နောက်ဆုံးမှရောက်လာပြီး အာဆင်နယ်အတွက် ဖန်တီးမှုအများဆုံးလုပ်ပြထားတဲ့ အိုဒီဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်ကို ဟာလန်းရောက်မလာခင်ကတည်းက အရင်နာမည်ကြီးပြီး ရောက်ခဲ့တဲ့ နော်ဝကေ ချာတိတ်တစ်ယောက်ကတော့ အိုဒီဂတ်ပါပဲ။ သူ့ကို ရီးရဲလ်မက်ဒရစ်အသင်းက အခြားပြိုင်ဖက်အသင်းတွေထက် လက်ဦးရယူပြီး ကစားသမားအသက် ၁၆နှစ်ကတည်းက နှစ်ရှည်ပရိုစာချုပ်ချုုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှား၊ ဂျွန်ကာရူး၊ ရစ်ဆီ စတဲ့ ဥရောပဘောလုံးစင်မြင့်ထက်က နော်ေ၀ ကစားသမားတွေရဲ့ခေတ်အပြီး အိုဒီဂတ်ဟာ နော်ဝေနိုင်ငံရဲ့ အနာဂတ် မျှော်လင့်ချက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ အရည်အချင်းနဲ့ ပါရမီကို ရီးရဲလ်က နေရာမပေးဘဲ အဲ့ဒီအချိန်တုန်းက နာမည်ကြီးကစားသမားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ ဘင်ဇီမာ၊ ၈ျီမ်းရိုဒရီ၈ွက်ဇ်၊ ဂါရတ်ဘေးလ်တို့ကြောင့် အိုဒီဂတ်ဟာ ရီးရဲလ်မှာ ပွဲထွက်ကစားဖို့ အိပ်မက်အဆင့်မှာပဲ ရှိနေခဲ့တာပါ။

နောက်ပိုင်းမှာတော့ ရီးရဲလ်က သူ့ကို ဆိုစီဒက်အသင်းဆီ အငှားချလိုက်တဲ့အချိန်မှာ သူဟာ သူ့အရည်အသွေးကို စပြခွင့် ရခဲ့ပါတယ်။

အခုလက်ရှိမှာတော့ အိုဒီဂတ်ဟာ အင်္ဂလန်မြေကို ရောက်လာခဲပြီး အာဆင်နယ်မှာ အချိန်တိုအတွင်း အတော်လေး ခြေစွမ်းပြနေတာကို တွေ့ရမှာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်အရွှေ့မှာ အာဆင်နယ်ကို အငှားစာချုပ်နဲ့ ရောက်လာခဲ့ပြီး အသင်းတိုက်စစ်ပိုင်းအတွက် တောက်လျှောက်ခြေစွမ်းပြ နေခဲ့တာ အခုဆိုရင် မှတ်တမ်းအချက်အလက်တွေအရ သူဟာ အသင်းအတွက် ဂိုးရနိုင်မယ့် အခွင့်အရေး (Chance Created) ကို အများဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကွင်းထဲမှာ ပါဝင်ကစားခွင့်ရတဲ့ မိနစ်အလိုက် တွက်ချက်ထားတာဖြစ်ပြီး အိုဒီဂတ်ဟာ လက်ရှိမှာ ၄၅.၁မိနစ်မှာ အခွင့်အရေးဖန်တီးမှု ၁ကြိမ်နှုန်း ပြုလုပ်ထားနိုင်နေပါတယ်။ သူဟာ အာဆင်နယ်အတွက် ၇၆၇မိနစ် ပါဝင်ကစားထားခဲ့ပြီးပါပြီ။ သူ့ရဲ့အနောက်မှာ အင်္ဂလန်သားဖြစ်တဲ့ စမစ်ရိုဝီက ကစားချိန်မိနစ် ၁၃၈၇ မှာ အခွင့်အရေးဖန်တီးမှု ၂၆ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ၅၃.၃မိနစ်မှာ ၁ကြိမ်နှုန်း ရှိနေပါတယ်။

အခြား အာဆင်နယ် ကစားသမားတွေဖြစ်တဲ့ ချမ်ဘာ (၅၉.၈ မိနစ်)၊ နဲလ်ဆင် (၅၄.၃ မိနစ်)၊ တီယာနေးလ် (၆၆.၂ မိနစ်) တို့ရှိနေပြီး နောက်ဆုံးမှ ရောက်လာတဲ့ အိုဒီဂတ်ကို မီတဲ့သူ မရှိပါဘူး။ ဝက်စ်ဟမ်းကို နောက်ကနေလိုက်ကစားပြီး ၃ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အိုဒီဂတ်ရဲ့ ဖန်တီးပေးပို့မှု အရည်အသွေးကို နည်းပြ အာတီတာက ” ကျွန်တော့်အထင် သူ (အိုဒီဂတ်)ဟာ အရမ်းကောင်းမွန်တဲ့ ကစားဟန်ကို ပြသနိုင်ခဲ့တာပါ။

ပွဲတစ်ပွဲကို ဘယ်လိုအနေအထားရှိနေလဲဆိုတာ သူက ချက်ချင်းသိနိုင်တဲ့ အရည်အချင်းရှိပါတယ်။ အခွင့်အရေးတွေကိုလည်း ပြိုင်ဖက်အသင်း အားနည်းတဲ့ နေရာတွေကနေ အကောင်းဆုံး ရှာဖွေဖော်ထုတ် ဖန်တီးပေးနိုင်တယ်။ သူ့ခြေထောက်ထဲမှာ ဘောလုံးအမြဲရှိချင်နေတယ်။အပြင်မှာ ရှက်ကိုးရှက်ကန်းပုံစံမျိုးဖြစ်ပေမယ့် ကွင်းထဲကို ဝင်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်တော့တာပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကယယကံရှင်ဖြစ်တဲ့ အိုဒီဂတ်ကလည်း သူ့အနေနဲ့ အာဆင်နယ်ကို ပထမဆုံး စရောက်တဲ့နေ့မှာကတည်းက ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရကြောင်း၊ ဒီနေရာမှာ အရမ်းပျော်သလို အာဆင်နယ်အသင်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိနေရတာကိုလည်း ကျေနပ်မိကြောင်း ပြောကြားထားခဲ့ပါတယ်။ အခုဆိုရင် နော်ဝေအသင်းမှာ ကွင်းလယ်ဗိုလ်ချုပ် အိုဒီဂတ်နဲ့အတူ ရှေ့တန်းမှာ ဟာလန်းလည်းရှိနေပြီဖြစ်တဲ့အတွက် ဥရောပပြိုင်ဘက်အသင်းတွေက သတိထား စောင့်ကြည့်နေကြပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကမာၻ႔ေဘာလုံးဇာတ္ခုံေပၚကို ဟာလန္းေရာက္မလာခင္ကတည္းက အရင္နာမည္ႀကီးၿပီး ေရာက္ခဲ့တဲ့ ေနာ္ဝေက ခ်ာတိတ္တစ္ေယာက္ကေတာ့ အိုဒီဂတ္ပါပဲ။ သူ႔ကို ရီးရဲလ္မက္ဒရစ္အသင္းက အျခားၿပိဳင္ဖက္အသင္းေတြထက္ လက္ဦးယူရယူၿပီး ကစားသမားအသက္ ၁၆ႏွစ္ကတည္းက ႏွစ္ရွည္ပ႐ိုစာခ်ဳပ္ခ်ဳုပ္ဆိုခဲ့တာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွား၊ ဂြၽန္ကာ႐ူး၊ ရစ္ဆီ စတဲ့ ဥေရာပေဘာလုံးစင္ျမင့္ထက္က ေနာ္ေ၀ ကစားသမားေတြရဲ႕ေခတ္အၿပီး အိုဒီဂတ္ဟာ ေနာ္ေဝႏိုင္ငံရဲ႕ အနာဂတ္ ေမွ်ာ္လင့္ခ်က္ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ သူရဲ႕ အရည္အခ်င္းနဲ႔ ပါရမီကို ရီးရဲလ္က ေနရာမေပးဘဲ အဲ့ဒီအခ်ိန္တုန္းက နာမည္ႀကီးကစားသမားေတြျဖစ္တဲ့ စီေရာ္နယ္ဒို၊ ဘင္ဇီမာ၊ ၈်ီမ္း႐ိုဒရီ၈ြက္ဇ္၊ ဂါရတ္ေဘးလ္တို႔ေၾကာင့္ အိုဒီဂတ္ဟာ ရီးရဲလ္မွာ ပြဲထြက္ကစားဖို႔ အိပ္မက္အဆင့္မွာပဲ ရွိေနခဲ့တာပါ။

ေနာက္ပိုင္းမွာေတာ့ ရီးရဲလ္က သူ႔ကို ဆိုစီဒက္အသင္းဆီ အငွားခ်လိုက္တဲ့အခ်ိန္မွာ သူဟာ သူ႔အရည္အေသြးကို စျပခြင့္ ရခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့ အိုဒီဂတ္ဟာ အဂၤလန္ေျမကို ေရာက္လာခဲၿပီး အာဆင္နယ္မွာ အခ်ိန္တိုအတြင္း အေတာ္ေလး ေျခစြမ္းျပေနတာကို ေတြ႕ရမွာပါ။ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္အေ႐ႊ႕မွာ
အာဆင္နယ္ကို အငွားစာခ်ဳပ္နဲ႔ ေရာက္လာခဲ့ၿပီး အသင္းတိုက္စစ္ပိုင္းအတြက္ ေတာက္ေလွ်ာက္ေျခစြမ္းျပ ေနခဲ့တာ အခုဆိုရင္ မွတ္တမ္းအခ်က္အလက္ေတြအရ သူဟာ အသင္းအတြက္ ဂိုးရႏိုင္မယ့္ အခြင့္အေရး (Chance Created) ကို အမ်ားဆုံး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ကြင္းထဲမွာ ပါဝင္ကစားခြင့္ရတဲ့ မိနစ္အလိုက္ တြက္ခ်က္ထားတာျဖစ္ၿပီး အိုဒီဂတ္ဟာ လက္ရွိမွာ ၄၅.၁မိနစ္မွာ အခြင့္အေရးဖန္တီးမႈ ၁ႀကိမ္ႏႈန္း ျပဳလုပ္ထားႏိုင္ေနပါတယ္။ သူဟာ အာဆင္နယ္အတြက္ ၇၆၇မိနစ္ ပါဝင္ကစားထားခဲ့ၿပီးပါၿပီ။ သူ႔ရဲ႕အေနာက္မွာ အဂၤလန္သားျဖစ္တဲ့ စမစ္႐ိုဝီက ကစားခ်ိန္မိနစ္ ၁၃၈၇ မွာ အခြင့္အေရးဖန္တီးမႈ ၂၆ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ၅၃.၃မိနစ္မွာ ၁ႀကိမ္ႏႈန္း ရွိေနပါတယ္။ အျခား အာဆင္နယ္ ကစားသမားေတြျဖစ္တဲ့ ခ်မ္ဘာ (၅၉.၈ မိနစ္)၊ နဲလ္ဆင္ (၅၄.၃ မိနစ္)၊ တီယာေနးလ္ (၆၆.၂ မိနစ္) တို႔ရွိေနၿပီး ေနာက္ဆုံးမွ ေရာက္လာတဲ့ အိုဒီဂတ္ကို မီတဲ့သူ မရွိပါဘူး။

ဝက္စ္ဟမ္းကို ေနာက္ကေနလိုက္ကစားၿပီး ၃ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ အိုဒီဂတ္ရဲ႕ ဖန္တီးေပးပို႔မႈ အရည္အေသြးကို နည္းျပ အာတီတာက ” ကြၽန္ေတာ့္အထင္ သူ (အိုဒီဂတ္)ဟာ အရမ္းေကာင္းမြန္တဲ့ ကစားဟန္ကို ျပသႏိုင္ခဲ့တာပါ။ ပြဲတစ္ပြဲကို ဘယ္လိုအေနအထားရွိေနလဲဆိုတာ သူက ခ်က္ခ်င္းသိႏိုင္တဲ့ အရည္အခ်င္းရွိပါတယ္။ အခြင့္အေရးေတြကိုလည္း ၿပိဳင္ဖက္အသင္း အားနည္းတဲ့ ေနရာေတြကေန အေကာင္းဆုံး ရွာေဖြေဖာ္ထုတ္ ဖန္တီးေပးႏိုင္တယ္။ သူ႔ေျခေထာက္ထဲမွာ ေဘာလုံးအၿမဲရွိခ်င္ေနတယ္။အျပင္မွာ ရွက္ကိုးရွက္ကန္းပုံစံမ်ိဳးျဖစ္ေပမယ့္ ကြင္းထဲကို ဝင္လိုက္ၿပီဆိုတာနဲ႔ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို ျပသႏိုင္ေတာ့တာပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ကယယကံရွင္ျဖစ္တဲ့ အိုဒီဂတ္ကလည္း သူ႔အေနနဲ႔ အာဆင္နယ္ကို ပထမဆုံး စေရာက္တဲ့ေန႔မွာကတည္းက ကိုယ့္အိမ္ကိုယ့္ယာလို ခံစားရေၾကာင္း၊ ဒီေနရာမွာ အရမ္းေပ်ာ္သလို အာဆင္နယ္အသင္း အစိတ္အပိုင္းတစ္ခုအေနနဲ႔ ရွိေနရတာကိုလည္း ေက်နပ္မိေၾကာင္း ေျပာၾကားထားခဲ့ပါတယ္။ အခုဆိုရင္ ေနာ္ေဝအသင္းမွာ ကြင္းလယ္ဗိုလ္ခ်ဳပ္ အိုဒီဂတ္နဲ႔အတူ ေရွ႕တန္းမွာ ဟာလန္းလည္းရွိေနၿပီျဖစ္တဲ့အတြက္ ဥေရာပၿပိဳင္ဘက္အသင္းေတြက သတိထား ေစာင့္ၾကည့္ေနၾကပါၿပီ။