေနေပမယ့္ သူ႔လက္ထက္မွာ စပါးရဲ႕အႀကီးဆုံးျပသနာက ခံစစ္ျဖစ္ေနပါတယ္။ အဲဒီစပါယ္ရွယ္၀မ္းေရာက္လာၿပီးကတည္းက စပါးဟာ ၿပိဳ္င္ပြဲအရပ္ရပ္မွာ အက္စ္တြန္ဗီလာၿပီးရင္ ေပးဂိုးအမ်ားဆုံးပရီးမီးယားလိဂ္အသင္းျဖစ္ေနပါတယ္။ လက္ရွိမွာလည္း စပါးဟာ ၿပိဳင္ပဲြစုံေနာက္ဆုံး ၈ ပြဲစလုံးမွာ ဂိုးေပးခဲ့ရတာပါ။ အခုေတာ့ ေမာ္ရင္ဟိုဟာ သူ႔နည္းျပဘ၀အရွည္ၾကာဆုံးႏိုင္ပြဲေပ်ာက္မႈကို အဆုံးသတ္ဖုိ႔ မျဖစ္မေနႀကိဳးစားရေတာ့မွာျဖစ္ေပမယ့္ လာမယ့္တနဂၤေႏြပရီးမီးယားလိဂ္မွာ ရင္ဆိုင္ဧည့္ခံရမယ့္အသင္းက ၿပိဳင္ပြဲစုံေနာက္ဆုံး ၁၀ ပြဲဆက္ရႈံးပြဲမရွိခဲ့တဲ့ ဆုိးလ္ရွားရဲ႕မန္ယူျဖစ္ေနပါတယ္။