
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၀၂၀-၂၁ စပိန်လာလီဂါနောက်ဆုံးပွဲစဉ်ကတော့ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ ၂သင်းအတွက် အတော်လေး ရန်ခုန်စရာကောင်းခဲ့ပါတယ်။
အက်သလက်တီကိုက ၂မှတ်အသာရနေခဲ့တဲ့အတွက် အပေါ်စီးကနေ ကစားရတာဆိုပေမယ့် သူတို့ ရင်ဆိုင်ရတဲ့ ဗယ်လာဒိုးလစ်ကလည်း တန်းမဆင်း၇ဖို့အတွက် အမှတ်လိုတာကြောင့် အသည်းအသန်ခံကန်ခဲ့တာပါ။
တိုက်ဆိုင်တာကတော့ ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ ၂သင်းစလုံးဟာ ၁ဂိုးအရှုံး အနေအထားတွေကနေ လိုက်ကစားခဲ့ရတာပါပဲ။ ဂိုးစပေးလိုက်ရတဲ့ အချိန်တွေကလည်း သိပ်မကွာဘဲ ပထမပိုင်း ၁၈မိနစ်နဲ့ မိနစ် ၂၀တွေမှာ အသီးသီး အသွင်းခံခဲ့ရတာပါ။
ချန်ပီယံဆူအတွက် အောင်ပွဲဆာလောင်နေတဲ့ အက်သလက်တီကိုဟာ ဂိုးပေးလိုက်ရပြီးနောက်ပိုင်း တောက်လျှောက် တိုက်စစ်ပြန်ဆင်ကစားသွားခဲ့ပြီး ဒုတိယပိုင်းမှာ ကော်ရီရာနဲ့ ဆွာရက်ဇ်တို့က ချေပ၈ိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းပြီး ချန်ပီယံဖြစ်ဖို့ သေချာအောင် လုပ်ပေးခဲ့တာပါ။
အက်သလက်တီကို ဂိုးတွေရတဲ့အချိန်မှာ ရီးရဲလ်က ဗီလာရီးရဲလ်ကို ရှုံးနေတုန်းဖြစ်ပြီး တီကိုနိုင်တာနဲ့ ရီးရဲလ်အနိုင်အရှုံးက ဘာမှအရေးမပါတော့ပေမယ့် လက်ရှိချန်ပီယံပီပီ စိတ်ဓါတ်အကောင်းဆုံးပုံစံပြသခဲ့တာကတော့ ချီးကျူးရမှာပါ။
ပွဲပြီးခါနီး ၈၇မိနစ်မှာ ဘင်ဇီမားနဲ့ မိနစ် ၉၀မှာ မိုဒရစ်တို့က ဂိုးတွေ ဆက်တိုက်သွင်းယူပြီး အနိုင်ရအောင် ကစားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ မက်ဒရစ် ၂သင်းစလုံးအနိုင်ရခဲ့ပြီး အက်သလက်တီကိုက ၂မှတ်အသာနဲ့ ချန်ပီယံဆုကို ရရှိခဲ့တာပါ။
အက်သလက်တီကိုအနေနဲ့ အသင်းသမိုင်းတစ်လျှောက်မှာ ၁၁ကြိမ်မြောက် ချန်ပီယံဖြစ်တာလည်း ဖြစ်ပါတယ်။
၂၀၁၃-၁၄ ဘောလုံးရာသီနောက်ပိုင်း တစ်ကျော့ပြန် ဗိုလ်စွဲခဲ့တာလည်းဖြစ်ပြီး အက်သလက်တီကိုအသင်းရဲ့ ချန်ပီယံဖြစ်တဲ့ လမ်းကြောင်းမှာ အဓိကဂိုးသွင်းတဲ့ တိုက်စစ်မှုးဆွာရက်ဇ်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့ပါတယ်။
၂၀၂၀-၂၁ လာလီဂါဘောလုံးရာသီကို အနှစ်ချုပ်လိုက်ရမယ်ဆိုရင် ချန်ပီယံလိ၈်ဝင်ခွင့်အတွက် အက်သလက်တီကို၊ ရီးရဲလ်၊ ဘာစီလိုနာ၊ ဆီဗီလာ။ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ဆိုစီဒက်၊ ဘက်တစ်နဲ့ ဗီလာရီးရဲလ်တု့ ဝင်ခွင့်၇ရှိခဲ့ကြပြီး ဟူအက်စ်ကာ၊ ဗယ်လာဒိုးလစ်နဲ့ အီဘာတို့ တန်းဆင်းသွားခဲ့ရပါတယ်။
၈ိုးသွင်းဘုရင်ဆုကိုတော့ ဒီရာသီမှာ အမှတ်ပေးလိဂ် ဂိုး ၃၀ သွင်းယူထားတဲ့ မက်ဆီက ရရှိခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေနာက္ဆုံးပြဲစဥ္အထိ အႀကိတ္အနယ္ရွိခဲ့ၿပီး အက္သလက္တီကို တစ္ေက်ာ့ျပန္ခ်န္ပီယံျဖစ္ခဲ့တဲ့ လာလီဂါ
၂၀၂၀-၂၁ စပိန္လာလီဂါေနာက္ဆုံးပြဲစဥ္ကေတာ့ ခ်န္ပီယံဆုအတြက္ အၿပိဳင္ျဖစ္ေနတဲ့ ရီးရဲလ္နဲ႔ အက္သလက္တီကိုတို႔ ၂သင္းအတြက္ အေတာ္ေလး ရန္ခုန္စရာေကာင္းခဲ့ပါတယ္။ အက္သလက္တီကိုက ၂မွတ္အသာရေနခဲ့တဲ့အတြက္ အေပၚစီးကေန ကစားရတာဆိုေပမယ့္ သူတို႔ ရင္ဆိုင္ရတဲ့ ဗယ္လာဒိုးလစ္ကလည္း တန္းမဆင္း၇ဖို႔အတြက္ အမွတ္လိုတာေၾကာင့္ အသည္းအသန္ခံကန္ခဲ့တာပါ။
တိုက္ဆိုင္တာကေတာ့ ရီးရဲလ္နဲ႔ အက္သလက္တီကိုတို႔ ၂သင္းစလုံးဟာ ၁ဂိုးအရႈံး အေနအထားေတြကေန လိုက္ကစားခဲ့ရတာပါပဲ။ ဂိုးစေပးလိုက္ရတဲ့ အခ်ိန္ေတြကလည္း သိပ္မကြာဘဲ ပထမပိုင္း ၁၈မိနစ္နဲ႔ မိနစ္ ၂၀ေတြမွာ အသီးသီး အသြင္းခံခဲ့ရတာပါ။
ခ်န္ပီယံဆူအတြက္ ေအာင္ပြဲဆာေလာင္ေနတဲ့ အက္သလက္တီကိုဟာ ဂိုးေပးလိုက္ရၿပီးေနာက္ပိုင္း ေတာက္ေလွ်ာက္ တိုက္စစ္ျပန္ဆင္ကစားသြားခဲ့ၿပီး ဒုတိယပိုင္းမွာ ေကာ္ရီရာနဲ႔ ဆြာရက္ဇ္တို႔က ေခ်ပ၈ိုးနဲ႔ အႏိုင္ဂိုးေတြ ျပန္သြင္းၿပီး ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာေအာင္ လုပ္ေပးခဲ့တာပါ။
အက္သလက္တီကို ဂိုးေတြရတဲ့အခ်ိန္မွာ ရီးရဲလ္က ဗီလာရီးရဲလ္ကို ရႈံးေနတုန္းျဖစ္ၿပီး တီကိုႏိုင္တာနဲ႔ ရီးရဲလ္အႏိုင္အရႈံးက ဘာမွအေရးမပါေတာ့ေပမယ့္ လက္ရွိခ်န္ပီယံပီပီ စိတ္ဓါတ္အေကာင္းဆုံးပုံစံျပသခဲ့တာကေတာ့ ခ်ီးက်ဴးရမွာပါ။ ပြဲၿပီးခါနီး ၈၇မိနစ္မွာ ဘင္ဇီမားနဲ႔ မိနစ္ ၉၀မွာ မိုဒရစ္တို႔က ဂိုးေတြ ဆက္တိုက္သြင္းယူၿပီး အႏိုင္ရေအာင္ ကစားခဲ့ပါတယ္။
ေနာက္ဆုံးမွာေတာ့ မက္ဒရစ္ ၂သင္းစလုံးအႏိုင္ရခဲ့ၿပီး အက္သလက္တီကိုက ၂မွတ္အသာနဲ႔ ခ်န္ပီယံဆုကို ရရွိခဲ့တာပါ။ အက္သလက္တီကိုအေနနဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္မွာ ၁၁ႀကိမ္ေျမာက္ ခ်န္ပီယံျဖစ္တာလည္း ျဖစ္ပါတယ္။ ၂၀၁၃-၁၄ ေဘာလုံးရာသီေနာက္ပိုင္း တစ္ေက်ာ့ျပန္ ဗိုလ္စြဲခဲ့တာလည္းျဖစ္ၿပီး အက္သလက္တီကိုအသင္းရဲ႕ ခ်န္ပီယံျဖစ္တဲ့ လမ္းေၾကာင္းမွာ အဓိကဂိုးသြင္းတဲ့ တိုက္စစ္မႈးဆြာရက္ဇ္ရဲ႕ အခန္းက႑ကလည္း အေရးပါခဲ့ပါတယ္။
၂၀၂၀-၂၁ လာလီဂါေဘာလုံးရာသီကို အႏွစ္ခ်ဳပ္လိုက္ရမယ္ဆိုရင္ ခ်န္ပီယံလိ၈္ဝင္ခြင့္အတြက္ အက္သလက္တီကို၊ ရီးရဲလ္၊ ဘာစီလိုနာ၊ ဆီဗီလာ။ ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ ဆိုစီဒက္၊ ဘက္တစ္နဲ႔ ဗီလာရီးရဲလ္တု႔ ဝင္ခြင့္၇ရွိခဲ့ၾကၿပီး ဟူအက္စ္ကာ၊ ဗယ္လာဒိုးလစ္နဲ႔ အီဘာတို႔ တန္းဆင္းသြားခဲ့ရပါတယ္။ ၈ိုးသြင္းဘုရင္ဆုကိုေတာ့ ဒီရာသီမွာ အမွတ္ေပးလိဂ္ ဂိုး ၃၀ သြင္းယူထားတဲ့ မက္ဆီက ရရွိခဲ့ပါတယ္။