





အုပ်စု (A)မှာ အဆုံးအဖြတ်ပွဲဖြစ်တဲ့ အီကွေဒေါနဲ့ ဆီနီဂေါတို့ရဲ့ပွဲမှာတော့
ဆီနီဂေါအသင်းက အကြိတ်အနယ်ကစားပြီး (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့်





နောက်တစ်ဆင့်တက်ခွင့် ပိုင်ဆိုင်သွားပါတယ်။ အီကွေဒေါအသင်းဟာ
အဖွင့်ပွဲမှာ ကာတာကို အနိုင်ယူ၊ ဥရောပထိပ်သီး နယ်သာလန်နဲ့
(၁-၁)ဂိုးစီသရေရအောင် ကစားနိုင်ခဲ့ပြီး အခုပွဲမှာ သရေတစ်မှတ်ရရုံနဲ့





အုပ်စုကတက်မှာဖြစ်ပေမယ့်လည်း အဲဒီအခွင့်အရေးကောင်းကို
လက်လွှတ်လိုက်ရပါတယ်။ ရှေ့ပွဲတွေမှာ ခြေစွမ်းပြပြီး (၃)ဂိုးသွင်းခဲ့တဲ့





အီကွေဒေါဝါရင့်တိုက်စစ်မှူးကြီး အန်နာဗလင်စီယာဟာ သူ့အသင်းကို
အုပ်စုကတက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ပထမပိုင်းပြီးခါနီးမှာ
ဆီနီဂေါတို့ ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အစ္စမိုင်လာဆားက အမှားအယွင်းမရှိ





ကန်သွင်းခဲ့ပါတယ်။ (၆၇)မိနစ်မှာ ထောင့်ကန်ဘောကနေ
ဖိလစ်တောရက်စ် ခေါင်းတိုက်ချပေးတာကို ဂိုးရှေ့မှာ အသင့်ရှိနေတဲ့





ကိုင်စီဒိုက ပိတ်သွင်းပြီး အီကွေဒေါအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။
ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ဆီနီဂေါတို့ အနိုင်ဂိုးရခဲ့ပြီး ပယ်နယ်တီ
ဧရိယာအတွင်း အီကွေဒေါကစားသမားတစ်ဦး ရှင်းထုတ်လိုက်တဲ့





ဘောလုံးက ကူလီဘလီရှေ့ကို ရောက်သွားတာကြောင့် ကူလီဘလီက
ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ အီကွေဒေါအသင်း





ချေပဂိုးရဖို့ တိုက်စစ်ဆင်ခဲ့ပေမယ့် ဆီနီဂေါအသင်းက ဂိုးမပေးရအောင်
ထိန်းကစားသွားလို့ (၂-၁)ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ၁၉၉၀ ကမ္ဘာ့ဖလားတုန်းက
ကိုလံဘီယာကို ကင်မရွန်းအသင်း အနိုင်ယူပြီးနောက်ပိုင်း





တောင်အမေရိကအသင်းတွေနဲ့ ဆုံတွေ့တိုင်း အာဖရိကအသင်းတွေဟာ
နိုင်ပွဲမရတော့ဘဲ (၁၇)ပွဲရှုံး၊ (၄)ပွဲသရေကျခဲ့ပေမယ့် အခု (၂၂)ပွဲမြောက်မှာ





ဆီနီဂေါအသင်းက အဲဒီမှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပြီး
နှစ်ပေါင်း(၃၀)ကျော်အတွင်း တောင်အမေရိကအသင်းကို အနိုင်ရခဲ့တဲ့
ပထမဆုံး အာဖရိကလက်ရွေးစင်အသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။





ဆီနီဂေါအသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်
တက်ရောက်ခဲ့ပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် အုပ်စုကနေ





တက်ခွင့်ရခဲ့တာဖြစ်ပြီး အီကွေဒေါအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ
(၂)ကြိမ်ဆက် အုပ်စုအဆင့်က ထွက်ခဲ့ရပါတယ်။





zawgyi
ေနာက္ဆုံးပြဲမွာ အီေကြေဒါကို အႏိုင္ယူၿပီး ရႈံးထြက္(၁၆)သင္းအဆင့္ တက္ခြင့္ရရွိသြားတဲ့ ဆီနီေဂါ





အုပ္စု (A)မွာ အဆုံးအျဖတ္ပြဲျဖစ္တဲ့ အီေကြေဒါနဲ႔ ဆီနီေဂါတို႔ရဲ႕ပြဲမွာေတာ့
ဆီနီေဂါအသင္းက အႀကိတ္အနယ္ကစားၿပီး (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္
ေနာက္တစ္ဆင့္တက္ခြင့္ ပိုင္ဆိုင္သြားပါတယ္။ အီေကြေဒါအသင္းဟာ





အဖြင့္ပြဲမွာ ကာတာကို အႏိုင္ယူ၊ ဥေရာပထိပ္သီး နယ္သာလန္နဲ႔
(၁-၁)ဂိုးစီသေရရေအာင္ ကစားႏိုင္ခဲ့ၿပီး အခုပြဲမွာ သေရတစ္မွတ္ရ႐ုံနဲ႔





အုပ္စုကတက္မွာျဖစ္ေပမယ့္လည္း အဲဒီအခြင့္အေရးေကာင္းကို
လက္လႊတ္လိုက္ရပါတယ္။ ေရွ႕ပြဲေတြမွာ ေျခစြမ္းျပၿပီး (၃)ဂိုးသြင္းခဲ့တဲ့
အီေကြေဒါဝါရင့္တိုက္စစ္မႉးႀကီး အန္နာဗလင္စီယာဟာ သူ႔အသင္းကို





အုပ္စုကတက္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ပထမပိုင္းၿပီးခါနီးမွာ
ဆီနီေဂါတို႔ ပယ္နယ္တီကန္ခြင့္ရခဲ့ၿပီး အစၥမိုင္လာဆားက အမွားအယြင္းမရွိ





ကန္သြင္းခဲ့ပါတယ္။ (၆၇)မိနစ္မွာ ေထာင့္ကန္ေဘာကေန
ဖိလစ္ေတာရက္စ္ ေခါင္းတိုက္ခ်ေပးတာကို ဂိုးေရွ႕မွာ အသင့္ရွိေနတဲ့
ကိုင္စီဒိုက ပိတ္သြင္းၿပီး အီေကြေဒါအတြက္ ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။





ဒါေပမဲ့ မိနစ္ပိုင္းအၾကာမွာပဲ ဆီနီေဂါတို႔ အႏိုင္ဂိုးရခဲ့ၿပီး ပယ္နယ္တီ
ဧရိယာအတြင္း အီေကြေဒါကစားသမားတစ္ဦး ရွင္းထုတ္လိုက္တဲ့





ေဘာလုံးက ကူလီဘလီေရွ႕ကို ေရာက္သြားတာေၾကာင့္ ကူလီဘလီက
ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ လက္က်န္မိနစ္ေတြမွာ အီေကြေဒါအသင္း
ေခ်ပဂိုးရဖို႔ တိုက္စစ္ဆင္ခဲ့ေပမယ့္ ဆီနီေဂါအသင္းက ဂိုးမေပးရေအာင္





ထိန္းကစားသြားလို႔ (၂-၁)ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။ ၁၉၉၀ ကမာၻ႔ဖလားတုန္းက
ကိုလံဘီယာကို ကင္မ႐ြန္းအသင္း အႏိုင္ယူၿပီးေနာက္ပိုင္း





ေတာင္အေမရိကအသင္းေတြနဲ႔ ဆုံေတြ႕တိုင္း အာဖရိကအသင္းေတြဟာ
ႏိုင္ပြဲမရေတာ့ဘဲ (၁၇)ပြဲရႈံး၊ (၄)ပြဲသေရက်ခဲ့ေပမယ့္ အခု (၂၂)ပြဲေျမာက္မွာ
ဆီနီေဂါအသင္းက အဲဒီမွတ္တမ္းဆိုးကို အဆုံးသတ္ႏိုင္ခဲ့ၿပီး





ႏွစ္ေပါင္း(၃၀)ေက်ာ္အတြင္း ေတာင္အေမရိကအသင္းကို အႏိုင္ရခဲ့တဲ့
ပထမဆုံး အာဖရိကလက္ေ႐ြးစင္အသင္းအျဖစ္ မွတ္တမ္းဝင္သြားပါတယ္။





ဆီနီေဂါအသင္းဟာ ၂၀၀၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္
တက္ေရာက္ခဲ့ၿပီးတဲ့ေနာက္ ဒုတိယအႀကိမ္ေျမာက္ အုပ္စုကေန
တက္ခြင့္ရခဲ့တာျဖစ္ၿပီး အီေကြေဒါအသင္းကေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲ





(၂)ႀကိမ္ဆက္ အုပ္စုအဆင့္က ထြက္ခဲ့ရပါတယ္။