နောက်ဆုံးတော့ ယူနိုက်တက်ရဲ့ဂန္ထဝင်နံပါတ်(၇)က ပိုင်ရှင်အစစ်အမှန်ဆီ ပြန်လည်ရောက်ရှိခဲ့ပါပြီ. . .

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

မန်ချက်စတာယူနိုက်တက်အသင်းဆီ တစ်ကျော့ပြန်ရောက်ရှိလာတဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ ပရိသတ်တွေမျှော်လင့်နေတဲ့အတိုင်းပဲ သူ့အရင်ကျောနံပါတ်ဖြစ်တဲ့ နံပါတ်(၇)ဂျာစီကို ပြန်လည်ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ယူနိုက်တက်နဲ့တရားဝင်စာချုပ်ချုပ်ဆိုခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ နံပါတ်ဘယ်လောက်ဝတ်ဆင်မလဲဆိုတာ ပရိသတ်တွေသာမက မီဒီယာတွေကပါ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပြီး

အခုအချိန်မှာတော့ သူနဲ့ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းဖြစ်သလို ကလပ်အသင်းဖော်လည်းဖြစ်တဲ့ ကာဗာနီက သူဝတ်ဆင်နေတဲ့ ကျောနံပါတ်(၇)ကို စီရော်နယ်လ်ဒိုဆီလွှဲပြောင်းပေးခဲ့ပြီးတော့ ဒန်နီယဲလ်ဂျိမ်းစ်မရှိတော့တဲ့နောက် လစ်လပ်သွားတဲ့ ကျောနံပါတ်(၂၁)ကို ပြောင်းလဲဝတ်ဆင်သွားမှာပါ။

ကာဗာနီဟာ နိုင်ငံလက်ရွေးစင်အသင်းမှာ ကျောနံပါတ်(၂၁)ဝတ်ဆင်နေတာကြောင့် သူ့အတွက် ဒီနံပါတ်က အရမ်းအစိမ်းသက်သက်တော့မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ရာသီက PSG အသင်းနဲ့စာချုပ်ကုန်ဆုံးလို့ ယူနိုက်တက်အသင်းဆီရောက်ရှိခဲ့တဲ့ ကာဗာနီဟာ ကျောနံပါတ်(၇)ကို တစ်ရာသီသာဝတ်ဆင်ခွင့်ရခဲ့ပေမယ့် စီရော်နယ်လ်ဒို ခေတ်လွန်နောက်ပိုင်း

သူ့ထက်အရင့်အရင် နာမည်ကျော်ကစားသမားတွေထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်။

စီရော်နယ်လ်ဒို ယူနိုက်တက်နဲ့ပထမအကြိမ်လမ်းခွဲခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ နံပါတ်(၇)ကို အိုဝင်၊ ဗလင်စီယာ၊ ဒီမာရီယာ၊ ဒီပိုင်း၊ အလက်ဆစ်ဆန်းချက်ဇ်စတဲ့ကစားသမားတွေဝင်ဆင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ တစ်ယောက်မှ ဆယ်ဂိုးပြည့်အောင်တောင် မသွင်းနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ရာသီက ကာဗာနီဟာ ပရီးမီးယားလိဂ်မှာ (၁၃)ဂိုး၊ ပြိုင်ပွဲစုံ(၁၈)ဂိုးအထိသွင်းယူခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်(၂၈ဂိုး)၊ ရပ်ရှ်ဖို့ဒ်(၂၁ဂိုး)တို့ပြီးရင် ပြိုင်ပွဲစုံတတိယမြောက်သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်ခဲ့တာပါ။

ကာဗာနီအနေနဲ့ ဆန်ချိုကို ခေါ်ယူခဲ့တုန်းက နံပါတ်(၇)ပေးဖို့ငြင်းဆန်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုကတော့ သူ့ထက် ဆုဖလားအောင်မြင်မှုအရရော၊ တစ်ဦးချင်းအောင်မြင်မှုမှတ်တမ်းမှာ သာလွန်နေတဲ့အပြင်

ပုဂ္ဂိုလ်ရေးအရ ခင်မင်လေးစားရတဲ့သူဖြစ်နေတာကြောင့် နံပါတ်(၇)ကို လွှဲပြောင်းပေးခဲ့တာလို့လည်းပြောရမှာဖြစ်ပါတယ်။

အမှန်အတိုင်းပြောရရင်လည်း ယူနိုက်တက်အသင်းမှာ စီရော်နယ်လ်ဒိုအတွက်အထိုက်တန်ဆုံးနဲ့ အဖြစ်သင့်ဆုံးနံပါတ်ကလည်း ကျောနံပါတ်(၇)ပါပဲ။

ကျောနံပါတ်(၇)ကို လွှဲပြောင်းရယူခွင့်ရရှိခဲ့တဲ့အတွက် စီရော်နယ်လ်ဒိုက “ယူနိုက်တက်အသင်းမှာ နံပါတ်(၇)ပြန်ဝတ်ခွင့်ရမယ်လို့ ကျွန်တော် သေချာပေါက်အာမ,မခံရဲခဲ့ပါဘူး။

အခုလို ဂုဏ်ယူလေးစားဖို့ကောင်းတဲ့အပြုအမူမျိုး လုပ်ဆောင်ခဲ့တဲ့အတွက် ကာဗာနီကိုလည်း အများကြီးကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်နောက်ပိုင်း (၁၂)နှစ်တာကာလအတွင်း ယူနိုက်တက်အသင်းရဲ့ကျိန်စာသင့်နံပါတ်လို့တောင် သတ်မှတ်ထားရတဲ့ ကျောနံပါတ်(၇)ကတော့ အခုဆိုရင် ပိုင်ရှင်အစစ်အမှန်ဆီ ပြန်လည်ရောက်ရှိလာပါပြီ။

ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် ကျောနံပါတ်(၇)ဝတ်ဆင်ကစားခဲ့တဲ့ ကစားသမားတစ်ဦး အသင်းကို ပြန်ရောက်ချိန်မှာ နံပါတ်(၇)ပဲပြန်ဝတ်ခွင့်ရတာက ဒါပထမဆုံးအကြိမ်ပါပဲ။

တစ်ချိန်က ယူနိုက်တက်အသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေ ရယူခဲ့တဲ့ စီရော်နယ်လ်ဒိုတစ်ယောက် အခုတစ်ကြိမ်မှာလည်း ကျောနံပါတ်(၇)နဲ့အတူ အောင်မြင်မှုတွေထပ်ယူနိုင်မလားဆိုတာကတော့ . . . .

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi





