နောက်ဆုံး ၂ ပွဲမှာ ၅ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးထားတဲ့ ဝါနာဟာ ရောင်းဖို့မဟုတ်ကြောင်း လစ်ဇစ်သတိပေး

photo-gettyimages

photo-gettyimages

ပရီးမီးယားလိဂ်အသင်းတွေဖြစ်ကြတဲ့ မန်ယူ၊လီဗာပူး၊ချဲလ်ဆီးတို့နဲ့သတင်းထွက်နေတဲ့ တိုက်စစ်မှုးတီမိုဝါနာကို လက်လွှတ်ဖို့ စိတ်ဝင်စားခြင်းမရှိကြောင်း လစ်ဇစ်အသင်းအားကစားဒါရိုက်တာခရော့ချီက အခိုင်အမာပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်သာရှိသေးတဲ့ဝါနာဟာ မကြာသေးခင်ရာသီတွေမှာ လစ်ဇစ်အတွက် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ဒါကြောင့်မို့လည်း ဥရောပအသင်းကြီးအချို့ရဲ့စိတ်ဝင်စားမှုကို ရရှိလာခဲ့တာပါ။ ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့သြဂုတ်လကမှ အသင်းနဲ့ ၄ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လစ်ဇစ်ဘက်ကလည်း သူတို့ရဲ့အဓိကကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး။

photo-gettyimages

”တီမိုဝါနာဟာ မကြာသေးခင်ကမှ ကျွန်တော်တို့နဲ့ စာချုပ်သက်တမ်းတိုးထားတာပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကိုလက်လွှတ်ဖို့ မစဉ်းစားထားပါဘူး”လို့ လစ်ဇစ်အသင်းအားကစားဒါရိုက်တာခရော့ချီက နာမည်ကြီးဂျာမန်သတင်းစာဖြစ်တဲ့ Bild ကို ပြောကြားခဲ့တာပါ။ ဝါနာဟာ လစ်ဇစ်နဲ့ ၂၀၂၃ အထိ စာချုပ်သက်တမ်းရှိထားပေမယ့် သူ့ရဲ့ထွက်ခွာကြေးက ယူရိုသန်း ၆၀ အထိရှိနိုင်တယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။ တကယ်သာဆိုရင် ပရီးမီးယားလိဂ်အသင်းကြီးတွေ တက်နိုင်တဲ့ဈေးနှုန်းလည်း ဖြစ်နေတာပါ။

pho

 

photo-gettyimages

တီမိုဝါနာဟာ နောက်ဆုံးကစားခဲ့တဲ့ လစ်ဇစ်အတွက် ပြိုင်ပွဲအရပ်ရပ် ၂ ပွဲမှာ ၅ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ မိန့်ဇ်ကို ၈ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ဘွန်ဒက်စ်လီဂါပွဲစဉ်မှာဆိုရင် သူဟာ သွင်းဂိုးရော ဂိုးဖန်တီးမှုမှာပါ ဟက်ထရစ်ရခဲ့တာပါ။ အဲဒီမတိုင်ခင် ဝုဖ်ဘတ်နဲ့ဂျာမန်ပိုကယ်ဖလားပွဲတုန်းကလည်း ၂ ဂိုးသွင်း၊  ၂ ဂိုးဖန်တီးနိုင်ခဲ့သေးတယ်။ ပြီးခဲ့တဲ့ရာသီမှာ ၁၉ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဝါနာဟာ ဒီရာသီ ၁၅ ပွဲမှာတင် ၁၃ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးထားပါတယ်။

[Zawgyi]

ေနာက္ဆုံး ၂ ပြဲမွာ ၅ ဂိုးသြင္း၊ ၅ ဂိုုးဖန္တီးထားတဲ့ ၀ါနာဟာ ေရာင္းဖုိ႔မဟုတ္ေၾကာင္း လစ္ဇစ္သတိေပး

ပရီးမီးယားလိဂ္အသင္းေတြျဖစ္ၾကတဲ့ မန္ယူ၊လီဗာပူး၊ခ်ဲလ္ဆီးတို႔နဲ႔သတင္းထြက္ေနတဲ့ တိုက္စစ္မႈးတီမို၀ါနာကုိ လက္လႊတ္ဖို႔ စိတ္၀င္စားျခင္းမရွိေၾကာင္း လစ္ဇစ္အသင္းအားကစားဒါရိိုက္တာခေရာ့ခ်ီက အခိုင္အမာေျပာၾကားလုိက္ပါတယ္။ အသက္ ၂၃ ႏွစ္သာရွိေသးတဲ့၀ါနာဟာ မၾကာေသးခင္ရာသီေတြမွာ လစ္ဇစ္အတြက္ ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ၿပီး ဒါေၾကာင့္မို႔လည္း ဥေရာပအသင္းႀကီးအခ်ိဳ႕ရဲ႕စိတ္၀င္စားမႈကို ရရွိလာခဲ့တာပါ။ ဒါေပမဲ့ သူဟာ ၿပီးခဲဲ့တဲ့ၾသဂုတ္လကမွ အသင္းနဲ႔ ၄ ႏွစ္စာခ်ုပ္သစ္ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး လစ္ဇစ္ဘက္ကလည္း သူတို႔ရဲ႕အဓိကကစားသမားကို ေရာင္းခ်ဖို႔ ဆႏၵမရွိပါဘူး။

”တီမုိ၀ါနာဟာ မၾကာေသးခင္ကမွ ကၽြန္ေတာ္တို႔နဲ႔ စာခ်ဳပ္သက္တမ္းတိုးထားတာပါ။ ကၽြန္ေတာ္တို႔အေနနဲ႔ သူ႔ကိုလက္လႊတ္ဖို႔ မစဥ္းစားထားပါဘူး”လုိ႔ လစ္ဇစ္အသင္းအားကစားဒါရိုက္တာခေရာ့ခ်ီက နာမည္ႀကီးဂ်ာမန္သတင္းစာျဖစ္တဲ့ Bild ကို ေျပာၾကားခဲ့တာပါ။ ၀ါနာဟာ လစ္ဇစ္နဲ႔ ၂၀၂၃ အထိ စာခ်ဳပ္သက္တမ္းရွိထားေပမယ့္ သူ႔ရဲ႕ထြက္ခြာေၾကးက ယူရိုသန္း ၆၀ အထိရွိႏုိင္တယ္လို႔ Bild က ေဖာ္ျပခဲ့ပါတယ္။ တကယ္သာဆိုရင္ ပရီးမီးယားလိဂ္အသင္းႀကီးေတြ တက္ႏိုင္တဲ့ေစ်းႏႈန္းလည္း ျဖစ္ေနတာပါ။

တီမို၀ါနာဟာ ေနာက္ဆုံးကစားခဲ့တဲ့ လစ္ဇစ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၂ ပြဲမွာ ၅ ဂိုးသြင္း၊ ၅ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။ မိန္႔ဇ္ကို ၈ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ဘြန္ဒက္စ္လီဂါပြဲစဥ္မွာဆုိရင္ သူဟာ သြငး္ဂိုးေရာ ဂိုးဖန္တီးမႈမွာပါ ဟက္ထရစ္ရခဲ့တာပါ။ အဲဒီမတိုင္ခင္ ၀ုဖ္ဘတ္နဲ႔ဂ်ာမန္ပိုကယ္ဖလားပြဲတုန္းကလည္း ၂ ဂိုးသြင္း၊  ၂ ဂိုးဖန္တီးႏိုင္ခဲ့ေသးတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ၁၉ ဂိုးသြင္း၊ ၁၀ ဂိုးဖန္တီးႏိုင္ခဲ့တဲ့ ၀ါနာဟာ ဒီရာသီ ၁၅ ပြဲမွာတင္ ၁၃ ဂိုးသြင္း၊ ၆ ဂိုးဖန္တီးထားပါတယ္။