
photo-daily mail
photo-reuters
၀က်ဖို့ဒ်ကို ပြဇာတ်ဆန်ဆန်အနိုင်ရခဲ့တဲ့ အင်္ဂါညပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ဆုံးမိနစ်အနိုင်ဂိုးဟာ သူ့ဂိုးမဟုတ်ကြောင်း သိလိုက်ရချိန် အက်စ်တွန်ဗီလာနောက်ခံလူကွန်ဆာတစ်ယောက် အသည်းကွဲသွားခဲ့ပါတယ်။ တန်းဆင်းဇုန်တိုက်ပွဲဖြစ်တဲ့ အဲဒီပွဲမှာ ဧည့်သည်ဝက်ဖို့ဒ်က ဦးဆောင်ဂိုးစသွင်းခဲ့တာဖြစ်ပြီး ဗီလာအနေနဲ့ ဒုတိယပိုင်းမှာ အစွမ်းကုန်ပြန်ရုန်းခဲ့ကာ ချေပဂိုးသွင်းနိုင်ခဲ့တဲ့အပြင် နာကျင်အချိန်ပိုမှာ ကွန်ဆာရဲ့သွင်းယူမှုနဲ့ အနိုင်ဂိုးရခဲ့ပြီး ဒီပွဲရဲ့နောက်ဆုံးကန်ချက်လည်း ဖြစ်ခဲ့တာပါ။
photo-sky sports
ဒါပေမဲ့ သူသွင်းလိုက်တာဟာ ဗဟိုခံစစ်ကစားဖော်တိုင်ရွန်မင်ရဲ့ခြေထောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်လို့ တိုင်ရွန်မင်ရဲ့ဂိုးလို့သာ အသိအမှတ်ပြုခံခဲ့ရပါတယ်။ အဲဒီအကြောင်းကို ဂျာနယ်လစ်တွေနဲ့ အင်တာဗျူးမလုပ်ခင် ကွန်ဆာတစ်ယောက်သိလိုက်ရချိန်မှာ မျက်နှာကို လက်နဲ့အုပ်ပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီးနောက်”ကျွန်တော် အသည်းကွဲသွားတယ်ဗျာ။ လုံးဝကို အသည်းကွဲသွားတာပါ”လို့ ဝန်ခံလိုက်ပါတယ်။
The moment Ezri Konsa found out his last minute winner was actually scored by Tyrone Mings…
🗣I'm absolutely heartbroken" 💔 pic.twitter.com/yHPvUwenNP
— Football Daily (@footballdaily) January 21, 2020
၂၂ နှစ်အရွယ် ကွန်ဆာဟာ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို ရရှိခဲ့ပြီလို့ ထင်ခဲ့လိုက်တာပါ။ နောက်ဆုံးတော့ သူ့ဂိုးမဟုတ်မှန်းသိရလို့ အသည်းကွဲခဲ့ရပေမယ့် အကောင်းဘက်ကတွေးပြီး “အနည်းဆုံးတော့ ကျွန်တော်တို့အနိုင်ရခဲ့တာပဲလေ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ ကွန်ဆာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းနဲ့ ဘရန့်ဖို့ဒ်ကနေ ရောက်လာခဲ့တာပါ။
[Zawgyi]
ေနာက္ဆုံးမိနစ္အႏိုင္ဂိုးက သူ႔ဂိုးမဟုတ္လုိ႔ အသည္းကြဲသြားတဲ့ ဗီလာေနာက္ခံလူကြန္ဆာ
၀က္ဖုိ႔ဒ္ကုိ ျပဇာတ္ဆန္ဆန္အႏိုင္ရခဲ့တဲ့ အဂၤါညပရီးမီးယားလိဂ္ပြဲစဥ္မွာ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးဟာ သူ႔ဂိုးမဟုတ္ေၾကာင္း သိလိုက္ရခ်ိန္ အက္စ္တြန္ဗီလာေနာက္ခံလူကြန္ဆာတစ္ေယာက္ အသည္းကြဲသြားခဲ့ပါတယ္။ တန္းဆင္းဇုန္တိုက္ပြဲျဖစ္တဲ့ အဲဒီပြဲမွာ ဧည့္သည္၀က္ဖို႔ဒ္က ဦးေဆာင္ဂိုးစသြင္းခဲ့တာျဖစ္ၿပီး ဗီလာအေနနဲ႔ ဒုတိယပိုင္းမွာ အစြမး္ကုန္ျပန္ရုန္းခဲ့ကာ ေခ်ပဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ နာက်င္အခ်ိန္ပိုမွာ ကြန္ဆာရဲ႕သြင္းယူမႈနဲ႔ အႏိုင္ဂိုးရခဲ့ၿပီး ဒီပြဲရဲ႕ေနာက္ဆုံးကန္ခ်က္လည္း ျဖစ္ခဲ့တာပါ။
ဒါေပမဲ့ သူသြင္းလုိက္တာဟာ ဗဟိုခံစစ္ကစားေဖာ္တိုင္ရြန္မင္ရဲ႕ေျခေထာက္နဲ႔ထိၿပီး ဂိုး၀င္သြားခဲ့တာျဖစ္လုိ႔ တိုင္ရြန္မင္ရဲ႕ဂိုးလုိ႔သာ အသိအမွတ္ျပဳခံခဲ့ရပါတယ္။ အဲဒီအေၾကာင္းကုိ ဂ်ာနယ္လစ္ေတြနဲ႔ အင္တာဗ်ဴးမလုပ္ခင္ ကြန္ဆာတစ္ေယာက္သိလိုက္ရခ်ိန္မွာ မ်က္ႏွာကို လက္နဲ႔အုပ္ၿပီး ၾကမ္းျပင္ေပၚထိုင္ခ်လိုက္ၿပီးေနာက္”ကၽြန္ေတာ္ အသည္းကြဲသြားတယ္ဗ်ာ။ လုံး၀ကုိ အသည္းကြဲသြားတာပါ”လို႔ ၀န္ခံလိုက္ပါတယ္။
၂၂ ႏွစ္အရြယ္ ကြန္ဆာဟာ သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုးကုိ ရရွိခဲ့ၿပီလုိ႔ ထင္ခဲ့လိုက္တာပါ။ ေနာက္ဆုံးေတာ့ သူ႔ဂိုးမဟုတ္မွန္းသိရလုိ႔ အသည္းကြဲခဲ့ရေပမယ့္ အေကာင္းဘက္ကေတြးၿပီး “အနည္းဆုံးေတာ့ ကၽြန္ေတာ္တို႔အႏုိင္ရခဲ့တာပဲေလ”လုိ႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ကြန္ဆာဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကမွ ေျပာင္းေရႊ႕ေၾကးေပါင္ ၁၂ သန္းနဲ႔ ဘရန္႔ဖို႔ဒ္ကေန ေရာက္လာခဲ့တာပါ။