နောက်ဆုံး ၁၀ရာသီအတွင်း စုစုပေါင်း Rating အမှတ်ပြည့် ၁၀၀ရရှိလာတဲ့မက်ဆီ

Photo Credit

Photo Credit

ဘာစီလိုနာအတွက် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်မက်ဆီဟာ နာမည်ကြီးဝက်ဘ်ဆိုက်ဒ်ဖြစ်တဲ့ Whoscored မှ ပေးအပ်တဲ့ Rating စုစုပေါင်း အမှတ် ၁၀၀ ပြည့်လာပြီဖြစ်ကြောင်း သိရပါတယ်။

Photo Credit

ဘောလုံးအချက်အလက်တွေ စုစည်းတင်ပြလေ့ရှိတဲ့အဲဒီဝက်ဘ်ဆိုက်ဒ်ဟာ ၂၀၀၉-၁၀ ရာသီကတည်းက စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တိုက်စစ်မှူး မက်ဆီက စွမ်းဆောင်ရည်အပေါ် မူတည်ပေးတဲ့ အဆင့်သတ်မှတ်ချက်မှာ တစ်ရာသီ ၁၀ မှတ်အပြည့်ရရှိကာ Whoscored ဝက်ဘ်ဆိုက်ဒ် ၁၀နှစ်ပြည့်ချိန်မှာ သူလည်း အမှတ် ၁၀၀ ပြည့်သွားတာပါ။

Photo Credit

ဒီရာသီအစမှာ ဒဏ်ရာပြဿနာတွေကအာဂျင်သားကို အနှောင့်အယှက်ပေးခဲ့ပေမယ့် Ballon d’Or ဆု ၅ ကြိမ် ရရှိထားတဲ့ မက်ဆီဟာ ယခုချိန်မှာတော့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝနေပြီ ဖြစ်ပါတယ်။ ဆီဗီလာကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ Whoscored ဝက်ဘ်ဆိုက်ဒ်က ဒီရာသီမှာ ပေးအပ်တဲ့ Rating အပြည့် ၁၀ မှတ်ရရှိတဲ့ပထမဆုံးလာလီဂါကစားသမားဖြစ်လာခဲ့သလို ဗယ်လာဒိုလစ်ကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း နောက်ထပ်အမှတ်ပြည့်ရရှိခဲ့တာပါ။

Photo Credit

ဗယ်လာဒိုးလစ်နဲ့ပွဲစဉ် ပထမပိုင်းမှာတင် မက်ဆီက ကစားသမားဘဝအကြိမ် ၅၀ မြောက် ဖရီးကစ်ကိုလှလှပပသွင်းယူပြခဲ့ပြီး အသင်းဖော်တွေဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ အာတူရိုဗီဒယ်တို့ ဂိုးတွေ သွင်းယူနိုင်ဖို့လည်း ဖန်တီးပေးခဲ့ပါသေးတယ်။ မက်ဆီဟာ ပြိုင်ဘက်ကစားသမားအော်စကာပလာနိုနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ရပေမယ့်လည်း အကောင်းဆုံးအရူးလုပ်လိမ်ခေါက် ကစားနိုင်ခဲ့ပြီး စံချိန်တွေကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပါတယ်။

Photo Credit

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ၂၀၁၀ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲအာဆင်နယ်အသင်းနဲ့ တွေ့ဆုံစဉ်ကတစ်ကိုယ်တော် ၄ ဂိုးသွင်းယူခဲ့ပြီးအာဆင်နယ်နည်းပြအာစင်ဝင်းဂါးကသူဟာ “ PlayStation ဂိမ်းထဲကကစားသမား “ လို့တောင် ချီးကျူးခဲ့ပါတယ်။ နောက် ၂ နှစ်အကြာချန်ပီယံလိဂ်ပြိုင်ပွဲလေဗာကူဆင်အသင်းနဲ့ နူးကမ့်မြေမှာလည်းမက်ဆီကတစ်ကိုယ်တော် ၅ ဂိုးအထိတစ်ဒိုင်းဒိုင်းသွင်းယူခဲ့ပြီးလေဗာကူဆင်အသင်းကအရှက်ရဖွယ် ၇-၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit

အဲဒီပွဲတွေမှာ သူဟာ ပြင်သစ်နာမည်ကြီးသတင်းစာ L’Equipe က Rating သတ်မှတ်ချက် ၁၀ မှတ်စလုံးအပြည့်ရရှိခဲ့ပြီး Rating အပြည့် ၁၀ မှတ်စလုံး ၂ကြိမ်အထိ ရရှိတဲ့တစ်ဦးတည်းသောကစားသမားအဖြစ် ရပ်တည်နေပါတယ်။

Photo Credit

Zawgyi

ေနာက္ဆုံး ၁၀ရာသီအတြင္း စုစုေပါင္း Rating အမွတ္ျပည့္ ၁၀၀ရရွိလာတဲ့မက္ဆီ

ဘာစီလိုနာအတြက္ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့တဲ့ အသင္းေခါင္းေဆာင္မက္ဆီဟာ နာမည္ႀကီးဝက္ဘ္ဆိုက္ဒ္ျဖစ္တဲ့ Whoscored မွ ေပးအပ္တဲ့ Rating စုစုေပါင္း အမွတ္ ၁၀၀ ျပည့္လာၿပီျဖစ္ေၾကာင္း သိရပါတယ္။
ေဘာလုံးအခ်က္အလက္ေတြ စုစည္းတင္ျပေလ့ရွိတဲ့အဲဒီဝက္ဘ္ဆိုက္ဒ္ဟာ ၂၀၀၉-၁၀ ရာသီကတည္းက စတင္ေပၚေပါက္လာခဲ့တာျဖစ္ၿပီး တိုက္စစ္မႉး မက္ဆီက စြမ္းေဆာင္ရည္အေပၚ မူတည္ေပးတဲ့ အဆင့္သတ္မွတ္ခ်က္မွာ တစ္ရာသီ ၁၀ မွတ္အျပည့္ရရွိကာ Whoscored ဝက္ဘ္ဆိုက္ဒ္ ၁၀ႏွစ္ျပည့္ခ်ိန္မွာ သူလည္း အမွတ္ ၁၀၀ ျပည့္သြားတာပါ။
ဒီရာသီအစမွာ ဒဏ္ရာျပႆနာေတြကအာဂ်င္သားကို အေႏွာင့္အယွက္ေပးခဲ့ေပမယ့္ Ballon d’Or ဆု ၅ ႀကိမ္ ရရွိထားတဲ့ မက္ဆီဟာ ယခုခ်ိန္မွာေတာ့ ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝေနၿပီ ျဖစ္ပါတယ္။ ဆီဗီလာကိုအႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ Whoscored ဝက္ဘ္ဆိုက္ဒ္က ဒီရာသီမွာ ေပးအပ္တဲ့ Rating အျပည့္ ၁၀ မွတ္ရရွိတဲ့ပထမဆုံးလာလီဂါကစားသမားျဖစ္လာခဲ့သလို ဗယ္လာဒိုလစ္ကို ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ေနာက္ထပ္အမွတ္ျပည့္ရရွိခဲ့တာပါ။
ဗယ္လာဒိုးလစ္နဲ႔ပြဲစဥ္ ပထမပိုင္းမွာတင္ မက္ဆီက ကစားသမားဘဝအႀကိမ္ ၅၀ ေျမာက္ ဖရီးကစ္ကိုလွလွပပသြင္းယူျပခဲ့ၿပီး အသင္းေဖာ္ေတြျဖစ္တဲ့ လူးဝစ္ဆြာရက္ဇ္နဲ႔ အာတူ႐ိုဗီဒယ္တို႔ ဂိုးေတြ သြင္းယူႏိုင္ဖို႔လည္း ဖန္တီးေပးခဲ့ပါေသးတယ္။ မက္ဆီဟာ ၿပိဳင္ဘက္ကစားသမားေအာ္စကာပလာႏိုနဲ႔ ထိပ္တိုက္ယွဥ္ၿပိဳင္ခဲ့ရေပမယ့္လည္း အေကာင္းဆုံးအ႐ူးလုပ္လိမ္ေခါက္ ကစားႏိုင္ခဲ့ၿပီး စံခ်ိန္ေတြကို ဆက္လက္ ထိန္းသိမ္း ႏိုင္ခဲ့ပါတယ္။
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ၂၀၁၀ ခုႏွစ္က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအာဆင္နယ္အသင္းနဲ႔ ေတြ႕ဆုံစဥ္ကတစ္ကိုယ္ေတာ္ ၄ ဂိုးသြင္းယူခဲ့ၿပီးအာဆင္နယ္နည္းျပအာစင္ဝင္းဂါးကသူဟာ “ PlayStation ဂိမ္းထဲကကစားသမား “ လို႔ေတာင္ ခ်ီးက်ဴးခဲ့ပါတယ္။ ေနာက္ ၂ ႏွစ္အၾကာခ်န္ပီယံလိဂ္ၿပိဳင္ပြဲေလဗာကူဆင္အသင္းနဲ႔ ႏူးကမ့္ေျမမွာလည္းမက္ဆီကတစ္ကိုယ္ေတာ္ ၅ ဂိုးအထိတစ္ဒိုင္းဒိုင္းသြင္းယူခဲ့ၿပီးေလဗာကူဆင္အသင္းကအရွက္ရဖြယ္ ၇-၁ နဲ႔ ရႈံးနိမ့္ခဲ့ရပါတယ္။
အဲဒီပြဲေတြမွာ သူဟာ ျပင္သစ္နာမည္ႀကီးသတင္းစာ L’Equipe က Rating သတ္မွတ္ခ်က္ ၁၀ မွတ္စလုံးအျပည့္ရရွိခဲ့ၿပီး Rating အျပည့္ ၁၀ မွတ္စလုံး ၂ႀကိမ္အထိ ရရွိတဲ့တစ္ဦးတည္းေသာကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။